
0
1424





unicode

ရေစိုခံ စွမ်းရည် ပိုမိုမြင့်မားလာမယ့် အနာဂတ် iPhone များ

iPhone X နဲ့ iPhone 8 များမှာ IP67 ရေစိုခံ စွမ်းရည် ထည့်ပေးထားပြီး ရေအနက် ၁ မီတာမှာ မိနစ် ၃၀ ကြာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ပြိုင်ဖက် ဖုန်းတွေလောက်တော့ ရေစိုခံ စွမ်းရည် မမြင့်မားပါဘူး။ အဓိက ပြဿနာ တစ်ခုက ဟန်းဆက်မှာ Accessory တစ်ခုကို တပ်ဆင်တဲ့ အခါမှာ အပေါက်များကနေ ရေဝင်နိုင်ခြင်း ဖြစ်ပါတယ်။ အခုတော့ Apple က ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့ Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။

USPTO မှာ မှတ်ပုံတင်ထားခြင်း ဖြစ်ပြီး အီလက်ထရောနစ် ကိရိယာများအတွက် Accessories များကို ရေလုံစေတဲ့ နည်းပညာ ဖြစ်ပါတယ်။ Patent မှာ Headphone လို Accessories များကို ဖုန်းမှာ တပ်ဆင်တဲ့အချိန်မှာ ရေမဝင်အောင် ကာကွယ်ပေးမယ်လို့ ဖော်ပြထားပါတယ်။ Apple လက်ရှိ ထုတ်လုပ်ရောင်းချပေးထားတဲ့ Accessories များအတွက်တော့ ဒီ Patent ကို အသုံးပြုလို့ မရပါဘူး။

Apple က ဒီရေစိုခံ စွမ်းရည်ဟာ ဘယ် Accessories များမှာ ပါလာမလဲ ဆိုတာကို မဖော်ပြထားပါဘူး။ ဒါပေမယ့် လေထု စိုထိုင်းမှုများတဲ့ နေရာများ၊ စိုစွတ်ပြီး သန့်ရှင်းမှု မရှိတဲ့ နေရာများမှာ အသုံးပြုတဲ့ Accessories များမှာ ပါလာနိုင်ပါတယ်။

သူ့ရဲ့ နည်းပညာဟာ IP68 ရဲ့ ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ ကြာ အသုံးပြုနိုင်တဲ့ စွမ်းရည်ကိုလည်း ထောက်ပံ့နိုင်ပါတယ်။ ဒါဟာ လက်ရှိ အိုင်ဖုန်းများရဲ့ ရေစိုခံ စွမ်းရည်ထက်တော့ မြင့်မားလာမှာ ဖြစ်ပါတယ်။ မကြာခင်မှာတော့ ဒီစွမ်းရည်ပါတဲ့ Accessories များကို ကုမ္ပဏီက ရောင်းမှာ မဟုတ်သေးပါဘူး။

Leave a Reply