
0
1219







unicode

Royal Blue အရောင် ထွက်ရှိလာတဲ့ Xiaomi Black Shark

Xiaomi Black Shark အတွက် အရောင်အသစ်တစ်မျိုးကို ရွေးချယ်နိုင်ပါပြီ။ Royal Blue အရောင် ဖြစ်ပြီး သူဟာ သာမာန် မော်ဒယ်ထက် ဈေးနည်းနည်း ပိုကြီးပါတယ်။ သူ့မှာ 8GB RAM , 128GB Storage များ ထည့်သွင်းထားပြီး ၅၄၇ ဒေါ်လာ ကျသင့်ပါတယ်။ သူဟာ သာမာန် 6GB/64GB Model ထက် ၇၈ ