Notch hater လေးတွေအတွက် notch (ဂျို)နည်းတဲ့ ဖုန်းအမျိုးအစားလေးတွေ
0
1688
Maker:0x4c,Date:2017-9-25,Ver:4,Lens:Kan03,Act:Lar01,E-Y
Zawgyi version
Google Pixel 2 XL
Image result for Google Pixel 2 XL
Specs
  • 4GB of RAM
  • Android 8.0 Oreo
  • 157.9 x 76.7 x 7.9mm, 175g
Samsung Galaxy Note 8
Image result for Samsung Galaxy Note 8
Specs
  • 6GB of RAM
  • Android 7.1.1 Nougat
  • 162.5 x 74.8 x 8.6mm, 195g
Huawei Mate 10 Pro
Specs
  • Kirin 970 chipset
  • 4/6GB of RAM
  • Android 8.0 Oreo
  • 156.6 x 73.9 x 8.7mm, 188g
Specs
Samsung Galaxy S9
  • Snapdragon 845
  • 4GB of RAM
  • Android 8.0 Oreo
  • 147.7 x 68.7 x 8.5mm, 163g
Related image
Samsung Galaxy S9 Plus
  • Snapdragon 845
  • 6GB of RAM
  • Android 8.0 Oreo
  • 158.1 x 73.8 x 8.5mm, 189g
Xiaomi Mi Mix 2S
Image result for mi mix 2s
Specs
  • 6/8GB of RAM
  • Android 8.0 Oreo
  • 150.9 x 74.9 x 8.1mm, 191g
Unicode version
ခုခေတ် စမတ်ဖုန်း ကုမ္ပဏီတော်တော်များများက သူတို့ရဲ့ စမတ်ဖုန်းတွေကို screen အပြည့်ပေါ်အောင်အတွက် notch (ဂျို)တွေကို အသုံးများလာကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ စစ်တမ်းကောက်ကြည့်ပြန်တော့လဲ တစ်ချို့သူတွေကတော့ အဲ့ ဒီဇိုင်းကိုမှ မုန်းတာပါတဲ့။ အဲ့ဒီ notch (ဂျို) က ဖုန်းတစ်လုံးရဲ့ သဘာဝတည်ဆောက်ပုံကို ဖျက်ဆီးသလိုဖြစ်နေလို့ပါတဲ့။ တကယ်လို့ မင်းကလဲ အဲ့ဒီ notch hater တွေထဲကတစ်ယောက် ဆိုရင်တော့ ဝမ်းသာလိုက်ပေတော့။ ခုပြောပြမဲ့အကြောင်းအရာ လေးကလဲ notch hater လေးတွေအတွက် notch နည်းတဲ့ ဖုန်းလေးတွေကိုရှာဖွေထားတာပဲ ဖြစ်ပါတယ်။
Google Pixel 2 XL
Notch နေရာသေးတဲ့ Pixel 2 XL လေးရဲ့ feature ကိုပြောရမယ်ဆိုရင် speaker 2 လုံးပါရှိပြီး metal နဲ့ glass ပေါင်းစပ်ထားတဲ့ ဒီဇိုင်လေးပဲဖြစ်ပါတယ်။ သူက စမတ်ဖုန်းတွေထဲမှာတော့ အမြင့်ဆုံးတွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Snapdragon 835 chipset ကိုသုံးထားပြီးတော့ RAM ကတော့ 4GB ပါ။
Google ရဲ့ စမတ်ဖုန်းမှာ screen size 6.0 လက်မ အရွယ်နဲ့ ratio ကတော့ 18:9 ဖြစ်ပါတယ်။ လက်ဗွေစနစ်ကိုတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာထည့်ထားပါတယ်။ ဖုန်းရဲ့ကျောဘက်ကင်မရာက dual-camera မဟုတ်ပေမဲ့ ကင်မရာပိုင်းလုပ်ဆောင်ချက် တွေကိုတော့ တော်တော်များများထည့်သွင်းပေးထားပါတယ်။ IP67 ထိဆိုတော့ ရေစိုခံနဲ့ အပေတေခံကလဲ မပူရပါဘူး။ Pixel 2 XL တွေရဲ့ Memory တွေကတော့ 64 နဲ့ 128 GB ဆိုပြီးရှိပါတယ်။ သူက နားကြပ်ပေါက်တော့ မပါဝင်ပါဘူး။
သူ့ရဲ့ ဈေးနှုန်းလေးတွေကတော့ 64GB ကို $850 ဖြစ်ပြီး 128GB က $950 ပဲဖြစ်ပါတယ်။
Specs
• 6.0-inch P-OLED display with 2,880 x 1,440 resolution, 538ppi
• Snapdragon 835 chipset
