HTC U12 plus review

0
1172

Zawgyi Version

HTC က ေကာင္းမြန္တဲ့အရာေတြကိုလုပ္ေဆာင္ေနတယ္ဆိုေပမယ့္လည္း အထင္ကရျဖစ္ေစမယ့္စိတ္ကူးေတြကေတာ့ လြဲေနတုန္းပါပဲ။

၂၀၁၈ မွာ HTC ရဲ႕ဖုန္းကို review ေရးရတယ္ဆိုတာ ခက္ခဲတဲ့အလုပ္တစ္ခုပါပဲ။ ဒါေပမယ့္လည္း HTC U12 Plus ရဲ႕သံုးသပ္ခ်က္ကိုေတာ့ အမွ်တဆံုးျဖစ္ေအာင္ လုပ္ေဆာင္ထားပါတယ္။ ေဒၚလာ၇၉၉တန္ဖုန္းေလးနဲ႕ ရက္သတၱပတ္အနည္းငယ္ၾကာေအာင္ အခ်ိန္ကုန္ဆံုးခဲ့ျပီးေတာ့ ကၽြန္ေတာ္ခံစားရသမွ်ကို တင္ဆက္ေပးသြားမွာပါ။

ေထာင့္ျဖတ္ ၆လက္မေလာက္ရွိျပီးေတာ့ အခ်က္အလက္ျမင့္ျမင့္ေတြကို အသံုးျပဳထားကာ ေရွ႕နဲ႕ေနာက္မွာ ဖန္သားျပင္နဲ႕ တည္ေဆာက္ထားပါတယ္။ U12 Plus ကေတာ့ ျမင္ျမင္ခ်င္းမွာ ကြဲျပားေနတဲ့ဖုန္းတစ္လံုးေတာ့ မဟုတ္ျပန္ပါဘူး။ ဒါေပမယ့္ HTC ကေတာ့ ဟန္းဆက္ရဲ႕အလွတရားကို ေမာ္ဒန္ဒီဇုိင္းေတြနဲ႕ ဆန္းသစ္ထားပါတယ္။ ထြင္းေဖာက္ျမင္ေနရတဲ့အျပာေရာင္ဒီဇိုင္းေလးက အတြင္းပစၥည္းေလးေတြကို လွစ္ဟျပေနပါတယ္။ ပန္းေရာင္နဲ႕ အနီေလးကို ေရာယွက္ထားမႈကလည္း ဒီေန႕ေခတ္စမတ္ဖုန္းေတြအၾကားမွာ ထူးျခားေနပါတယ္။

ကင္မရာေကာင္းေကာင္းသံုးထားျပီး၊ ေဘးေဘာင္ေတြမရွိဘူး။ display အမိုက္စားမွာ notch ေလးလည္းမရွိေတာ့တာေၾကာင့္ U12 Plus ဒီႏွစ္အတြက္ ကိုင္သင့္တဲ့ဖုန္းတစ္လံုးျဖစ္လာပါတယ္။ ေစ်းႏႈန္းအေနနဲ႕ထိုက္တန္တဲ့ ဒီဇိုင္းေတြမဟုတ္ဘဲ နည္းနည္းစိတ္ပ်က္စရာေတာ့ေကာင္းႏုိင္ပါတယ္။

အားသာခ်က္

  • ကင္မရာေတြက ျပတ္သားျပီးေတာ့ noise ကင္းတဲ့ဓါတ္ပံုမ်ား
  • သက္ေတာင့္သက္တာရွိိတဲ့ဒီဇုိင္းပုိင္းမွာေတာ့ အားနည္း
  • စြဲေဆာင္မႈရွိျပီးေတာ့ ကြဲျပားေနတဲ့အေရာင္ကာလာမ်ား

အားနည္းခ်က္

  • ေတာင့္တင္းေနတဲ့ခလုတ္ေတြက အိပ္မက္ဆိုးပဲ
  • headphone jack မပါသလို adapter ထည့္ေပးမထား
  • ႏွစ္ဖက္လံုးက ဖန္သားျပင္ဆုိေတာ့ ကိုင္ရတာေခ်ာမြတ္ေန
  • Software ေတြက စိတ္ညစ္စရာေကာင္း

U12 Plus ရဲ႕ အေသးစိတ္ကိုၾကည့္လုိက္ျပီးေတာ့ ဘာေၾကာင့္အရမ္းဆိုးရြားေနလဲဆိုတာ သံုးသပ္ၾကမယ္။ ဒီဖုန္းနဲ႕ HTC က mechanical button ေလးေတြကို ျဖဳတ္ပစ္လိုက္ျပီးေတာ့ ျဖဳတ္စရာမလိုတဲ့ခလုတ္ေလးေတြကိုအသံုးျပဳျပီးေတာ့ ႏွိပ္လို္က္တဲ့အခါမွာ haptic feedback ေပးႏုိင္ေအာင္ စီစဥ္ထားပါတယ္။ ေျပာစရာမရွိေပမယ့္လည္း ဒီဇုိင္းပုိင္းမွာ အေတာ္ေလးထိခုိက္သြားပါတယ္။

HTC ဘာေၾကာင့္လုပ္ရသလဲဆိုတာ ကၽြန္ေတာ္နားလည္ပါတယ္။ ဒီလိုလုပ္ဖုိ႕သင့္ပါတယ္။ U12 Plus မွာလုပ္လုိက္တာေကာင္းပါတယ္။ ဒါေပမယ့္လည္း သူ႕ရဲ႕မူရင္းစိတ္ကူးနဲ႕အျမင္ေတြကို အေကာင္အထည္မေဖာ္ႏုိင္တာလို႕ ေျပာရမယ္ထင္ပါတယ္။

ျပႆနာကေတာ့ ရိုးရွင္းပါတယ္။ U12 Plus ဟာ ခလုတ္ေတြကိုထိလိုက္တဲ့အခ်ိန္မွာ မျမန္ဆန္သလို ခံစားမႈကလည္း မတည္ျငိမ္ပါဘူး။ Android ဖုန္းတုိင္းမွာ ကၽြန္ေတာ့ရဲ႕အၾကိဳက္ဆံုး shortcut ကေတာ့ ပါ၀ါခလုတ္ကို ႏွစ္ခ်က္ႏွိပ္္ျပီးေတာ့ ကင္မရာကိုဖြင့္ရတာပါပဲ။ ျမန္ဆန္ျပီးေတာ့ အရမ္းမုိက္တဲ့လုပ္ေဆာင္ခ်က္ပဲျဖစ္ပါတယ္။ U12 Plus ကေတာ့ စိတ္ပ်က္စရာေကာင္းတဲ့ ခံစားမႈအျဖစ္သာ ေျပာင္းလဲသြားပါတယ္။ ပါ၀ါခလုတ္ကို ၂ခ်က္ႏွိပ္ဖို႕ၾကိဳးစားၾကည့္တဲ့အခါမွာ ပထမတစ္ခ်က္နွိပ္အျပီး လက္ကၾကြလို႕မရေတာ့ဘူးျဖစ္ပါတယ္။ ျပီးေတာ့ ပါ၀ါနဲ႕ အသံခလုတ္ေတြက ထိလိုက္တာနဲ႕ အလုပ္မျဖစ္ပါဘူး။ ကင္မရာကို အသံတိုးခလုတ္နဲ႕ဖြင့္ၾကည့္တဲ့အခါမွာ ေမွ်ာ္လင့္ထားသလို ျဖစ္မလာပါဘူး။

