HomePod ကို Apple TV နဲ့ ဘယ်လိုချိတ်ဆက်မလဲ

0
1493

Zawgyi Version



ဘာတွေလိုအပ်သလဲ

















Unicode Version

HomePod လေးကို Apple TV ရဲ့ sound bar အဖြစ်နဲ့ ချိတ်ဆက်လိုပါသလား။
မကြာသေးခင်ကဝယ်ထားတဲ့4K UHD television set တွေက အသံအတွက် သိပ်ပြီးတော့ရင်းနှီးမထားတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် HomePod လေးဟာ Apple TV နဲ့ချိတ်ဆက်ပြီးတော့ အသုံးပြုလိုက်ရင် အသံကောင်းကောင်းပေးနိုင်မယ်လို့ ကျွန်တော်တွေးလိုက်ပါတယ်။ HomePod ကို content ရှာခိုင်းတာမျိုး၊ Apple TV မှာ လိုင်းပြောင်းခိုင်းတာမျိုး သုံးမရပေမယ့်လည်း သူ့ကို sound bar အဖြစ်နဲ့ အသုံးပြုနိုင်ပါသေးတယ်။
ဘာတွေလိုအပ်သလဲ
HomePod ကို iPhone ၊ iPad နဲ့ ချိတ်ဆက်ရမှာပါ။ လက်ရှိမှာတော့ Apple TV နဲ့ တိုက်ရိုက်ချိတ်လို့အဆင်မပြေသေးပါဘူး။ ဒီတော့ HomePod တပ်ဆင်ခြင်းကို iPhone or iPad နဲ့ စတင်ရမှာပါ။
HomePod ကို ဘယ်လိုတွေတပ်ဆင်ကြမလဲ
Apple TV ကတော့ fourth-generation နှင့်အထက် ဖြစ်ရမှာပါ။
HomePod ကို Apple TV နဲ့ wifi network အတူတူမှာ ချိတ်ဆက်ပေးရမှာပါ။
Apple TV နဲ့ ဘယ်လိုချိတ်ဆက်ကြမလဲ
Apple TV Home screen ကိုရောက်ပြီဆိုရင်
1. Apple TV မှာ Settings ကို သွားလိုက်ပါ။
2. Video and Audio ကိုရွေးလိုက်ပါ။
3. Audio Output ကိုရွေးလိုက်ပါ။
4. Other Speakers နေရာမှာ HomePod ကို ရွေးပေးလိုက်ပါ။
ဒါမှမဟုတ်လည်း ဒီလိုလုပ်လို့ရသေးတယ်။
1. Siri Remote က Pause ကို သုံးစက္ကန့်လောက် ဖိထားပြီး AirPlay ကို ခေါ်လိုက်ပါ။
ဗွီဒီယိုကြည့်နေတယ်ဆိုရင်တော့
1. Info Center ပေါ်လာဖို့အတွက် Swipe down လုပ်လိုက်ပါ။
2. Audio tab ကိုသွားဖို့အတွက် Swipe right လုပ်လိုက်ပါ။
3. HomePod ကိုရွေးဖို့အတွက် Swipe down လုပ်လိုက်ပါ။
Stereo အသံအတွက် HomePod နှစ်လုံးကို ဘယ်လိုတပ်ဆင်မလဲ
Apple က 11.4 for iOS နဲ့ tvOS မှာ AirPlay 2 အတွက် ထောက်ပံ့ပေးလိုက်တဲ့အခါ HomePod နှစ်လုံးကိုချိတ်ဆက်ပြီးတော့ Apple TV နဲ့အတူ stereo experience ခံစားလို့ရနေပါပြီ။ ဧည့်ခန်းထဲမှာ တပ်ဆင်လိုက်တဲ့အခါ HomePod တစ်လုံးတည်းထက်တော့ ကောင်းမွန်လာပါတယ်။ stereo audio ဖန်တီးချင်တယ်ဆိုရင်တော့ HomePod နောက်တစ်လုံးဝယ်သင့်ပါတယ်။ နည်းပညာတွေက သင့်ကိုစောင့်ဆိုင်းနေပါတယ်။
Apple TV မှ HomePod ကို ဘယ်လိုမျိုး remove လုပ်မလဲ
Apple TV ရဲ့ အသံထွက်အနေနဲ့ မသုံးတော့တဲ့အခါမျိုးမှာ speaker option ကနေ ဖယ်လို့ရပါတယ်။
1. Apple TV ထဲက Settings ကိုသွားလိုက်ပါ။
2. Video and Audio ကိုရွေးလိုက်ပါ။
3. Audio Output ကိုရွေးလိုက်ပါ။
4. Other Speakers ထဲက HomePod ကို ရွေးလိုက်ပါ။

Leave a Reply