• 4GB of RAM
• 64/128GB of on-board storage, not expandable
• 12.2MP rear camera, 8MP front camera
• Non-removable 3,520mAh battery
• Android 8.0 Oreo
• 157.9 x 76.7 x 7.9mm, 175g
Google Pixel 2 XL လေးကိုလိုချင်တယ်ဆိုရင်တော့
MMAS MMAS Phone Sparepart Distribution
84st, Bet 33×34 st , Mandalay
Ph- 09974555888,09794555888 မှာ ရနိုင်ပါတယ်။
Samsung Galaxy Note 8
Notch (ဂျို)နေရာနည်းတဲ့ နောက်ထပ်ဖုန်းလေးကတော့ Samsung Galay Note 8 လေးပဲ ဖြစ်ပါတယ်။ screen size ကတော့ 6.3 လက်မ ဖြစ်ပြီး 18.5:9 ratio ဖြစ်ပါတယ်။ screen size 6.2 လက်မရှိတဲ့ S9 Plus ထက်အနည်းငယ်ကြီးမားပါတယ်။ Super AMOLED panel ကိုသုံးထားပြီးတော့ resolution ကလဲ QHD+ တောင်ဖြစ်ပါတယ်။
Note 8 ကလဲ ထိပ်တန်းဖုန်းတွေထဲက တစ်ခုဖြစ်ပြီးတော့ Snapdragon 835 ကိုအသုံးပြုထားပါတယ်။ RAM က 6GB ဖြစ်ပြီးတော့ ဖုန်းနောက်ကျောဘက်မှာ ကင်မရာနှစ်လုံးကို သုံးထားပါတယ်။ iris scanner ပါရှိပြီးတော့ IP68 ထိတောင်ဆိုတော့ ရေစိုခံနဲ့ အပေတေခံကတော့ တော်တော်မိုက်ပါတယ်။ သူကတစ်ခုမကောင်းတာက fingerprint scanner က ဖုန်းနောက်ကျောဘက် ကင်မရာဘေးမှာ ပါရှိတာဆိုတော့ သိပ်အိန္ဒြေမရသလိုပါပဲ။
သူ့ရဲ့ ဈေးကတော့ September 2017 တုန်းကတော့ $930 ဖြစ်ပြီးတော့ ခုချိန်မှာတော့ $750 ပဲဖြစ်ပါတယ်။
Specs
• 6.3-inch Super AMOLED display with 2,960 x 1,440 resolution, 521ppi
• Snapdragon 835 or Exynos 8895 chipset — depending on the region
• 6GB of RAM
• 64/128/256GB of on-board storage, expandable up to 256GB
• Dual 12MP rear cameras, 8MP front camera
• Non-removable 3,300mAh battery
• Android 7.1.1 Nougat
• 162.5 x 74.8 x 8.6mm, 195g
Huawei Mate 10 Pro
Huawei ကထုတ်တဲ့ Huawei Mate 10 Pro ကတော့ 2017 ရဲ့ စမတ်ဖုန်းဈေးကွက်မှာ အကောင်းဆုံးလို့ဆိုရပါမယ်။ Full HD+ display ဖြစ်ပြီးတော့ Screen sizeက 6.0 လက်မ ဖြစ်ပါတယ်။ AI စနစ်အတွက် Kirin 970 chipset ကိုအသုံးပြုထားပြီး RAM ကတော့ 6GB ပါ။
သူက dual-camera ဖြစ်ပြီးတော့ ကင်မရာတစ်ခုက Summilux-H lense 2 ခုကိုသုံးထားပြီး 12MP ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ monochrome sensor တစ်ခုပါရှိပြီး resolution ကတော့ 20MP ပါ။ သူက Android 8.0 Oreo ပေါ်မှာ run ပြီးတော့ အကြမ်းခံမှုကလဲ IP67 ထိရှိပါတယ်။ ဘက်ထရီကလဲ 4,000mAh ဖြစ်ပါတယ်။
သူ့ရဲ့ဈေးကတော့ Mocha or Titanium Gray က $550 ရှိပါတယ်။
Specs
• 6.0-inch AMOLED display with 2,160 x 1,080 resolution, 537ppi
• Kirin 970 chipset
• 4/6GB of RAM
• 64/128GB of on-board storage, expandable up to 400GB
• 12 and 16MP rear cameras, dual 8MP front cameras
• Non-removable 3,500mAh battery
• Android 8.0 Oreo
• 156.6 x 73.9 x 8.7mm, 188g
Samsung Galaxy S9 and S9 Plus