ဖုန္းခလုတ္ေတြက အိမ္မွာရွိတဲ့တံခါးလက္ကိုင္ေတြလိုပါပဲ။ အေရးပါပါတယ္။ ဒါေပမယ့္လည္း စိတ္၀င္စားစရာေကာင္းတဲ့ အေၾကာင္းအရာတစ္ခုေတာ့ မဟုတ္ျပန္ပါဘူး။ ဒါေပမယ့္လည္း တံခါးလက္ကိုင္ေတြလိုပါပဲ။ မေကာင္းတဲ့ခလုတ္ေတြက သင့္ရဲ႕တစ္ေန႕တာအသံုးျပဳမႈကို စိတ္အေႏွာင့္အယွက္ျဖစ္ေစနုိင္ပါတယ္။ ဒီေတာ့ အိမ္ကိုေသာ့ဖ်က္၀င္ရေတာ့မွာလား။ ဒီခလုတ္ေတြက ကၽြန္ေတာ္ေက်ာ္လႊားေပးလို႕မရတဲ့ အခက္အခဲေတ ျဖစ္ေနပါတယ္။ သံုးရတာေကာင္းေပမယ့္လည္း ဒီျဖစ္ရပ္ေတြေၾကာင့္ ဖုန္းကိုအထင္ၾကီးထားမႈေတြ ေလွ်ာ့နည္းသြားပါတယ္။

HTC ရဲ႕ရွက္စရာေကာင္းတဲ့လုပ္ရပ္တစ္ခုကေတာ့ ဒါေလးပါပဲ။ က်န္တာကေတာ့ ခြင့္လႊတ္ေပးလို႕ရပါတယ္။ ပထမဆံုးတစ္ခုကေတာ့ ဖုန္းရဲ႕ပံုစံနဲ႕ အရြယ္အစားအသစ္ေလးပါ။ မႏွစ္က HTC U11 ကိုေတာ့ အေတာ္ေလးၾကိဳက္ပါတယ္။ U11 Plus ရဲ႕ upgrade ေလးကိုလည္း အသိအမွတ္ျပဳမိပါတယ္။ ေဘာင္ေတြေလွ်ာ့ခ်ထားတယ္။ U11 ထက္က်ဥ္းသြားပါတယ္။ ဒါေၾကာင့္ လက္တစ္ဖက္တည္းနဲ႕ကိုင္ရတာ အဆင္ေျပေခ်ာေမြ႕လာတယ္။ ကၽြန္ေတာ့ရဲ႕ Google Pixel 2 XL ကေတာ့ ၆လက္မမ်က္ႏွာျပင္နဲ႕ 3,500mAh ဘတ္ထရီရွိပါတယ္။ ဒါေပမယ့္လည္း ႏွစ္လံုးစလံုးကေတာ့ U12 Plus ထက္ ပိုက်ယ္ျပီးေတာ့ ပိုရွည္ပါတယ္။ HTC သာ ပါ၀ါခလုတ္နဲ႕ အသံခလုတ္ေတြကို အရင္အတုိင္းထည့္ေပးမယ္ဆိုရင္ ပိုၾကိဳက္မိမယ္ထင္တယ္။

ခလုတ္ေတြပိုေကာင္းလာတဲ့အျပင္ Pixel 2 XL ဟာ ေစ်းကြက္မွာက်န္တဲ့တစ္ခုတည္းေသာ အလူမီနီယမ္ဖုန္းျဖစ္ပါတယ္။ ႏွစ္ဖက္လံုးဖန္သားျပင္ျဖစ္ေနတဲ့ U12 Plus ထက္ ကိုင္ရတာပိုေကာင္းပါတယ္။ HTC ကေတာ့ ဒီကိစၥရင္ဆုိင္ေနရတဲ့သူ တစ္ဦးတည္းမဟုတ္ပါဘူး။ အျခားသူေတြလည္း ဒီလိုပဲေလ။ ကိုင္လိုက္တဲ့အခါ ကၽြန္ေတာ့လက္ေတြ ဆီေပေနသလိုျဖစ္သြားတဲ့ခံစားမႈမ်ိဳး ရေနတယ္။ ဖုန္းကိုကိုင္ရတာ စိတ္မခ်သလိုပဲ။ လက္ေဗြေတြက်န္ေနတာကိုလည္း အထင္းသားျမင္ေနရပါတယ္။ U12 Plus မွာ အေတာ္ေလးလြဲေနတဲ့ mouse pad ကို ခံစားရတယ္။

ခလုတ္ေတြက စိတ္ပ်က္စရာ၊ မ်က္ႏွာျပင္အနားသတ္က ေမးခြန္းထုတ္စရာျဖစ္တယ္။ ေစ်းႏႈန္းကလည္း တံေတြးမ်ိဳစရာပါပဲ။ U12 Plus မွာ ဘာေကာင္းတာက်န္ေသးလို႕လဲ။ ခင္ဗ်ားေနပံုအရဆိုရင္လို႕ ေမးမလား။ အရြယ္အစား၊ အခ်က္အလက္ေတြ၊ လုပ္ေဆာင္ႏုိင္စြမ္းေတြရွိတယ္။ ကင္မရာထိုးထြက္မေနဘူး။ USB-C earphone လည္း ပါလို႕ မိုက္တယ္ေျပာရမယ္ေလ။ HTC က U12 Plus ကို 3.5mm audio adapter မပါဘဲနဲ႕ ျဖန္႕ခ်ိဖို႕လုပ္ထားပါတယ္။

