IFA 2018 မိတ္ဆက္သြားမယ့္ Samsung Galaxy Tab S4 ရဲ႕အခ်က္အလက္မ်ား ထြက္ရွိလာ

0
1544

Samsung အေနနဲ႔ ႀသဂုတ္လ နယူးေယာက္မွာက်င္းပမယ့္ မိတ္ဆက္ပြဲမွာ Galaxy Note 9 ကိုမိတ္ဆက္သြားဖို႔ ရွိေနပါတယ္။ အဲ့ဒီမတိုင္ခင္ ဂ်ာမနီမွာ က်င္းပမယ့္ IFA 2018 မွာေတာ့ ထုတ္ကုန္သစ္ေတြမိတ္ဆက္သြားဖို႔ရွိေနၿပီး  Galaxy Tab S4 tablet , Galaxy Watch နဲ႔ Galaxy Fit ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီေန႔မွာေတာ့ ပထမဆုံးအေနနဲ႔ အသစ္မိတ္ဆက္မယ့္ Galaxy Tab S4 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြထြက္ရွိလာပါတယ္။

Tablet ရဲ႕ေဒါင္လိုက္အေနအထား ဓာတ္ပုံနဲ႔အတူ Geekbench မွာတင္ထားတဲ့ အခ်က္အလက္ေတြအရ လုပ္ေဆာင္ခ်က္ေကာင္းေတြ ပါဝင္လာႏုိင္ေျခရွိပါတယ္။ Galaxy Tab S4 ဟာမိုဘိုင္းနယ္ပယ္အတြက္ အဓိကၿပိဳင္ဘက္ႀကီးလို႔ဆိုႏုိင္တဲ့ Apple ရဲ႕ iPad Pro နဲ႔ေစ်းကြက္ယွဥ္ၿပိဳင္ရႏုိင္ပါတယ္။ Samsung Galaxy Tab S4 ရဲ႕ေမာ္ဒယ္နံပတ္ကိုေတာ့  SM-T835 လို႔သိရၿပီး သူ႕မွာ 10.5 လက္မမ်က္ႏွာျပင္နဲ႔အတူ 2560*1600 px ေဖာ္ျပႏုိင္စြမ္းနဲ႔ ထြက္ရွိလာပါလိမ့္မယ္။ ပါဝါစြမ္းအားပိုင္းမွာေတာ့ Snapdragon 835 ပရိုဆက္ဆာနဲ႔ျဖစ္ၿပီး  RAM 4GB နဲ႔ ROM 64GB ေထာက္ပံ့ေပးသြားမယ္လို႔ သိရပါတယ္။

အေရွ႕ဘက္မွာ 8MP ကင္မရာနဲ႔ ေနာက္ေက်ာဘက္မွာေတာ့ 12MP ကိုသုံးထားမွာ ျဖစ္ပါတယ္။ Galaxy Tab S4 ရဲ႕ဓာတ္ပုံေတြလည္း ထြက္ရွိလာၿပီး သူရဲ႕အျပင္အဆင္ပုံစံက Galaxy S9 နဲ႔ဆင္တူပါတယ္။ OS ပိုင္းမွာေတာ့ အျမင့္စား Android 8.1 ကိုအေျခခံနဲ႔အတူ Samsung Experience 9.5 ကိုထည့္သြင္းလာမွာ ျဖစ္ပါတယ္။

ေစ်းႏႈန္းကေတာ့ 650 ယူရုိ(သို႔) 700 ယူရိုေလာက္နဲ႔ ထြက္ရွိလာႏုိင္ၿပီး WiFi နဲ႔ 4G ဆိုၿပီးဗားရွင္း ၂မ်ိဳးနဲ႔ထြက္ရွိလာမွာျဖစ္ပါတယ္။ 4G ဗားရွင္းကေတာ့ WIFI ထက္ေစ်းႏႈန္း အနည္းငယ္ ႀကီးျမင့္ႏုိင္ပါတယ္။ S pen ကိုတပါတည္းထည့္သြင္းေပးလာႏုိင္ပါတယ္။ ဒါ့အျပင္လက္ေဗြဖတ္စနစ္ကို ထားတဲ့ေနရာလည္း ေျပာင္းလဲလာႏုိင္ေျခရွိပါတယ္။