Galaxy S9 နဲ့ S9 Plus ကတော့ ဘေးဘောင်အကွေးနဲ့ မျက်နှာပြင်အပြည့်ဒီဇိုင်းဖြစ်တဲ့အတွက်ကြောင့် တော်တော်သန့်ပါတယ်။ နောက်ဆုံးထွက် အကောင်းဆုံး Processor ဖြစ်တဲ့ Snapdragon 845 ကိုသုံးထားပါတယ်။ headphone jack ပါရှိပြီးတော့ IP68 ဆိုတော့ ရေစိုခံ အပေတေခံပါတယ်။
S9 ဆိုရင် screen size 5.8 လက်မရှိပြီးတော့ S9 plus ကတော့ 6.2 လက်မဖြစ်ပါတယ်။ နှစ်ခုလုံးကိုတော့ Super AMOLED နည်းပညာသုံးထားပြီး resolution က QHD+ ဖြစ်ပါတယ်။ သူတို့နှစ်မျိုးမှာက မတူတာဆိုလို့ 3 ချက်ပဲရှိပါတယ်။ ကင်မရာ၊ ဘက်ထရီနဲ့ RAM ပိုင်းပဲဖြစ်ပါတယ်။ S9 plus က dual-camera ဖြစ်ပြီးတော့ RAM က 6GB နဲ့ ဘက်ထရီက 3,500mAh ဖြစ်ပါတယ်။ သူတို့မှာ iris scanner ပါရှိပြီးတော့ AR Emoji feature လဲပါဝင်ပါတယ်။ ဈေးလေးတွေကတော့ Galaxy S9 က $720 ဖြစ်ပြီးတော့ S9 Plus ကတော့ $840 ဖြစ်ပါတယ်။
Specs
Samsung Galaxy S9
• 5.8-inch Super AMOLED display with 2,960 x 1,440 resolution, 570ppi
• Snapdragon 845
• 4GB of RAM
• 64GB of on-board storage, microSD expansion up to 400GB
• 12MP rear camera, 8MP front camera
• Non-removable 3,000mAh battery
• Android 8.0 Oreo
• 147.7 x 68.7 x 8.5mm, 163g
Samsung Galaxy S9 Plus
• 6.2-inch Super AMOLED display with 2,960 x 1,440 resolution, 529ppi
• Snapdragon 845
• 6GB of RAM
• 64GB of on-board storage, expandable up to 400GB
• Dual 12MP cameras, 8MP front camera
• Non-removable 3,500mAh battery
• Android 8.0 Oreo
• 158.1 x 73.8 x 8.5mm, 189g
XiaomiMi Mix 2S
Xiaomi Mi Mix 2S ကတော့ ရှင်းပါတယ်။ သူကိုထုတ်ကထဲက notch (ဂျို) မထည့်ဘဲ မျက်နှာပြင်အပြည့်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတာပါ။ ဒါပေမဲ့ သူ့ကိုသိပ်မကြိုက်ချင်တဲ့ အချက်လေးတွေကတော့ ရှေ့ကင်မရာက ဖုန်းရဲ့ ညာဘက်အောက်ခြေမှာထည့်ထားတာဆိုတော့ သိပ်တော့ ပုံမကျချင်သလိုပါပဲ။ selfie ရိုက်တဲ့အချိန်ဆိုရင်တော့ အနည်းငယ်အခက်အခဲရှိနိုင်ပါတယ်။
သူကိုလဲ နောက်ဆုံးထွက် အကောင်းဆုံး Processor ဖြစ်တဲ့ Snapdragon 845 ကိုသုံးထားပြီး RAM ကတော့ 8GB ဖြစ်ပါတယ်။ screen size က 6.0 လက်မဖြစ်ပြီးတော့ Full HD+ display ဖြစ်ပါတယ်။ ကင်မရာကတော့ dual-camera ဖြစ်ပြီး Storage ကတော့ 256GB ဖြစ်ပါတယ်။
သူ့ကိုတော့ တရုတ်နဲ့ ဥရောပနိုင်ငံတွေမှာပဲ ရောင်းသေးတာဖြစ်ပါတယ်။ U.S မှာတော့ မရနိုင်သေးပါဘူး။ သူ့ရဲ့ပေါက်ဈေးကတော့ $550 ဖြစ်ပါတယ်။
Specs
• 6.0-inch IPS LCD display with 2,160 x 1,080 resolution, 403ppi
• Snapdragon 845 chipset
• 6/8GB of RAM
• 64/128/256GB of on-board storage, not expandable
• 20 and 12MP rear cameras, 5MP front camera
• Non-removable 3,400mAh battery
• Android 8.0 Oreo
• 150.9 x 74.9 x 8.1mm, 191g
Leave a Reply