HTC က သူ႕ရဲ႕ဖုန္းအသစ္ကို အေဟာင္းေတြနဲ႕ ေကာင္းေအာင္လုပ္ေဆာင္ထားပါတယ္။ ၆လက္မ 2880 x 1440 screen က Super LCD 6 ျဖစ္ျပီးေတာ့ အေျခအေနတုိင္းအတြက္ ဖတ္ရွဳရတာအဆင္ေျပပါတယ္။ သံုးေနစဥ္တစ္ေလွ်ာက္မွာ အဆင္ေျပျပီး အခက္အခဲမေတြ႕ပါဘူး။ U12 Plus ေစ်းႏႈန္းနဲ႕ညီတဲ့ Android အမ်ားစုကေတာ့ OLED ကို အသံုးျပဳေနၾကပါျပီ။ ဒါေပမယ့္လည္း HTC ရဲ႕ IPS LCD ကလည္း မဆိုးဘူးလို႕ခံစားမိပါတယ္။ always-on display option သံုးခ်င္တဲ့သူေတြအေနနဲ႕ကေတာ့ OLED panel ေတြထက္ အားစားတာကို ေတြ႕မိမွာပါ။ ဒါေပမယ့္လည္း ဒီဂရီနည္းနည္းေလးပဲ ပိုစားတာပါ။

အဆိုးထဲကအေကာင္းတစ္ခုကေတာ့ HTC ရဲ႕ ကင္မရာပါပဲ။ main ကင္မရာက 1.4μm pixel ျဖစ္ျပီးေတာ့ max resolution 12 megapixel ပါ။ သူ႕ရဲ႕ lens ကေတာ့ f/1.75 aperture ျဖစ္ပါတယ္။ optical image stabilization ကိုထည့္သြင္းေပးထားျပီး 4K / 60 fps or 1080p / 240 fps ေတြအတြက္လည္း အဆင္ေျပေစပါတယ္။ U12 Plus နဲ႕ ဗြီဒီယိုရိုက္ကူးရတာ မိုက္ပါတယ္။  960 fps super slow-motion video mode ကိုေတာ့ ထည့္ေပးသင့္တယ္္လို႕ မစဥ္းစားတာမ်ားလား။ ဒါေလးလည္း မဆိုးပါဘူး။

ဓါတ္ပံုအရည္အေသြးကေတာ့ Google Pixel 3 ကင္မရာနဲ႕ Huawei  P20 Pro က ပိုေကာင္းေနသလိုပါပဲ။ Piexl ေတြက ေနေတာက္ခ်ိန္မွာ ပိုေကာင္းျပီး HTC ကေတာ့ outdoor ရုိက္ခ်က္ေတြမွာ နည္းနည္းေလး hazy look ကိုေရာက္ေနပါတယ္။ P20 Pro ကေတာ့ ညအခ်ိန္ရိုက္ကူးရင္ ခ်န္ပီယံပါပဲ။ U12 Plus ကေတာ့ ဘယ္လိုမွမယွဥ္ႏုိင္ေသးပါဘူး။ ဒီႏွစ္လံုးကလြဲရင္ေတာ့ U12 Plus က ေစ်းကြက္မွာရွိတဲ့ စမတ္ဖုန္းကင္မရာေတြလိုပဲ ေကာင္းမြန္ပါတယ္။ ဟုတ္ပါတယ္။ iPhone X နဲ႕ Samsung Galaxy S9 ထက္ေတာ့ ပိုေကာင္းပါတယ္။

Pixel 2 XL နဲ႕ U12 Plus တို႕ကိုသံုးျပီး ရုိက္ကူးၾကည့္တဲ့အခါမွာ winner ေရြးရတာ ခက္ခဲပါတယ္။ HTC ဖုန္းက color balance ပိုေကာင္းသလိုလို၊ Pixel က exposure ပိုေကာင္းသလိုလို။ ဒါေပမယ့္လည္း ႏွစ္ခုကေတာ့ ဆင္တူေနသလိုပါပဲ။ Pixel လုိပဲ HTC ရဲ႕ ကင္မရာစနစ္ကလည္း analog film camera ေတြဆီကေန ရႏိုင္တဲ့အဆင္မေျပမႈေတြကို ဖယ္ထုတ္ေပးထားပါတယ္။ ကၽြန္ေတာ့အတြက္ကေတာ့ HTC က သဘာ၀ပိုဆန္သလားလို႕။ U12 Plus ကင္မရာေတြက ေန႕စဥ္သံုးအတြက္ အဆင္ေျပပါတယ္။ ဒါေပမယ့္လည္း U12 ရဲ႕ ခလုတ္ေတြေၾကာင့္ Pixel 2 XL ကို ေရြးမိေနတုန္းပါပဲ။

HTC ရဲ႕ မားကတ္တင္းလုပ္ထားတဲ့ feature တစ္ခုကေတာ့ U12 Plus ရဲ႕ Edge Sense system ပဲျဖစ္ပါတယ္။ ဒါေလးကေတာ့ ဖုန္းကိုညွစ္လိုက္တာနဲ႕ အမ်ိဳးမ်ိဳးေသာလုပ္ေဆာင္ခ်က္ေတြကို ဖန္တီးနုိင္ေစမွာပါ။ မႏွစ္ကမိတ္ဆက္ခဲ့တာျဖစ္လို႕ ဒါေလးကို ဆြဲေဆာင္မႈတစ္ခုအေနနဲ႕ မျမင္ေတာ့ပါဘူး။ edge Sense 2 ကလည္း မဖမ္းစားႏုိင္ခဲ့ပါဘူး။ အခုဆိုရင္ညွစ္သလိုမ်ိိဳးပဲ ေဘးေတြကို ႏွစ္ခ်က္ထိလိုက္တာနဲ႕ အသံုးျပဳႏုိင္ေနပါျပီ။ အဆင္ေျပမယ္လို႕ထင္ရေပမယ့္လည္း လက္ေတြ႕မွာေတာ့ စိတ္ပ်က္စရာျဖစ္ပါတယ္။ ခံစားမႈအရ မတည္ျငိမ္သလို လုပ္ေဆာင္ခ်က္ကလည္း ပံုေသမရွိပါဘူး။

Software ပိုင္းမွာဆုိရင္ HTC က ျမန္ဆန္ျပီးေတာ့ တံု႕ျပန္မႈေကာင္းတဲ့ Android ဗားရွင္းကုိ ေပးထားပါတယ္။ သူ႕ရဲ႕ theme store နဲ႕ AI ကို ျပန္သံုးထားပါတယ္။ အဲဒီႏွစ္ခုလံုးကို အသံုး၀င္တယ္လုိ႕ မခံစားမိပါဘူး။ အရည္အေသြးျမင့္တာျဖစ္နုိင္ေပမယ့္လည္း အခ်ိန္ျဖဳန္းေနရတယ္လို႕ပဲ ခံစားမိိတယ္။ HTC က Google Assistant နဲ႕ Amazon Alexa ကိုလည္း ထည့္္သြင္းေပးထားပါေသးတယ္။ တရုတ္မွာေတာ့ Baidu Assistant ကို ထည့္သြင္းေပးထားပါတယ္။ ဒီေတာ့စိတ္ၾကိဳက္အသံုးျပဳႏုိင္မွာပဲ ျဖစ္ပါတယ္။

