မ်ိဳးဆက္သစ္ Kirin 710 ပရိုဆက္ဆာနဲ႔ ကင္မရာ၄လုံးတပ္ဆင္လာမယ့္ Huawei Nova 3

0
1717

စမတ္ဖုန္းထုတ္လုပ္သူ Huawei အေနနဲ႔ အဆင့္ျမင့္စမတ္ဖုန္းလို႔ သတ္မွတ္ႏိုင္တဲ့ Mate series နဲ႔ P series စမတ္ဖုန္းေတြကိုသာ သီးသန္႔ထုတ္လုပ္ေနတာ မဟုတ္ပဲ Nova series ဖုန္းေတြကိုပါ ထုတ္လုပ္ေပး လ်က္ရွိေနပါတယ္။ Nova စီးရီးစမတ္ဖုန္းေတြဟာ ေစ်းႏႈန္းကလည္း သင့္တင့္ၿပီးဖုန္းနဲ႔ ဓာတ္ပုံရိုက္တဲ့လူငယ္ေတြကို ရည္ရြယ္ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ အခုဆိုရင္ Nova စီးရီးဖုန္းေတြကို ထုတ္လုပ္လာတာမ်ိဳးဆက္၃ခုေလာက္ရွိေနပါၿပီ။ ေနာက္ဆုံးထုတ္ထားတဲ့ဖုန္းကေတာ့ Nova 3E ပဲျဖစ္ပါတယ္။

Huawei ရဲ႕အသစ္ထြက္ရွိလာမယ့္ စမတ္ဖုန္းျဖစ္တဲ့ Nova 3 ဟာ တရုတ္ႏိုင္ငံရဲ႕ 3C အသိအမွတ္ျပဳမႈ ရရွိသြားၿပီျဖစ္ပါတယ္။ ဒီေန႔ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြအရ Nova 3 စမတ္ဖုန္းဟာ၊အရင္ထြက္ထားတဲ့Nova 3E တူညီၿပီး သူ႕မွာmetal mid-frame နဲ႔ double glass သုံးလာမွာျဖစ္ပါတယ္။ ဖန္သားကိုယ္ထည္ဟာ အလြန္လွပၿပီး အေရာင္ကြဲေတြနဲ႔ ထြက္ရွိလာမွာျဖစ္ပါတယ္။

ပုံေတြအရ လက္ေဗြဖတ္စနစ္ကိုေတာ့မေတြ႕ရေသးပါဘူး။ Nova 3 ရဲ႕အေရွ႕ဘက္ဒီဇုိင္းကို ၾကည့္လုိက္တဲ့အခါမွာ ထိပ္ဘက္မွာ Notch တပ္ဆင္ထားၿပီး၊မ်က္ႏွာျပင္က 6 လက္မျဖစ္ကာ 19.5:9 aspect ratio နဲ႔ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္မွာdual ကင္မရာတပ္ဆင္ထားၿပီး dual LED Light တပ္ဆင္ထားပါတယ္။ ဒါ့အျပင္အေရွ႕ဘက္မွာလည္း ကင္မရာ၂လုံးတပ္ဆင္ထားတာကို ေတြ႕ရပါတယ္။ ဘက္ထရီစြမ္းအားအေနနဲ႔ 3340mAh ကိုတပါတည္းထည့္သြင္းထားၿပီး HW-059200CHQ charger နဲ႔ျဖစ္ပါတယ္။ သူ႕မွာ Nova 3e မွာလိုမ်ိဳး 18W quick charge ကိုေထာက္ပံ့ေပးပါလိမ့္မယ္။

အျခားအခ်က္အလက္ေတြအေနနဲ႔ Nova 3 မွာ Huawei ရဲ႕ပရိုဆက္ဆာအသစ္ျဖစ္တဲ့ Kirin 710 ကိုသုံးထားပါတယ္။ TSMC ရဲ႕ 12nm နည္းပညာနဲ႔ျဖစ္ၿပီး NPU ကိုပါခြဲထုတ္ေပးထားပါတယ္။ ကင္မရာ၄ခုနဲ႕ျဖစ္ၿပီးအေရွ႕ဘက္ Selfie အတြက္ေတာ့ 20MP+2MP ကိုသုံးထားႏုိင္ၿပီး၊ ေနာက္ေက်ာဘက္မွာေတာ့ 20MP+16MP ကိုသုံးေပးထားမွာျဖစ္ပါတယ္။ ကင္မရာေတြဟာ AI နည္းပညာနဲ႔ ရုပ္ပုံေတြကိုဖမ္းယူေပးမွာျဖစ္ပါတယ္။ စမတ္ဖုန္းသစ္ကို ဇူလိုင္လေလာက္မွာ မိတ္ဆက္လာႏုိင္ေျခရွိပါတယ္။

