Uncategorized

Google Translate မွာ ဘာသာစကား ၅၉ ခုကို Offline သံုးႏုိင္ၿပီ

Google Translate App မ်ားမွာ ဘာသာျပန္ေပးဖို႔အတြက္ Cloud ကို မွီခိုရပါတယ္။ ဘာသာစကား အခ်ိဳ႕အတြက္ေတာ့ Offline ဘာသာျပန္ေပးႏုိင္ေအာင္ ဂူဂယ္လ္က ျပဳလုပ္ေပးထားပါတယ္။ အဲဒီ ဘာသာစကားကို ေဒါင္းလုပ္လုပ္ၿပီး Offline သံုးႏုိင္တာ ျဖစ္ပါတယ္။ အခုေတာ့ ဂူဂယ္လ္က Offline သံုးႏိုင္တဲ့ ဘာသာစကား အေရအတြက္ဟာ တိုးမ်ားလာၿပီး ၅၉ ခုေတာင္ ရွိၿပီလို႔ ေၾကညာလိုက္ပါတယ္။

ဘာသာစကား ၅၉ ခုကို Offline ဘာသာျပန္ေပးတဲ့ စြမ္းရည္ကို Android , iOS တို႔ႏွစ္ခုစလံုးရဲ႕ Translate App မ်ားမွာ ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။ သက္ဆိုင္ရာ App Store မ်ားမွာ Update ကို အဆင့္ျမွင့္ရမွာ ျဖစ္ပါတယ္။

အဲဒီ ဘာသာစကားမ်ားမွာ Afrikaans, Albanian, Arabic, Belarusian, Bengali, Bulgarian, Catalan, Chinese, Croatian, Czech, Danish, Dutch, English, Esperanto, Estonian, Filipino, Finnish, French, Galician, Georgian, German, Greek, Gujarati, Haitian, Creole, Hebrew, Hindi, Hungarian, Icelandic, Indonesian, Irish, Italian, Japanese, Jannada, Korean, Latvian, Lithuanian, Macedonian, Malay, Maltese, Marathi, Norwegian, Persian, Polish, Portuguese, Romanian, Russian, Slovak, Slovenian, Spanish, Swahili, Swedish, Tamil, Telugu, Thai, Turkish, Ukrainian, Urdu, Vietnamese, Welsh တို႔ ျဖစ္ၾကပါတယ္။

Google Translate App ဟာ တစ္ကမာၻလံုးမွ ဘာသာစကားမ်ားကို ဘာသာျပန္ေပးဖို႔ အစဥ္အျမဲ ႀကိဳးစားထည့္သြင္းေပးေနပါတယ္။ သူ႔မွာ စာသားမ်ားကို ဘာသာျပန္ေပးႏုိင္တဲ့ အျပင္ ဓါတ္ပံုမွ စာသားမ်ားကို ဘာသာျပန္ေပးတဲ့ စြမ္းရည္လည္း ပါရွိပါတယ္။ ဒါ့အျပင္ ပါးစပ္ကေန ေျပာလိုက္တဲ့ စကားမ်ားကိုလည္း ဘာသာျပန္ေပးႏုိင္ပါတယ္။

unicode

Google Translate မှာ ဘာသာစကား ၅၉ ခုကို Offline သုံးနိုင်ပြီ

Google Translate App များမှာ ဘာသာပြန်ပေးဖို့အတွက် Cloud ကို မှီခိုရပါတယ်။ ဘာသာစကား အချို့အတွက်တော့ Offline ဘာသာပြန်ပေးနိုင်အောင် ဂူဂယ်လ်က ပြုလုပ်ပေးထားပါတယ်။ အဲဒီ ဘာသာစကားကို ဒေါင်းလုပ်လုပ်ပြီး Offline သုံးနိုင်တာ ဖြစ်ပါတယ်။ အခုတော့ ဂူဂယ်လ်က Offline သုံးနိုင်တဲ့ ဘာသာစကား အရေအတွက်ဟာ တိုးများလာပြီး ၅၉ ခုတောင် ရှိပြီလို့ ကြေညာလိုက်ပါတယ်။

ဘာသာစကား ၅၉ ခုကို Offline ဘာသာပြန်ပေးတဲ့ စွမ်းရည်ကို Android , iOS တို့နှစ်ခုစလုံးရဲ့ Translate App များမှာ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ App Store များမှာ Update ကို အဆင့်မြှင့်ရမှာ ဖြစ်ပါတယ်။

အဲဒီ ဘာသာစကားများမှာ Afrikaans, Albanian, Arabic, Belarusian, Bengali, Bulgarian, Catalan, Chinese, Croatian, Czech, Danish, Dutch, English, Esperanto, Estonian, Filipino, Finnish, French, Galician, Georgian, German, Greek, Gujarati, Haitian, Creole, Hebrew, Hindi, Hungarian, Icelandic, Indonesian, Irish, Italian, Japanese, Jannada, Korean, Latvian, Lithuanian, Macedonian, Malay, Maltese, Marathi, Norwegian, Persian, Polish, Portuguese, Romanian, Russian, Slovak, Slovenian, Spanish, Swahili, Swedish, Tamil, Telugu, Thai, Turkish, Ukrainian, Urdu, Vietnamese, Welsh တို့ ဖြစ်ကြပါတယ်။

Google Translate App ဟာ တစ်ကမ္ဘာလုံးမှ ဘာသာစကားများကို ဘာသာပြန်ပေးဖို့ အစဉ်အမြဲ ကြိုးစားထည့်သွင်းပေးနေပါတယ်။ သူ့မှာ စာသားများကို ဘာသာပြန်ပေးနိုင်တဲ့ အပြင် ဓါတ်ပုံမှ စာသားများကို ဘာသာပြန်ပေးတဲ့ စွမ်းရည်လည်း ပါရှိပါတယ်။ ဒါ့အပြင် ပါးစပ်ကနေ ပြောလိုက်တဲ့ စကားများကိုလည်း ဘာသာပြန်ပေးနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.