HTC’s News Republic integration ကေတာ့ U12 Plus မွာပါေနတုန္းပါပဲ။ ဒါေပမယ့္ အရင္ကထက္ ပိုျပီးေတာ့တြန္းအားေပးထားပါတယ္။ News Republic ဆိုတာကေတာ့ အသံုးမက်တဲ့ news app ျဖစ္ျပီးေတာ့ မၾကားဖူးတဲ့ထုတ္လုပ္သူေတြဆီကျဖစ္ပါတယ္။ U12 Plus ေပၚမွာ ဘာလုပ္ေပးလဲဆိုေတာ့ lock screen ေပၚမွာ noti ေတြတက္ေစျပီးေတာ့ စိတ္ပ်က္စရာေကာင္းသြားေစပါတယ္။ ပိတ္ခ်င္လား။ ဒါေပမယ့္ ေဒၚလာ၇၉၉ ေပးထားရတယ္ေလ။ default ပိတ္မေပးႏုိင္ဘူးလား။

ေနာက္တစ္ခုကေတာ့ preloaded Touchpal keyboard ျဖစ္ပါတယ္။ Google Gboard ကို မေျပာင္းခင္တုန္းက sggested app ေတြ တအားျပေနပါတယ္။ စိတ္ပ်က္စရာေကာင္းတဲ့ bloatware ေတြပါပဲ။ ပရီမီယမ္ေစ်းနဲ႕ေရာင္းျပီးေတာ့ ပရီမီယမ္မဆန္လုိက္တာ။

အျမန္ႏႈန္းကေတာ့ ေမးခြန္းထုတ္ေနစရာကိုမလုိပါဘူး။ Snapdragon 845နဲ႕ဆိုေတာ့ ျမန္ဆန္ပါတယ္။ ဒါေပမယ့္လည္း bug ေတြပါေနတုန္းပါပဲ။ Google Photos ဆိုရင္ ေနာက္ကြယ္မွာ run ျပီးေတာ့ sync လုပ္ဖို႕နည္းနည္းရွဳပ္ေနတုန္းပါပဲ။ app ကို ဖြင့္ျပီးေတာ့မွ auto-backup feature ကို on ေပးရပါေသးတယ္။ Twitter app မွာလည္း ဓါတ္ပံုေတြနဲ႕ GIF ေတြကို ေကာင္းေကာင္းမျမင္ရပါဘူး။ U12 ရဲ႕ Battery Save mode ကလည္း က်ပန္းပြင့္ေနပါတယ္။ ဒီေတာ့ဖုန္းရဲ႕ display ကို မွိန္သြားေစတာေပါ့။ အား၈၀% က်န္ေနေသးေပမယ့္လည္း အလိုအေလ်ာက္ power preservation ပြင့္ေနတာ ပံုမွန္မဟုတ္ပါဘူး။

ေနာက္တစ္ခုကေတာ့ smart auto-rotation ပါပဲ။ ဒါေလးကေတာ့ ဖိအားကိုသိႏုိင္တဲ့ေဘးေဘာင္ေတြေၾကာင့္ ဘယ္လိုကို္င္တြယ္ထားသလဲဆိုတာ ဖုန္းကသိေနႏုိင္ပါတယ္။ ဒါေၾကာင့္ လိုအပ္သလို ဖုန္းကိုေျပာင္းလဲေပးႏုိင္ပါတယ္။ အိပ္ယာထဲမွာလွဲေလ်ာင္းေနရင္း စာဖတ္မယ္ဆိုရင္ portrait mode ျဖစ္ျပီးေတာ့ ဗြီဒီယိုၾကည့္မယ္လုပ္လုိက္ရင္ landscape ျဖစ္သြားမွာပါ။ ဒါကသီအိုရီအရပါပဲ။ ဒါေပမယ့္လက္ေတြ႕မွာဆိုရင္ေတာ့ လုပ္ေဆာင္ခ်က္က မတည္ျမဲပါဘူး။ ကိုယ့္ဘာသာလုပ္လုိက္ရတာက ပိုေကာင္းေနသလိုပါပဲ။

Music / Theater sound mode notification ကေတာ့ ေနာက္ဆံုးေသာ စိတ္ပ်က္စရာတစ္ခုပါပဲ။ ဖုန္းမွာသီခ်င္းနားေထာင္တုိင္း စိတ္ညစ္ရပါတယ္။ affects ႏွစ္ခုၾကားမွာ ေျပာင္းေနရတာက ေကာင္းလား မေကာင္းလား မသိေတာ့ပါဘူး။ night mode ဆိုရင္လည္း swipe လုပ္လုိ႕မရတဲ့ noti ေတြ လုပ္ေပးတတ္ပါတယ္။ Apple နဲ႕ Google တို႕က gesture ေတြလုပ္ျပီးေတာ့ စိတ္ရွဳပ္စရာ noti ေတြကို ဖယ္ထုတ္ခဲ့ပါတယ္။ HTC ကေတာ့ ဒီလိုမဟုတ္သလိုပါပဲ။

အေျခခံအခ်က္အလက္ေလာက္ဆိုရင္ေတာ့ အဆင္ေျပပါတယ္။ ဘတ္ထရီသက္တမ္းကလည္း အရမ္းၾကီးမဟုတ္ေပမယ့္လည္း ေကာင္းမြန္ပါတယ္။ ဒါေပမယ့္လည္း Pixel 2 XL နဲ႕ေတာ့ ယွဥ္မရပါဘူး။ iPhone X ထက္ေတာ့ အဆင္ေျပပါတယ္။ သာမန္အသံုးျပဳမႈအတြက္ တစ္ေန႕တာေလာက္ခံပါတယ္။ ဓါတ္ပံုရုိက္မယ္။ YouTube ၾကည့္မယ္၊ podcast နားေထာင္မယ္။ အီးေမးလ္စစ္၊ Twitter သံုးတာမ်ိဳးေတြေလာက္ေပါ့။ ဒီေန႕ေခတ္ရဲ႕ ဒီဂ်စ္တယ္အသံုးျပဳမႈေတြအတြက္ အဆင္ေျပေစမွာပါ။ HTC ရဲ႕ စပီကာကေတာ့ မိုက္ပါတယ္။ ဒါေပမယ့္လည္း အေကာင္းဆံုးေတာ့ မဟုတ္ပါဘူး။ ျပတ္သားတဲ့အသံေတြထုတ္လႊတ္ေပးျပီး Theater mode လည္း ပါ၀င္ပါတယ္။ သတင္းေကာင္းေတာ့မဟုတ္ပါဘူး။ Bluetooth ခ်ိတ္လုိက္တဲ့အခ်ိန္မွာ လြယ္လြယ္ေလးၾကားျဖတ္ႏုိင္ပါတယ္။ ျပီးေတာ့ Jabra Elite 65t wireless earphone နဲ႕ ခ်ိတ္တာလည္း အဆင္မေျပပါဘူး။