Unicode

Samsung အနေနဲ့ သြဂုတ်လ နယူးယောက်မှာကျင်းပမယ့် မိတ်ဆက်ပွဲမှာ Galaxy Note 9 ကိုမိတ်ဆက်သွားဖို့ ရှိနေပါတယ်။ အဲ့ဒီမတိုင်ခင် ဂျာမနီမှာ ကျင်းပမယ့် IFA 2018 မှာတော့ ထုတ်ကုန်သစ်တွေမိတ်ဆက်သွားဖို့ရှိနေပြီး  Galaxy Tab S4 tablet , Galaxy Watch နဲ့ Galaxy Fit ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီနေ့မှာတော့ ပထမဆုံးအနေနဲ့ အသစ်မိတ်ဆက်မယ့် Galaxy Tab S4 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေထွက်ရှိလာပါတယ်။

Tablet ရဲ့ဒေါင်လိုက်အနေအထား ဓာတ်ပုံနဲ့အတူ Geekbench မှာတင်ထားတဲ့ အချက်အလက်တွေအရ လုပ်ဆောင်ချက်ကောင်းတွေ ပါဝင်လာနိုင်ခြေရှိပါတယ်။ Galaxy Tab S4 ဟာမိုဘိုင်းနယ်ပယ်အတွက် အဓိကပြိုင်ဘက်ကြီးလို့ဆိုနိုင်တဲ့ Apple ရဲ့ iPad Pro နဲ့ဈေးကွက်ယှဉ်ပြိုင်ရနိုင်ပါတယ်။ Samsung Galaxy Tab S4 ရဲ့မော်ဒယ်နံပတ်ကိုတော့  SM-T835 လို့သိရပြီး သူ့မှာ 10.5 လက်မမျက်နှာပြင်နဲ့အတူ 2560*1600 px ဖော်ပြနိုင်စွမ်းနဲ့ ထွက်ရှိလာပါလိမ့်မယ်။ ပါဝါစွမ်းအားပိုင်းမှာတော့ Snapdragon 835 ပရိုဆက်ဆာနဲ့ဖြစ်ပြီး  RAM 4GB နဲ့ ROM 64GB ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

အရှေ့ဘက်မှာ 8MP ကင်မရာနဲ့ နောက်ကျောဘက်မှာတော့ 12MP ကိုသုံးထားမှာ ဖြစ်ပါတယ်။ Galaxy Tab S4 ရဲ့ဓာတ်ပုံတွေလည်း ထွက်ရှိလာပြီး သူရဲ့အပြင်အဆင်ပုံစံက Galaxy S9 နဲ့ဆင်တူပါတယ်။ OS ပိုင်းမှာတော့ အမြင့်စား Android 8.1 ကိုအခြေခံနဲ့အတူ Samsung Experience 9.5 ကိုထည့်သွင်းလာမှာ ဖြစ်ပါတယ်။

ဈေးနှုန်းကတော့ 650 ယူရို(သို့) 700 ယူရိုလောက်နဲ့ ထွက်ရှိလာနိုင်ပြီး WiFi နဲ့ 4G ဆိုပြီးဗားရှင်း ၂မျိုးနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။ 4G ဗားရှင်းကတော့ WIFI ထက်ဈေးနှုန်း အနည်းငယ် ကြီးမြင့်နိုင်ပါတယ်။ S pen ကိုတပါတည်းထည့်သွင်းပေးလာနိုင်ပါတယ်။ ဒါ့အပြင်လက်ဗွေဖတ်စနစ်ကို ထားတဲ့နေရာလည်း ပြောင်းလဲလာနိုင်ခြေရှိပါတယ်။

Leave a Reply