Snapdragon 710 ပရိုဆက္ဆာသာ သုံးလာမယ့္ Xiaomi Mi MAX 3

0
507

Xiaomi အေနနဲ႔ Redmi 6 နဲ႔ Redmi 6A လိုေစ်းသက္သာတဲ့ စမတ္ဖုန္းေတြကို တရုတ္ႏုိင္ငံမွာ ယခုရက္ပိုင္းအတြင္း မိတ္ဆက္ခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ Xiaomi ဟာဇူလိုင္လမွာ ပြဲထုတ္မိတ္ဆက္သြားမယ့္ Mi Max 3 နဲ႔ပတ္သတ္ၿပီး ထုတ္လုပ္မႈအဆင့္ေတြကို ျပင္ဆင္လ်က္ရွိေနပါတယ္။ Xiaomi အသစ္ထြက္မယ့္ စမတ္ဖုန္းကိုေတာ့  code name အေနနဲ႔ M1807E8S လို႔ေပးထားၿပီး တရုတ္ႏိုင္ငံမွာ 3C အသိအမွတ္ျပဳရရွိထားပါၿပီ။ ယခုရက္ပိုင္းမွာေတာ့ တရုတ္လူမႈကြန္ရက္ Weibo မွာ  Mi Max 3 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြ ေန႔စဥ္နဲ႔အမွ်ထြက္လ်က္ ရွိေနပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းကေတာ့ Xiaomi ရဲ႕ Mi MAX 3 ရဲ႕ထိပ္ဘက္မွာ Notch ပါဝင္လာမယ္ဆိုတဲ့ သတင္းေတြထြက္လာပါတယ္။  ဒီေန႔မွာ ထပ္မံထြက္လာတဲ့ အခ်က္အလက္ေတြမွာေတာ့ Xiaomi Mi MAX 3 ဟာ ထိပ္ဘက္မွာ Notch ပါဝင္လာမွာ မဟုတ္ေတာ့ပဲ full-View အျပည့္နဲ႔သာ ျဖစ္လာမယ္လို႔ဆိုပါတယ္။  မ်က္ႏွာျပင္ 6.99 လက္မ 18:9 အခ်ိဳးနဲ႔ full view display သုံးထားမွာျဖစ္ၿပီး ၊စြမ္းအားပိုင္းမွာေတာ့ Snapdragon 710 SoC ကိုထည့္သြင္းထားပါတယ္။ Snapdragon 710 ဟာ2 Cortex-A75 big core နဲ႔ 6 Cortex-A55 small core ေပါင္းစပ္ထားတာ ျဖစ္ၿပီးGPU Adreno 616 ကိုေပါင္းစပ္ထားပါတယ္။

သူ႕ရဲ႕ပါဝါစြမ္းအားဟာ AI engine ပါဝင္တဲ့ Snapdragon 660 ရဲ႕လုပ္ေဆာင္ခ်က္ ထက္ ၂ဆပိုေကာင္းလာမယ္လို႔ ဆိုပါတယ္။ ကင္မရာပိုင္းမွေတာ့ ေနာက္ေက်ာဘက္မွာ Dual ျဖစ္ႏိုင္ၿပီး  20MP ( Sony IMX363) သုံးလာမယ္လို႔ သိရပါတယ္။ Android 8.1 Oreo အေျချပဳ MIUI 10 ကိုတပါတည္း သုံးႏုိင္မွာျဖစ္ၿပီး RAM 4GB နဲ႔သိုေလွာင္မႈပိုင္းမွာ 32GB ျဖစ္ႏုိင္ၿပီး မတူညီတဲ့ Storage ေတြနဲ႔ပါ ထြက္လာႏုိင္ပါတယ္။ဘက္ထရီကိုေတာ့ 5,500mAh နဲ႔ျဖစ္ၿပီး Quick Charge 3.0 ေထာက္ပံ့မႈပါဝင္လာမွာပါ။

Unicode

Xiaomi အနေနဲ့ Redmi 6 နဲ့ Redmi 6A လိုဈေးသက်သာတဲ့ စမတ်ဖုန်းတွေကို တရုတ်နိုင်ငံမှာ ယခုရက်ပိုင်းအတွင်း မိတ်ဆက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ Xiaomi ဟာဇူလိုင်လမှာ ပွဲထုတ်မိတ်ဆက်သွားမယ့် Mi Max 3 နဲ့ပတ်သတ်ပြီး ထုတ်လုပ်မှုအဆင့်တွေကို ပြင်ဆင်လျက်ရှိနေပါတယ်။ Xiaomi အသစ်ထွက်မယ့် စမတ်ဖုန်းကိုတော့  code name အနေနဲ့ M1807E8S လို့ပေးထားပြီး တရုတ်နိုင်ငံမှာ 3C အသိအမှတ်ပြုရရှိထားပါပြီ။ ယခုရက်ပိုင်းမှာတော့ တရုတ်လူမှုကွန်ရက် Weibo မှာ  Mi Max 3 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ နေ့စဉ်နဲ့အမျှထွက်လျက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ Xiaomi ရဲ့ Mi MAX 3 ရဲ့ထိပ်ဘက်မှာ Notch ပါဝင်လာမယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။  ဒီနေ့မှာ ထပ်မံထွက်လာတဲ့ အချက်အလက်တွေမှာတော့ Xiaomi Mi MAX 3 ဟာ ထိပ်ဘက်မှာ Notch ပါဝင်လာမှာ မဟုတ်တော့ပဲ full-View အပြည့်နဲ့သာ ဖြစ်လာမယ်လို့ဆိုပါတယ်။  မျက်နှာပြင် 6.99 လက်မ 18:9 အချိုးနဲ့ full view display သုံးထားမှာဖြစ်ပြီး ၊စွမ်းအားပိုင်းမှာတော့ Snapdragon 710 SoC ကိုထည့်သွင်းထားပါတယ်။ Snapdragon 710 ဟာ2 Cortex-A75 big core နဲ့ 6 Cortex-A55 small core ပေါင်းစပ်ထားတာ ဖြစ်ပြီးGPU Adreno 616 ကိုပေါင်းစပ်ထားပါတယ်။

သူ့ရဲ့ပါဝါစွမ်းအားဟာ AI engine ပါဝင်တဲ့ Snapdragon 660 ရဲ့လုပ်ဆောင်ချက် ထက် ၂ဆပိုကောင်းလာမယ်လို့ ဆိုပါတယ်။ ကင်မရာပိုင်းမှတော့ နောက်ကျောဘက်မှာ Dual ဖြစ်နိုင်ပြီး  20MP ( Sony IMX363) သုံးလာမယ်လို့ သိရပါတယ်။ Android 8.1 Oreo အခြေပြု MIUI 10 ကိုတပါတည်း သုံးနိုင်မှာဖြစ်ပြီး RAM 4GB နဲ့သိုလှောင်မှုပိုင်းမှာ 32GB ဖြစ်နိုင်ပြီး မတူညီတဲ့ Storage တွေနဲ့ပါ ထွက်လာနိုင်ပါတယ်။ဘက်ထရီကိုတော့ 5,500mAh နဲ့ဖြစ်ပြီး Quick Charge 3.0 ထောက်ပံ့မှုပါဝင်လာမှာပါ။

Leave a Reply