HTC ရဲ႕ ေနာက္ဆံုး Flagship ေတာ့မဟုတ္ဘူးမလား

HTC ရဲ႕ အနာဂတ္ဟာ စမတ္ဖုန္းထုတ္လုပ္သူတစ္ေယာက္အေနနဲ႕ ေတြ႕ျမင္ရဦးမလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။ ဒါေပမယ့္လည္း HTC က သူ႕ရဲ႕ဟန္၊ ကင္မရာအားသာခ်က္ေတြ၊ software ေတြ၊ ဒီဇိုင္းညံ့ဖ်င္းမႈေတြ စတာေတြနဲ႕ U12 Plus ကို ထုတ္လုုပ္ေပးခဲ့ပါတယ္။ ဒီလိုပံုစံေတြက သူ႕ေနာင္ေရးကို ပိုစိတ္ပူစရာျဖစ္ေနပါတယ္။

Unicode Version

HTC က ကောင်းမွန်တဲ့အရာတွေကိုလုပ်ဆောင်နေတယ်ဆိုပေမယ့်လည်း အထင်ကရဖြစ်စေမယ့်စိတ်ကူးတွေကတော့ လွဲနေတုန်းပါပဲ။
၂၀၁၈ မှာ HTC ရဲ့ဖုန်းကို review ရေးရတယ်ဆိုတာ ခက်ခဲတဲ့အလုပ်တစ်ခုပါပဲ။ ဒါပေမယ့်လည်း HTC U12 Plus ရဲ့သုံးသပ်ချက်ကိုတော့ အမျှတဆုံးဖြစ်အောင် လုပ်ဆောင်ထားပါတယ်။ ဒေါ်လာ၇၉၉တန်ဖုန်းလေးနဲ့ ရက်သတ္တပတ်အနည်းငယ်ကြာအောင် အချိန်ကုန်ဆုံးခဲ့ပြီးတော့ ကျွန်တော်ခံစားရသမျှကို တင်ဆက်ပေးသွားမှာပါ။
ထောင့်ဖြတ် ၆လက်မလောက်ရှိပြီးတော့ အချက်အလက်မြင့်မြင့်တွေကို အသုံးပြုထားကာ ရှေ့နဲ့နောက်မှာ ဖန်သားပြင်နဲ့ တည်ဆောက်ထားပါတယ်။ U12 Plus ကတော့ မြင်မြင်ချင်းမှာ ကွဲပြားနေတဲ့ဖုန်းတစ်လုံးတော့ မဟုတ်ပြန်ပါဘူး။ ဒါပေမယ့် HTC ကတော့ ဟန်းဆက်ရဲ့အလှတရားကို မော်ဒန်ဒီဇိုင်းတွေနဲ့ ဆန်းသစ်ထားပါတယ်။ ထွင်းဖောက်မြင်နေရတဲ့အပြာရောင်ဒီဇိုင်းလေးက အတွင်းပစ္စည်းလေးတွေကို လှစ်ဟပြနေပါတယ်။ ပန်းရောင်နဲ့ အနီလေးကို ရောယှက်ထားမှုကလည်း ဒီနေ့ခေတ်စမတ်ဖုန်းတွေအကြားမှာ ထူးခြားနေပါတယ်။
ကင်မရာကောင်းကောင်းသုံးထားပြီး၊ ဘေးဘောင်တွေမရှိဘူး။ display အမိုက်စားမှာ notch လေးလည်းမရှိတော့တာကြောင့် U12 Plus ဒီနှစ်အတွက် ကိုင်သင့်တဲ့ဖုန်းတစ်လုံးဖြစ်လာပါတယ်။ ဈေးနှုန်းအနေနဲ့ထိုက်တန်တဲ့ ဒီဇိုင်းတွေမဟုတ်ဘဲ နည်းနည်းစိတ်ပျက်စရာတော့ကောင်းနိုင်ပါတယ်။
အားသာချက်
• ကင်မရာတွေက ပြတ်သားပြီးတော့ noise ကင်းတဲ့ဓါတ်ပုံများ
• သက်တောင့်သက်တာရှိတဲ့ဒီဇိုင်းပိုင်းမှာတော့ အားနည်း
• စွဲဆောင်မှုရှိပြီးတော့ ကွဲပြားနေတဲ့အရောင်ကာလာများ
အားနည်းချက်
• တောင့်တင်းနေတဲ့ခလုတ်တွေက အိပ်မက်ဆိုးပဲ
• headphone jack မပါသလို adapter ထည့်ပေးမထား
• နှစ်ဖက်လုံးက ဖန်သားပြင်ဆိုတော့ ကိုင်ရတာချောမွတ်နေ
• Software တွေက စိတ်ညစ်စရာကောင်း
U12 Plus ရဲ့ အသေးစိတ်ကိုကြည့်လိုက်ပြီးတော့ ဘာကြောင့်အရမ်းဆိုးရွားနေလဲဆိုတာ သုံးသပ်ကြမယ်။ ဒီဖုန်းနဲ့ HTC က mechanical button လေးတွေကို ဖြုတ်ပစ်လိုက်ပြီးတော့ ဖြုတ်စရာမလိုတဲ့ခလုတ်လေးတွေကိုအသုံးပြုပြီးတော့ နှိပ်လိုက်တဲ့အခါမှာ haptic feedback ပေးနိုင်အောင် စီစဉ်ထားပါတယ်။ ပြောစရာမရှိပေမယ့်လည်း ဒီဇိုင်းပိုင်းမှာ အတော်လေးထိခိုက်သွားပါတယ်။
HTC ဘာကြောင့်လုပ်ရသလဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒီလိုလုပ်ဖို့သင့်ပါတယ်။ U12 Plus မှာလုပ်လိုက်တာကောင်းပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့မူရင်းစိတ်ကူးနဲ့အမြင်တွေကို အကောင်အထည်မဖော်နိုင်တာလို့ ပြောရမယ်ထင်ပါတယ်။
ပြဿနာကတော့ ရိုးရှင်းပါတယ်။ U12 Plus ဟာ ခလုတ်တွေကိုထိလိုက်တဲ့အချိန်မှာ မမြန်ဆန်သလို ခံစားမှုကလည်း မတည်ငြိမ်ပါဘူး။ Android ဖုန်းတိုင်းမှာ ကျွန်တော့ရဲ့အကြိုက်ဆုံး shortcut ကတော့ ပါဝါခလုတ်ကို နှစ်ချက်နှိပ်ပြီးတော့ ကင်မရာကိုဖွင့်ရတာပါပဲ။ မြန်ဆန်ပြီးတော့ အရမ်းမိုက်တဲ့လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ U12 Plus ကတော့ စိတ်ပျက်စရာကောင်းတဲ့ ခံစားမှုအဖြစ်သာ ပြောင်းလဲသွားပါတယ်။ ပါဝါခလုတ်ကို ၂ချက်နှိပ်ဖို့ကြိုးစားကြည့်တဲ့အခါမှာ ပထမတစ်ချက်နှိပ်အပြီး လက်ကကြွလို့မရတော့ဘူးဖြစ်ပါတယ်။ ပြီးတော့ ပါဝါနဲ့ အသံခလုတ်တွေက ထိလိုက်တာနဲ့ အလုပ်မဖြစ်ပါဘူး။ ကင်မရာကို အသံတိုးခလုတ်နဲ့ဖွင့်ကြည့်တဲ့အခါမှာ မျှော်လင့်ထားသလို ဖြစ်မလာပါဘူး။
