မ်က္ႏွာျပင္အျပည့္ Panorama Screen နဲ႔ထြက္ရွိလာမယ့္ OPPO Find X

0
1468

OPPO အေနနဲ႔ ကုမၸဏီမ်ိဳးဆက္သစ္စမတ္ဖုန္းျဖစ္တဲ့ OPPO Find X ကို ျပင္သစ္ႏိုင္ငံမွာ စတင္မိတ္ဆက္ေပးေတာ့ မွာျဖစ္ပါတယ္။ ယခုလ ၂၀ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး တရားဝင္ထုတ္ေဖာ္မႈေတြ မျပဳလုပ္ခင္စပ္ၾကားမွာ ဖုန္းနဲ႔ပတ္သတ္တဲ့ ေကာလာဟလေတြမ်ိဳးစုံ ထြက္ရွိေနပါတယ္။ ဒီေန႔မွာလည္း Find X နဲ႔ပတ္သတ္တဲ့ ေၾကာ္ျငာပိုစတာေလး ထြက္လာၿပီး ပုံမွာေတာ့ အသစ္ထြက္မယ့္ဖုန္းမွာသုံးလာမယ့္ မ်က္ႏွာျပင္ပိုင္းကို ေဖာ္ျပေပးထားပါတယ္။Find X မွာမ်က္ႏွာျပင္ျပည့္ ဒီဇုိင္းလို႔ဆိုႏုိင္မယ့္ “surface panoramic screen” ကိုသုံးထားမွာ ျဖစ္ပါတယ္။ အျခားစမတ္ဖုန္းေတြထက္ မ်က္ႏွာျပင္ပိုင္းမွာပိုမိုရွင္းလင္းျပတ္သားၿပီး ရုပ္ပုံေတြကို စိုေျပစြာ ေဖာ္ျပေပးမွာျဖစ္ပါတယ္။

လက္ရွိထြက္ထားတဲ့ သတင္းေတြအရေတာ့ OPPO အေနနဲ႔ Find X ရဲ႕ကင္မရာပိုင္းအတြက္ 5x အထိေထာက္ပံ့ေပးႏုိင္မယ့္ optical zoom ကိုထည့္သြင္းတည္ေဆာက္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ OPPO Find X မွာကင္မရာပိုင္းအေနနဲ႔  ေနာက္ေက်ာဘက္မွာ 20MP + 16MP အရည္အေသြးကင္မရာနဲ႔အတူ aperture value f/2.0 ၊ f/1.6 တို႔ကိုသုံးေပးထားမွာ ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာ၂လုံးမွာ တစ္လုံးက telephoto lens သုံးသြားမွာပါ။ အေရွ႕ဘက္မွာေတာ့ 25MP နဲ႔ f/2.0 aperture တပ္ဆင္ေပးထားမွာျဖစ္ပါတယ္။ဒီနည္းပညာကိုOPPO က MWC 2017 မွာတုန္းကမိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ သိုေပမယ့္ သူတို႔ဟာ concept device တစ္ခုေပၚမွာသာ ကိုင္တြယ္စမ္းသပ္ျပခဲ့တာပါ။

အျခားထြက္ေပၚလာတဲ့ သတင္းေတြမွာ OPPO အေနနဲ႔ မ်ိဳးဆက္သစ္ Find စီးရီးဖုန္းမွာ ပရိုဆက္ဆာပိုင္းအတြက္ Snapdragon 845 chipset ကိုသုံးလာမွာ ျဖစ္ၿပီး 8RAM နဲ႔အတူ 256 GB အခ်က္အလက္သိုေလွာင္ႏိုင္စြမ္းနဲ႔ ထြက္လာမယ္လို႔ဆိုပါတယ္။ သက္တမ္းတာရွည္ခံႏုိင္ဖို႔အတြက္ 4,730 mAh ဘက္ထရီစြမ္းအားနဲ႔အတူ Super VOOC charging  စနစ္ကိုလည္း ေထာက္ပံ့ေပးပါလိမ့္မယ္။

Unicode

OPPO အနေနဲ့ ကုမ္ပဏီမျိုးဆက်သစ်စမတ်ဖုန်းဖြစ်တဲ့ OPPO Find X ကို ပြင်သစ်နိုင်ငံမှာ စတင်မိတ်ဆက်ပေးတော့ မှာဖြစ်ပါတယ်။ ယခုလ ၂၀ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး တရားဝင်ထုတ်ဖော်မှုတွေ မပြုလုပ်ခင်စပ်ကြားမှာ ဖုန်းနဲ့ပတ်သတ်တဲ့ ကောလာဟလတွေမျိုးစုံ ထွက်ရှိနေပါတယ်။ ဒီနေ့မှာလည်း Find X နဲ့ပတ်သတ်တဲ့ ကြော်ငြာပိုစတာလေး ထွက်လာပြီး ပုံမှာတော့ အသစ်ထွက်မယ့်ဖုန်းမှာသုံးလာမယ့် မျက်နှာပြင်ပိုင်းကို ဖော်ပြပေးထားပါတယ်။Find X မှာမျက်နှာပြင်ပြည့် ဒီဇိုင်းလို့ဆိုနိုင်မယ့် “surface panoramic screen” ကိုသုံးထားမှာ ဖြစ်ပါတယ်။ အခြားစမတ်ဖုန်းတွေထက် မျက်နှာပြင်ပိုင်းမှာပိုမိုရှင်းလင်းပြတ်သားပြီး ရုပ်ပုံတွေကို စိုပြေစွာ ဖော်ပြပေးမှာဖြစ်ပါတယ်။

လက်ရှိထွက်ထားတဲ့ သတင်းတွေအရတော့ OPPO အနေနဲ့ Find X ရဲ့ကင်မရာပိုင်းအတွက် 5x အထိထောက်ပံ့ပေးနိုင်မယ့် optical zoom ကိုထည့်သွင်းတည်ဆောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ OPPO Find X မှာကင်မရာပိုင်းအနေနဲ့  နောက်ကျောဘက်မှာ 20MP + 16MP အရည်အသွေးကင်မရာနဲ့အတူ aperture value f/2.0 ၊ f/1.6 တို့ကိုသုံးပေးထားမှာ ဖြစ်ပါတယ်။ နောက်ကျောဘက် ကင်မရာ၂လုံးမှာ တစ်လုံးက telephoto lens သုံးသွားမှာပါ။ အရှေ့ဘက်မှာတော့ 25MP နဲ့ f/2.0 aperture တပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ဒီနည်းပညာကိုOPPO က MWC 2017 မှာတုန်းကမိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ သိုပေမယ့် သူတို့ဟာ concept device တစ်ခုပေါ်မှာသာ ကိုင်တွယ်စမ်းသပ်ပြခဲ့တာပါ။

အခြားထွက်ပေါ်လာတဲ့ သတင်းတွေမှာ OPPO အနေနဲ့ မျိုးဆက်သစ် Find စီးရီးဖုန်းမှာ ပရိုဆက်ဆာပိုင်းအတွက် Snapdragon 845 chipset ကိုသုံးလာမှာ ဖြစ်ပြီး 8RAM နဲ့အတူ 256 GB အချက်အလက်သိုလှောင်နိုင်စွမ်းနဲ့ ထွက်လာမယ်လို့ဆိုပါတယ်။ သက်တမ်းတာရှည်ခံနိုင်ဖို့အတွက် 4,730 mAh ဘက်ထရီစွမ်းအားနဲ့အတူ Super VOOC charging  စနစ်ကိုလည်း ထောက်ပံ့ပေးပါလိမ့်မယ်။

Leave a Reply