Xiaomi Mi9 မွာ Huawei P20 Pro လိုေနာက္ေက်ာဘက္ကင္မရာ၃လုံးပါဝင္လာဖြယ္ရွိ

0
1472

Xiaomi ကုမၸဏီအေနနဲ႔ ယခုႏွစ္အတြက္ေတာ့ သုံးစြဲသူေတြထံ အေကာင္းဆုံးပါလို႔ဆိုႏိုင္တဲ့ MI8 စမတ္ဖုန္းကို ထုတ္လုပ္ေပးႏိုင္ခဲ့ပါၿပီ။ အနာဂတ္ Mi မ်ိဳးဆက္ဖုန္းအသစ္မွာ Xiaomi အေနနဲဘယ္လို နည္းလမ္းေတြထည့္သြင္းလာခဲ့မယ္ဆိုတာ စိတ္ဝင္စားစရာပါ။ ဒီေန႔မွာေတာ့ MI9 စမတ္ဖုန္းရဲ႕ Concept ပုံေတြထြက္ရွိလာပါတယ္။ အ့ံၾသေလာက္စရာ ဒီဇုိင္းနဲ႔ျဖစ္ၿပီး Xiaomi MI9 မွာ top notch screen မသုံးထားဘဲ dual curved ဒီဇိုင္းနဲ႔ျဖစ္ပါတယ္။

မ်က္ႏွာျပင္ပိုင္းအတြက္ Samsung ရဲ႕AMOLED 4K Screen ကိုသုံးထားပါတယ္။ မ်က္ႏွာျပင္ 6.3 လက္မနဲ႔အတူ 19:9 aspect ratio နဲ႔ျဖစ္ၿပီး အနက္ေရာင္ကိုယ္ထည္နဲ႔ျဖစ္ပါတယ္။ သူ႕ဒီဇုိင္းက ရုတ္တရက္ၾကည့္လိုက္မယ္ဆိုရင္iPhone X နဲ႔ Samsung Galaxy S9 ကိုေပါင္းစပ္ထားသလိုပါ။ VIVO NEX ထက္ပိုၿပီးၿပီး screen ဟာကိုယ္ထည္တစ္ခုလုံးရဲ႕ 92% ေလာက္ရွိမွာ ျဖစ္ပါတယ္။

သူ႕မွာ screen voice နည္းပညာနဲ႔ under display fingerprint scanner ကိုသုံးလာႏိုင္ပါတယ္။ အေရွ႕ဘက္ကင္မရာကိုေတာ့ လုံးဝမေတြ႕ျမင္ရေတာ့ပါဘူး။ ေနာက္ဘက္မွာ အၾကမ္းခံႏုိင္စြမ္းအတြက္Gorilla Corning Glass 6 ကိုတပ္ဆင္ေပးထားႏုိင္ၿပီး ကင္မရာ၃လုံးတပ္ဆင္ထားတဲ့ Huawei P20 Pro ထက္ပိုေကာင္းတဲ့ ပုံရိပ္အရည္အေသြးကို ထုတ္ေပးႏိုင္ပါတယ္။ Xiaomi MI 9 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြဟာ ဒီအခိ်န္မွာေတာ့ ခန္႔မွန္းအဆင့္သာရွိေသးၿပီး၊လက္ရွိအခ်က္အလက္ေတြကေတာ့ Concept ပုံေပၚမွာအေျခခံ ေဖာ္ထုတ္ထားတာပဲ ရွိပါေသးတယ္။

unicode

Xiaomi ကုမ္ပဏီအနေနဲ့ ယခုနှစ်အတွက်တော့ သုံးစွဲသူတွေထံ အကောင်းဆုံးပါလို့ဆိုနိုင်တဲ့ MI8 စမတ်ဖုန်းကို ထုတ်လုပ်ပေးနိုင်ခဲ့ပါပြီ။ အနာဂတ် Mi မျိုးဆက်ဖုန်းအသစ်မှာ Xiaomi အနေနဲဘယ်လို နည်းလမ်းတွေထည့်သွင်းလာခဲ့မယ်ဆိုတာ စိတ်ဝင်စားစရာပါ။ ဒီနေ့မှာတော့ MI9 စမတ်ဖုန်းရဲ့ Concept ပုံတွေထွက်ရှိလာပါတယ်။ အံ့သြလောက်စရာ ဒီဇိုင်းနဲ့ဖြစ်ပြီး Xiaomi MI9 မှာ top notch screen မသုံးထားဘဲ dual curved ဒီဇိုင်းနဲ့ဖြစ်ပါတယ်။

မျက်နှာပြင်ပိုင်းအတွက် Samsung ရဲ့AMOLED 4K Screen ကိုသုံးထားပါတယ်။ မျက်နှာပြင် 6.3 လက်မနဲ့အတူ 19:9 aspect ratio နဲ့ဖြစ်ပြီး အနက်ရောင်ကိုယ်ထည်နဲ့ဖြစ်ပါတယ်။ သူ့ဒီဇိုင်းက ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင်iPhone X နဲ့ Samsung Galaxy S9 ကိုပေါင်းစပ်ထားသလိုပါ။ VIVO NEX ထက်ပိုပြီးပြီး screen ဟာကိုယ်ထည်တစ်ခုလုံးရဲ့ 92% လောက်ရှိမှာ ဖြစ်ပါတယ်။

သူ့မှာ screen voice နည်းပညာနဲ့ under display fingerprint scanner ကိုသုံးလာနိုင်ပါတယ်။ အရှေ့ဘက်ကင်မရာကိုတော့ လုံးဝမတွေ့မြင်ရတော့ပါဘူး။ နောက်ဘက်မှာ အကြမ်းခံနိုင်စွမ်းအတွက်Gorilla Corning Glass 6 ကိုတပ်ဆင်ပေးထားနိုင်ပြီး ကင်မရာ၃လုံးတပ်ဆင်ထားတဲ့ Huawei P20 Pro ထက်ပိုကောင်းတဲ့ ပုံရိပ်အရည်အသွေးကို ထုတ်ပေးနိုင်ပါတယ်။ Xiaomi MI 9 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေဟာ ဒီအချိန်မှာတော့ ခန့်မှန်းအဆင့်သာရှိသေးပြီး၊လက်ရှိအချက်အလက်တွေကတော့ Concept ပုံပေါ်မှာအခြေခံ ဖော်ထုတ်ထားတာပဲ ရှိပါသေးတယ်။

Leave a Reply