Unicode

စမတ်ဖုန်းထုတ်လုပ်သူ Huawei အနေနဲ့ အဆင့်မြင့်စမတ်ဖုန်းလို့ သတ်မှတ်နိုင်တဲ့ Mate series နဲ့ P series စမတ်ဖုန်းတွေကိုသာ သီးသန့်ထုတ်လုပ်နေတာ မဟုတ်ပဲ Nova series ဖုန်းတွေကိုပါ ထုတ်လုပ်ပေး လျက်ရှိနေပါတယ်။ Nova စီးရီးစမတ်ဖုန်းတွေဟာ ဈေးနှုန်းကလည်း သင့်တင့်ပြီးဖုန်းနဲ့ ဓာတ်ပုံရိုက်တဲ့လူငယ်တွေကို ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အခုဆိုရင် Nova စီးရီးဖုန်းတွေကို ထုတ်လုပ်လာတာမျိုးဆက်၃ခုလောက်ရှိနေပါပြီ။ နောက်ဆုံးထုတ်ထားတဲ့ဖုန်းကတော့ Nova 3E ပဲဖြစ်ပါတယ်။

Huawei ရဲ့အသစ်ထွက်ရှိလာမယ့် စမတ်ဖုန်းဖြစ်တဲ့ Nova 3 ဟာ တရုတ်နိုင်ငံရဲ့ 3C အသိအမှတ်ပြုမှု ရရှိသွားပြီဖြစ်ပါတယ်။ ဒီနေ့ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Nova 3 စမတ်ဖုန်းဟာ၊အရင်ထွက်ထားတဲ့Nova 3E တူညီပြီး သူ့မှာmetal mid-frame နဲ့ double glass သုံးလာမှာဖြစ်ပါတယ်။ ဖန်သားကိုယ်ထည်ဟာ အလွန်လှပပြီး အရောင်ကွဲတွေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

ပုံတွေအရ လက်ဗွေဖတ်စနစ်ကိုတော့မတွေ့ရသေးပါဘူး။ Nova 3 ရဲ့အရှေ့ဘက်ဒီဇိုင်းကို ကြည့်လိုက်တဲ့အခါမှာ ထိပ်ဘက်မှာ Notch တပ်ဆင်ထားပြီး၊မျက်နှာပြင်က 6 လက်မဖြစ်ကာ 19.5:9 aspect ratio နဲ့ဖြစ်ပါတယ်။ နောက်ကျောဘက်မှာdual ကင်မရာတပ်ဆင်ထားပြီး dual LED Light တပ်ဆင်ထားပါတယ်။ ဒါ့အပြင်အရှေ့ဘက်မှာလည်း ကင်မရာ၂လုံးတပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဘက်ထရီစွမ်းအားအနေနဲ့ 3340mAh ကိုတပါတည်းထည့်သွင်းထားပြီး HW-059200CHQ charger နဲ့ဖြစ်ပါတယ်။ သူ့မှာ Nova 3e မှာလိုမျိုး 18W quick charge ကိုထောက်ပံ့ပေးပါလိမ့်မယ်။

အခြားအချက်အလက်တွေအနေနဲ့ Nova 3 မှာ Huawei ရဲ့ပရိုဆက်ဆာအသစ်ဖြစ်တဲ့ Kirin 710 ကိုသုံးထားပါတယ်။ TSMC ရဲ့ 12nm နည်းပညာနဲ့ဖြစ်ပြီး NPU ကိုပါခွဲထုတ်ပေးထားပါတယ်။ ကင်မရာ၄ခုနဲ့ဖြစ်ပြီးအရှေ့ဘက် Selfie အတွက်တော့ 20MP+2MP ကိုသုံးထားနိုင်ပြီး၊ နောက်ကျောဘက်မှာတော့ 20MP+16MP ကိုသုံးပေးထားမှာဖြစ်ပါတယ်။ ကင်မရာတွေဟာ AI နည်းပညာနဲ့ ရုပ်ပုံတွေကိုဖမ်းယူပေးမှာဖြစ်ပါတယ်။ စမတ်ဖုန်းသစ်ကို ဇူလိုင်လလောက်မှာ မိတ်ဆက်လာနိုင်ခြေရှိပါတယ်။

Leave a Reply