ဖုန်းခလုတ်တွေက အိမ်မှာရှိတဲ့တံခါးလက်ကိုင်တွေလိုပါပဲ။ အရေးပါပါတယ်။ ဒါပေမယ့်လည်း စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတစ်ခုတော့ မဟုတ်ပြန်ပါဘူး။ ဒါပေမယ့်လည်း တံခါးလက်ကိုင်တွေလိုပါပဲ။ မကောင်းတဲ့ခလုတ်တွေက သင့်ရဲ့တစ်နေ့တာအသုံးပြုမှုကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒီတော့ အိမ်ကိုသော့ဖျက်ဝင်ရတော့မှာလား။ ဒီခလုတ်တွေက ကျွန်တော်ကျော်လွှားပေးလို့မရတဲ့ အခက်အခဲတေ ဖြစ်နေပါတယ်။ သုံးရတာကောင်းပေမယ့်လည်း ဒီဖြစ်ရပ်တွေကြောင့် ဖုန်းကိုအထင်ကြီးထားမှုတွေ လျှော့နည်းသွားပါတယ်။
HTC ရဲ့ရှက်စရာကောင်းတဲ့လုပ်ရပ်တစ်ခုကတော့ ဒါလေးပါပဲ။ ကျန်တာကတော့ ခွင့်လွှတ်ပေးလို့ရပါတယ်။ ပထမဆုံးတစ်ခုကတော့ ဖုန်းရဲ့ပုံစံနဲ့ အရွယ်အစားအသစ်လေးပါ။ မနှစ်က HTC U11 ကိုတော့ အတော်လေးကြိုက်ပါတယ်။ U11 Plus ရဲ့ upgrade လေးကိုလည်း အသိအမှတ်ပြုမိပါတယ်။ ဘောင်တွေလျှော့ချထားတယ်။ U11 ထက်ကျဉ်းသွားပါတယ်။ ဒါကြောင့် လက်တစ်ဖက်တည်းနဲ့ကိုင်ရတာ အဆင်ပြေချောမွေ့လာတယ်။ ကျွန်တော့ရဲ့ Google Pixel 2 XL ကတော့ ၆လက်မမျက်နှာပြင်နဲ့ 3,500mAh ဘတ်ထရီရှိပါတယ်။ ဒါပေမယ့်လည်း နှစ်လုံးစလုံးကတော့ U12 Plus ထက် ပိုကျယ်ပြီးတော့ ပိုရှည်ပါတယ်။ HTC သာ ပါဝါခလုတ်နဲ့ အသံခလုတ်တွေကို အရင်အတိုင်းထည့်ပေးမယ်ဆိုရင် ပိုကြိုက်မိမယ်ထင်တယ်။
ခလုတ်တွေပိုကောင်းလာတဲ့အပြင် Pixel 2 XL ဟာ ဈေးကွက်မှာကျန်တဲ့တစ်ခုတည်းသော အလူမီနီယမ်ဖုန်းဖြစ်ပါတယ်။ နှစ်ဖက်လုံးဖန်သားပြင်ဖြစ်နေတဲ့ U12 Plus ထက် ကိုင်ရတာပိုကောင်းပါတယ်။ HTC ကတော့ ဒီကိစ္စရင်ဆိုင်နေရတဲ့သူ တစ်ဦးတည်းမဟုတ်ပါဘူး။ အခြားသူတွေလည်း ဒီလိုပဲလေ။ ကိုင်လိုက်တဲ့အခါ ကျွန်တော့လက်တွေ ဆီပေနေသလိုဖြစ်သွားတဲ့ခံစားမှုမျိုး ရနေတယ်။ ဖုန်းကိုကိုင်ရတာ စိတ်မချသလိုပဲ။ လက်ဗွေတွေကျန်နေတာကိုလည်း အထင်းသားမြင်နေရပါတယ်။ U12 Plus မှာ အတော်လေးလွဲနေတဲ့ mouse pad ကို ခံစားရတယ်။
ခလုတ်တွေက စိတ်ပျက်စရာ၊ မျက်နှာပြင်အနားသတ်က မေးခွန်းထုတ်စရာဖြစ်တယ်။ ဈေးနှုန်းကလည်း တံတွေးမျိုစရာပါပဲ။ U12 Plus မှာ ဘာကောင်းတာကျန်သေးလို့လဲ။ ခင်ဗျားနေပုံအရဆိုရင်လို့ မေးမလား။ အရွယ်အစား၊ အချက်အလက်တွေ၊ လုပ်ဆောင်နိုင်စွမ်းတွေရှိတယ်။ ကင်မရာထိုးထွက်မနေဘူး။ USB-C earphone လည်း ပါလို့ မိုက်တယ်ပြောရမယ်လေ။ HTC က U12 Plus ကို 3.5mm audio adapter မပါဘဲနဲ့ ဖြန့်ချိဖို့လုပ်ထားပါတယ်။
HTC က သူ့ရဲ့ဖုန်းအသစ်ကို အဟောင်းတွေနဲ့ ကောင်းအောင်လုပ်ဆောင်ထားပါတယ်။ ၆လက်မ 2880 x 1440 screen က Super LCD 6 ဖြစ်ပြီးတော့ အခြေအနေတိုင်းအတွက် ဖတ်ရှုရတာအဆင်ပြေပါတယ်။ သုံးနေစဉ်တစ်လျှောက်မှာ အဆင်ပြေပြီး အခက်အခဲမတွေ့ပါဘူး။ U12 Plus ဈေးနှုန်းနဲ့ညီတဲ့ Android အများစုကတော့ OLED ကို အသုံးပြုနေကြပါပြီ။ ဒါပေမယ့်လည်း HTC ရဲ့ IPS LCD ကလည်း မဆိုးဘူးလို့ခံစားမိပါတယ်။ always-on display option သုံးချင်တဲ့သူတွေအနေနဲ့ကတော့ OLED panel တွေထက် အားစားတာကို တွေ့မိမှာပါ။ ဒါပေမယ့်လည်း ဒီဂရီနည်းနည်းလေးပဲ ပိုစားတာပါ။
