Xiaomi Redmi 6 နှင့် Redmi 6A အကြောင်းတစေ့တစောင်း

0
1651

Zawgyi version





Redmi 6
  • Helio P22 processor
  • 3GB or 4GB RAM
  • 5MP front camera
  • 3000mAh battery
  • Android 8.1 Oreo
Redmi 6A
  • Helio A22 processor
  • 2GB of RAM
  • 13MP main camera
  • 5MP front camera
  • 3000mAh battery
  • Android 8.1 Oreo





 

Unicode version

Xiaomi က သိပ်မကြာသေးခင်ကပဲ Xiaomi ရဲ့ နောက်ဆုံးထွက်ဖြစ်တဲ့ Mi 8 ကိုမိတ်ဆက်ထားတာပဲဖြစ်ပါတယ်။ သူနဲ့ သိပ်မကြာခင်မှာပဲ Xiaomi Redmi 6 နဲ့ Redmi 6A စမတ်ဖုန်းများကို ထုတ်လုပ်ဦးမှာပဲ ဖြစ်ပါတယ်။
နှစ်ခုလုံးကတော့ အိန္ဒိယဈေးကွက်မှာ အောင်မြင်မှု အသင့်အတင့်ရထားတဲ့ Redmi နဲ့ 5 Redmi 5A လိုမျိုး အောင်အောင်မြင်မြင်နဲ့ ထွက်လာဖို့ အစီစဉ်ရှိပါတယ်။
ဥပမာ- Redmi 5 အကြောင်းကိုပြောရမယ်ဆိုရင် 18:9 design ကိုကြီးမားတဲ့ ဘက်ထရီနဲ့ တည်ဆောက်ပုံတွေကလဲ တော်တော်ကောင်းမွန် ပါတယ်။ Note 5A လေးကတော့ Redmi 5 နဲ့ယှဉ်ရင် အကြမ်းတမ်းပိုခံပါတယ်။
Redmi 6 နဲ့ 6A လေးကို အသေးစိတ်အချက်အလက်လေးတွေနဲ့ ပါဝင်တဲ့ အကြောင်းအရာလေးတွေကို လေ့လာကြည့်ရအောင်။
Redmi 6 and 6A specs and features
Redmi 6
• 5.45-inch 18:9 HD+ (720×1440) LCD display
• Helio P22 processor
• 3GB or 4GB RAM
• 32GB or 64GB expandable storage
• Dual 12MP + 5MP back camera
• 5MP front camera
• 3000mAh battery
• Android 8.1 Oreo
• Extras: Bluetooth 4.2, MicroUSB, 3.5mm audio jack, Fingerprint scanner, OTG, etc.
Redmi 6A
• 5.45-inch 18:9 HD+ (720×1440) LCD display
• Helio A22 processor
• 2GB of RAM
• 16GB of expandable storage
• 13MP main camera
• 5MP front camera
• 3000mAh battery
• Android 8.1 Oreo
• Extras: Bluetooth 4.2, MicroUSB, 3.5mm audio jack, etc.
Redmi 6 လေးကတော့ Redmi 6A ထက်စာရင် RAM ပိုများပြီးတော့ လက်ဗွေစနစ်ပါဝင်မှာပဲ ဖြစ်ပါတယ်။
Redmi 6 လေးကတော့ AI နည်းပညာနဲ့ ပူးပေါင်းထွက်ရှိလာမှာဖြစ်ပြီး မျက်နှာနဲ့ ဖွင့်လို့ရမဲ့ စနစ်လဲ ပါဝင်လာဦးမှာ ဖြစ်ပါတယ်။
Redmi 6A ကိုတော့ hardware နဲ့ feature တွေကို ပေးရတဲ့ ဈေးနှုန်းနဲ့ တန်အောင်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Redmi 6 ကတော့ Redmi 5 နဲ့ယှဉ်ရင် ဘက်ထရီ ပိုနည်းသွားတာဖြစ်ပါတယ်။ 3000mAh ပဲပါဝင်တော့တာ ဖြစ်ပါတယ်။ တစ်ခုထူးခြားမှာကတော့ Redmi 6A မှာ MediaTek chipset အသစ် ပါဝင်လာမှာပဲ ဖြစ်ပါတယ်။
Redmi 6 နဲ့ 6A ကိုဈေးနှုန်းယှဉ်ကြည့်ခြင်း
Xiaomi က Redmi 6 နဲ့ Redmi 6A ကို တရုတ်ဈေးကွက်မှာ ပထမဆုံး ကြော်ငြာမှာပဲ ဖြစ်ပါတယ်။ သူတို့ကို Europe နဲ့ India မှာ နောက်လလောက်မှာ မိတ်ဆက်မှာပဲ ဖြစ်ပါတယ်။ ဘယ်နေ့ဆိုတာတော့ သေသေချာချာမသိရသေးပါဘူး။
ဈေးနှုန်းတွေကို ကြည့်မယ်ဆိုရင်တော့ 3/32GB နဲ့ Redmi 6 ကတော့ $125 လောက်ရှိမှာဖြစ်ပြီး 4/64GB ကတော့ $155 လောက်ကျမှာ ဖြစ်ပါတယ်။
Redmi 6A လေးကတော့ $95 လောက်ခန့်မှန်းထားပါတယ်။ ခုပြောထားတဲ့ဈေးတွေကတော့ တရုတ်မှာ ဖြစ်ပြီး တစ်ခြားနိုင်ငံတွေအတွက်ဆိုရင်တော့ ဈေးအပြောင်းအလဲ ရှိနိုင်ပါတယ်။

Leave a Reply