Asus က AR နဲ႔ VR အထူးျပဳ ZenFone Ares ကို မိတ္ဆက္

0
1359

Augmented Reality နဲ႔ Virtual Reality နည္းပညာမ်ားဟာ စမတ္ဖုန္းမ်ားကို ေရာက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ အဲဒီ နည္းပညာမ်ားကို ေကာင္းစြာ ကိုင္တြယ္ႏုိင္တဲ့ စြမ္းရည္ျမင့္ စမတ္ဖုန္းအခ်ိဳ႕လည္း ေစ်းကြက္ထဲကို ေရာက္ရွိလာပါၿပီ။ Asus က ယခင္ႏွစ္က AR နဲ႔ VR မ်ားကို အဓိက အသံုးျပဳႏုိင္တဲ့ ZenFone AR ကို ေရာင္းခ်ေပးခဲ့ပါတယ္။ အခုေတာ့ သူ႔ရဲ႕ မ်ိဳးဆက္ ျဖစ္တဲ့ ZenFone Ares ကို ထုိင္၀မ္မွာ ေၾကညာလိုက္ပါတယ္။

သူ႔မွာ Google ARCore နည္းပညာကို ေထာက္ပံ့ေအာင္ ဟာ့ဒ္၀ဲမ်ားကို ဖန္တီးထားပါတယ္။ AR, VR အတြက္ အထူးဖန္တီးထားတဲ့ အေနာက္ကင္မရာကို ထည့္သြင္းထားပါတယ္။ သူ႔ရဲ႕ အေနာက္ဘက္မွာ High-Res PixelMaster 3.0 Lens ပါတဲ့ 23MP Camera တစ္လံုး ထည့္သြင္းထားပါတယ္။ ကင္မရာဟာ AR သံုးဖက္ျမင္ Effects မ်ားအတြက္ လႈပ္ရွားမႈကို အာရံုခံျခင္းနဲ႔ Depth Sensing မ်ားကို အေထာက္အပံ့ေပးပါတယ္။ အေရွ႕ဘက္ ကင္မရာကေတာ့ 8MP ျဖစ္ပါတယ္။

အျခား အစိတ္အပိုင္းမ်ားကေတာ့ သာမာန္ ဖုန္းမ်ားလိုပဲ ျဖစ္ပါတယ္။ သူ႔မွာ သူ႔မွာ ၅.၇ လက္မ Super AMOLED Display ပါၿပီး အရည္အေသြးမွာ QHD Resolution (1440 x 2560 pixels) ျဖစ္ပါတယ္။ သမားရိုးက် 16:9 Aspect Ratio ကိုသာသံုးထားပါတယ္။ Snapdragon 821 Chipset , 8GB RAM , 128GB Internal Storage မ်ား ထည့္ေပးထားပါတယ္။ ဘက္ထရီက 3300mAh ျဖစ္ၿပီး လွ်င္ျမန္စြာ အားသြင္းႏိုင္တဲ့ Quick Charge 3.0 ပါပါတယ္။

အသံအရည္အေသြး ေကာင္းမြန္ေစတဲ့ SonicMaster 3.0 Hi-Res Audio 384 kHz Audio Decoder ထည့္သြင္းထားပါတယ္။ အသံပတ္လည္ေျပး စနစ္ပါတဲ့ DTS Headphone နဲ႔ တြဲဖက္ သံုးႏုိင္ပါတယ္။ ထိုင္၀မ္ ေဒၚလာ ၉၉၉၉ သတ္မွတ္ထားၿပီး ၃၃၃ ေဒၚလာ ၀န္းက်င္ က်သင့္ပါတယ္။ ထိုင္၀မ္ ျပင္ပမွာ ေရာင္းခ်မယ့္ သတင္းကို ကုမၸဏီက မေၾကညာေသးပါဘူး။

unicode

Asus က AR နဲ့ VR အထူးပြု ZenFone Ares ကို မိတ်ဆက်

Augmented Reality နဲ့ Virtual Reality နည်းပညာများဟာ စမတ်ဖုန်းများကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာများကို ကောင်းစွာ ကိုင်တွယ်နိုင်တဲ့ စွမ်းရည်မြင့် စမတ်ဖုန်းအချို့လည်း ဈေးကွက်ထဲကို ရောက်ရှိလာပါပြီ။ Asus က ယခင်နှစ်က AR နဲ့ VR များကို အဓိက အသုံးပြုနိုင်တဲ့ ZenFone AR ကို ရောင်းချပေးခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ မျိုးဆက် ဖြစ်တဲ့ ZenFone Ares ကို ထိုင်ဝမ်မှာ ကြေညာလိုက်ပါတယ်။

သူ့မှာ Google ARCore နည်းပညာကို ထောက်ပံ့အောင် ဟာ့ဒ်ဝဲများကို ဖန်တီးထားပါတယ်။ AR, VR အတွက် အထူးဖန်တီးထားတဲ့ အနောက်ကင်မရာကို ထည့်သွင်းထားပါတယ်။ သူ့ရဲ့ အနောက်ဘက်မှာ High-Res PixelMaster 3.0 Lens ပါတဲ့ 23MP Camera တစ်လုံး ထည့်သွင်းထားပါတယ်။ ကင်မရာဟာ AR သုံးဖက်မြင် Effects များအတွက် လှုပ်ရှားမှုကို အာရုံခံခြင်းနဲ့ Depth Sensing များကို အထောက်အပံ့ပေးပါတယ်။ အရှေ့ဘက် ကင်မရာကတော့ 8MP ဖြစ်ပါတယ်။

အခြား အစိတ်အပိုင်းများကတော့ သာမာန် ဖုန်းများလိုပဲ ဖြစ်ပါတယ်။ သူ့မှာ သူ့မှာ ၅.၇ လက်မ Super AMOLED Display ပါပြီး အရည်အသွေးမှာ QHD Resolution (1440 x 2560 pixels) ဖြစ်ပါတယ်။ သမားရိုးကျ 16:9 Aspect Ratio ကိုသာသုံးထားပါတယ်။ Snapdragon 821 Chipset , 8GB RAM , 128GB Internal Storage များ ထည့်ပေးထားပါတယ်။ ဘက်ထရီက 3300mAh ဖြစ်ပြီး လျှင်မြန်စွာ အားသွင်းနိုင်တဲ့ Quick Charge 3.0 ပါပါတယ်။

အသံအရည်အသွေး ကောင်းမွန်စေတဲ့ SonicMaster 3.0 Hi-Res Audio 384 kHz Audio Decoder ထည့်သွင်းထားပါတယ်။ အသံပတ်လည်ပြေး စနစ်ပါတဲ့ DTS Headphone နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ ထိုင်ဝမ် ဒေါ်လာ ၉၉၉၉ သတ်မှတ်ထားပြီး ၃၃၃ ဒေါ်လာ ဝန်းကျင် ကျသင့်ပါတယ်။ ထိုင်ဝမ် ပြင်ပမှာ ရောင်းချမယ့် သတင်းကို ကုမ္ပဏီက မကြေညာသေးပါဘူး။

Leave a Reply