အဆိုးထဲကအကောင်းတစ်ခုကတော့ HTC ရဲ့ ကင်မရာပါပဲ။ main ကင်မရာက 1.4μm pixel ဖြစ်ပြီးတော့ max resolution 12 megapixel ပါ။ သူ့ရဲ့ lens ကတော့ f/1.75 aperture ဖြစ်ပါတယ်။ optical image stabilization ကိုထည့်သွင်းပေးထားပြီး 4K / 60 fps or 1080p / 240 fps တွေအတွက်လည်း အဆင်ပြေစေပါတယ်။ U12 Plus နဲ့ ဗွီဒီယိုရိုက်ကူးရတာ မိုက်ပါတယ်။ 960 fps super slow-motion video mode ကိုတော့ ထည့်ပေးသင့်တယ်လို့ မစဉ်းစားတာများလား။ ဒါလေးလည်း မဆိုးပါဘူး။
ဓါတ်ပုံအရည်အသွေးကတော့ Google Pixel 3 ကင်မရာနဲ့ Huawei P20 Pro က ပိုကောင်းနေသလိုပါပဲ။ Piexl တွေက နေတောက်ချိန်မှာ ပိုကောင်းပြီး HTC ကတော့ outdoor ရိုက်ချက်တွေမှာ နည်းနည်းလေး hazy look ကိုရောက်နေပါတယ်။ P20 Pro ကတော့ ညအချိန်ရိုက်ကူးရင် ချန်ပီယံပါပဲ။ U12 Plus ကတော့ ဘယ်လိုမှမယှဉ်နိုင်သေးပါဘူး။ ဒီနှစ်လုံးကလွဲရင်တော့ U12 Plus က ဈေးကွက်မှာရှိတဲ့ စမတ်ဖုန်းကင်မရာတွေလိုပဲ ကောင်းမွန်ပါတယ်။ ဟုတ်ပါတယ်။ iPhone X နဲ့ Samsung Galaxy S9 ထက်တော့ ပိုကောင်းပါတယ်။
Pixel 2 XL နဲ့ U12 Plus တို့ကိုသုံးပြီး ရိုက်ကူးကြည့်တဲ့အခါမှာ winner ရွေးရတာ ခက်ခဲပါတယ်။ HTC ဖုန်းက color balance ပိုကောင်းသလိုလို၊ Pixel က exposure ပိုကောင်းသလိုလို။ ဒါပေမယ့်လည်း နှစ်ခုကတော့ ဆင်တူနေသလိုပါပဲ။ Pixel လိုပဲ HTC ရဲ့ ကင်မရာစနစ်ကလည်း analog film camera တွေဆီကနေ ရနိုင်တဲ့အဆင်မပြေမှုတွေကို ဖယ်ထုတ်ပေးထားပါတယ်။ ကျွန်တော့အတွက်ကတော့ HTC က သဘာဝပိုဆန်သလားလို့။ U12 Plus ကင်မရာတွေက နေ့စဉ်သုံးအတွက် အဆင်ပြေပါတယ်။ ဒါပေမယ့်လည်း U12 ရဲ့ ခလုတ်တွေကြောင့် Pixel 2 XL ကို ရွေးမိနေတုန်းပါပဲ။
HTC ရဲ့ မားကတ်တင်းလုပ်ထားတဲ့ feature တစ်ခုကတော့ U12 Plus ရဲ့ Edge Sense system ပဲဖြစ်ပါတယ်။ ဒါလေးကတော့ ဖုန်းကိုညှစ်လိုက်တာနဲ့ အမျိုးမျိုးသောလုပ်ဆောင်ချက်တွေကို ဖန်တီးနိုင်စေမှာပါ။ မနှစ်ကမိတ်ဆက်ခဲ့တာဖြစ်လို့ ဒါလေးကို ဆွဲဆောင်မှုတစ်ခုအနေနဲ့ မမြင်တော့ပါဘူး။ edge Sense 2 ကလည်း မဖမ်းစားနိုင်ခဲ့ပါဘူး။ အခုဆိုရင်ညှစ်သလိုမျိုးပဲ ဘေးတွေကို နှစ်ချက်ထိလိုက်တာနဲ့ အသုံးပြုနိုင်နေပါပြီ။ အဆင်ပြေမယ်လို့ထင်ရပေမယ့်လည်း လက်တွေ့မှာတော့ စိတ်ပျက်စရာဖြစ်ပါတယ်။ ခံစားမှုအရ မတည်ငြိမ်သလို လုပ်ဆောင်ချက်ကလည်း ပုံသေမရှိပါဘူး။
Software ပိုင်းမှာဆိုရင် HTC က မြန်ဆန်ပြီးတော့ တုံ့ပြန်မှုကောင်းတဲ့ Android ဗားရှင်းကို ပေးထားပါတယ်။ သူ့ရဲ့ theme store နဲ့ AI ကို ပြန်သုံးထားပါတယ်။ အဲဒီနှစ်ခုလုံးကို အသုံးဝင်တယ်လို့ မခံစားမိပါဘူး။ အရည်အသွေးမြင့်တာဖြစ်နိုင်ပေမယ့်လည်း အချိန်ဖြုန်းနေရတယ်လို့ပဲ ခံစားမိတယ်။ HTC က Google Assistant နဲ့ Amazon Alexa ကိုလည်း ထည့််သွင်းပေးထားပါသေးတယ်။ တရုတ်မှာတော့ Baidu Assistant ကို ထည့်သွင်းပေးထားပါတယ်။ ဒီတော့စိတ်ကြိုက်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
HTC’s News Republic integration ကတော့ U12 Plus မှာပါနေတုန်းပါပဲ။ ဒါပေမယ့် အရင်ကထက် ပိုပြီးတော့တွန်းအားပေးထားပါတယ်။ News Republic ဆိုတာကတော့ အသုံးမကျတဲ့ news app ဖြစ်ပြီးတော့ မကြားဖူးတဲ့ထုတ်လုပ်သူတွေဆီကဖြစ်ပါတယ်။ U12 Plus ပေါ်မှာ ဘာလုပ်ပေးလဲဆိုတော့ lock screen ပေါ်မှာ noti တွေတက်စေပြီးတော့ စိတ်ပျက်စရာကောင်းသွားစေပါတယ်။ ပိတ်ချင်လား။ ဒါပေမယ့် ဒေါ်လာ၇၉၉ ပေးထားရတယ်လေ။ default ပိတ်မပေးနိုင်ဘူးလား။
