Sharp က Aquos S3 ကို Android One Version အဖြစ် ထုတ်လုပ်ရန်ရှိ
0
1393
Zawgyi version
Unicode version
Aquos S3 ကိုမှ notch (ဂျို)ပါတဲ့ ဒီဇိုင်းကို ထိုင်ဝမ်မှာ မတ်လလောက်ကကြော်ငြာခဲ့တာဖြစ်ပါတယ်။ ခုတော့ သူ့ကိုတောင်ကိုရီးယား SK Telecom မှာရနိုင်နေပြီဖြစ်ပါတယ်။ Sharp က တောင်ကိုရီးယားနိုင်ငံအတွက် Aquos S3ကို Android One version နဲ့ထုတ်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဖုန်းတော်တော် များများ ကတော့ Android 8.1 Oreo ပေါ်မှာ run နေကြတာပဲဖြစ်ပါတယ်။ ခုဖုန်းကိုတော့ Sharp ရဲ့ Smile UI ပေါ်မှာ အလုပ်လုပ်မဲ့ Android 8.1 Oreo မှာ run မှာပဲ ဖြစ်ပါတယ်။
S3 နဲ့ Android One logo ရဲဲ့ screenshot တွေကြောင့် အပေါ်မှာ ပြောခဲ့တဲ့ အချက်အလက်တွေက တရားဝင်လို့ ထင်ရပါတယ်။ Android One ရဲ့ page မှာတော့ လက်ရှိတော့မမြင်ရနိုင်သေးပေမဲ့ နောင်မြင်ရဖို့အလားအလာရှိပါတယ်။
Sharp က Android One စမတ်ဖုန်းကိုကြော်ငြာတာက ခုအကြိမ်က ပထမဦးဆုံးအကြိမ်မဟုတ်ပါဘူး။ ဇန်နဝါရီလမှာ မိတ်ဆက်ခဲ့တဲ့ Sharp ရဲ့ စွမ်းဆောင်ရည်နိမ့်တဲ့ Android ဖြစ်တဲ့ Android One S3 ကတော့ ဂျပန်နိုင်ငံမှာပဲရနိုင်သေးတာဖြစ်ပါတယ်။
နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင်တော့ Aquos S3 ကတော်တော်များများ ပိုသာနေတာကို တွေ့ရမှာပါ။ Feature တွေအနေနဲ့ ပြောရမယ်ဆိုရင် screen size က 6.0 ဖြစ်ပြီး ratio 18:9 နဲ့ resolution ကတော့ 2,160 x 1,080 ပဲဖြစ်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်ဖြင့် dual သုံးထားပြီး 12MP နဲ့ 13MP ရှိပါတယ်။ Snapdragon 630 chipset ကိုသုံးထားပြီး RAM က 6GB နဲ့ Storage ကတော့ 64 GB ဖြစ်ပါတယ်။ ဘက်ထရီကတော့ အသေဖြစ်ပြီးတော့ 3200mAh ပါဝင်ပါတယ်။
Aquos S3 ကို Asia-Pacific လောက်ထိပဲထုတ်ဖို့ရည်ရွယ် ထားတာဖြစ်လို့ တစ်ခြားနိုင်ငံတော်တော်များများထိ မိတ်မဆက်တော့တာဖြစ်ပါတယ်။
Leave a Reply