နောက်တစ်ခုကတော့ preloaded Touchpal keyboard ဖြစ်ပါတယ်။ Google Gboard ကို မပြောင်းခင်တုန်းက sggested app တွေ တအားပြနေပါတယ်။ စိတ်ပျက်စရာကောင်းတဲ့ bloatware တွေပါပဲ။ ပရီမီယမ်ဈေးနဲ့ရောင်းပြီးတော့ ပရီမီယမ်မဆန်လိုက်တာ။
အမြန်နှုန်းကတော့ မေးခွန်းထုတ်နေစရာကိုမလိုပါဘူး။ Snapdragon 845နဲ့ဆိုတော့ မြန်ဆန်ပါတယ်။ ဒါပေမယ့်လည်း bug တွေပါနေတုန်းပါပဲ။ Google Photos ဆိုရင် နောက်ကွယ်မှာ run ပြီးတော့ sync လုပ်ဖို့နည်းနည်းရှုပ်နေတုန်းပါပဲ။ app ကို ဖွင့်ပြီးတော့မှ auto-backup feature ကို on ပေးရပါသေးတယ်။ Twitter app မှာလည်း ဓါတ်ပုံတွေနဲ့ GIF တွေကို ကောင်းကောင်းမမြင်ရပါဘူး။ U12 ရဲ့ Battery Save mode ကလည်း ကျပန်းပွင့်နေပါတယ်။ ဒီတော့ဖုန်းရဲ့ display ကို မှိန်သွားစေတာပေါ့။ အား၈၀% ကျန်နေသေးပေမယ့်လည်း အလိုအလျောက် power preservation ပွင့်နေတာ ပုံမှန်မဟုတ်ပါဘူး။
နောက်တစ်ခုကတော့ smart auto-rotation ပါပဲ။ ဒါလေးကတော့ ဖိအားကိုသိနိုင်တဲ့ဘေးဘောင်တွေကြောင့် ဘယ်လိုကိုင်တွယ်ထားသလဲဆိုတာ ဖုန်းကသိနေနိုင်ပါတယ်။ ဒါကြောင့် လိုအပ်သလို ဖုန်းကိုပြောင်းလဲပေးနိုင်ပါတယ်။ အိပ်ယာထဲမှာလှဲလျောင်းနေရင်း စာဖတ်မယ်ဆိုရင် portrait mode ဖြစ်ပြီးတော့ ဗွီဒီယိုကြည့်မယ်လုပ်လိုက်ရင် landscape ဖြစ်သွားမှာပါ။ ဒါကသီအိုရီအရပါပဲ။ ဒါပေမယ့်လက်တွေ့မှာဆိုရင်တော့ လုပ်ဆောင်ချက်က မတည်မြဲပါဘူး။ ကိုယ့်ဘာသာလုပ်လိုက်ရတာက ပိုကောင်းနေသလိုပါပဲ။
Music / Theater sound mode notification ကတော့ နောက်ဆုံးသော စိတ်ပျက်စရာတစ်ခုပါပဲ။ ဖုန်းမှာသီချင်းနားထောင်တိုင်း စိတ်ညစ်ရပါတယ်။ affects နှစ်ခုကြားမှာ ပြောင်းနေရတာက ကောင်းလား မကောင်းလား မသိတော့ပါဘူး။ night mode ဆိုရင်လည်း swipe လုပ်လို့မရတဲ့ noti တွေ လုပ်ပေးတတ်ပါတယ်။ Apple နဲ့ Google တို့က gesture တွေလုပ်ပြီးတော့ စိတ်ရှုပ်စရာ noti တွေကို ဖယ်ထုတ်ခဲ့ပါတယ်။ HTC ကတော့ ဒီလိုမဟုတ်သလိုပါပဲ။
အခြေခံအချက်အလက်လောက်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဘတ်ထရီသက်တမ်းကလည်း အရမ်းကြီးမဟုတ်ပေမယ့်လည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း Pixel 2 XL နဲ့တော့ ယှဉ်မရပါဘူး။ iPhone X ထက်တော့ အဆင်ပြေပါတယ်။ သာမန်အသုံးပြုမှုအတွက် တစ်နေ့တာလောက်ခံပါတယ်။ ဓါတ်ပုံရိုက်မယ်။ YouTube ကြည့်မယ်၊ podcast နားထောင်မယ်။ အီးမေးလ်စစ်၊ Twitter သုံးတာမျိုးတွေလောက်ပေါ့။ ဒီနေ့ခေတ်ရဲ့ ဒီဂျစ်တယ်အသုံးပြုမှုတွေအတွက် အဆင်ပြေစေမှာပါ။ HTC ရဲ့ စပီကာကတော့ မိုက်ပါတယ်။ ဒါပေမယ့်လည်း အကောင်းဆုံးတော့ မဟုတ်ပါဘူး။ ပြတ်သားတဲ့အသံတွေထုတ်လွှတ်ပေးပြီး Theater mode လည်း ပါဝင်ပါတယ်။ သတင်းကောင်းတော့မဟုတ်ပါဘူး။ Bluetooth ချိတ်လိုက်တဲ့အချိန်မှာ လွယ်လွယ်လေးကြားဖြတ်နိုင်ပါတယ်။ ပြီးတော့ Jabra Elite 65t wireless earphone နဲ့ ချိတ်တာလည်း အဆင်မပြေပါဘူး။
HTC ရဲ့ နောက်ဆုံး Flagship တော့မဟုတ်ဘူးမလား
HTC ရဲ့ အနာဂတ်ဟာ စမတ်ဖုန်းထုတ်လုပ်သူတစ်ယောက်အနေနဲ့ တွေ့မြင်ရဦးမလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဒါပေမယ့်လည်း HTC က သူ့ရဲ့ဟန်၊ ကင်မရာအားသာချက်တွေ၊ software တွေ၊ ဒီဇိုင်းညံ့ဖျင်းမှုတွေ စတာတွေနဲ့ U12 Plus ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒီလိုပုံစံတွေက သူ့နောင်ရေးကို ပိုစိတ်ပူစရာဖြစ်နေပါတယ်။

Leave a Reply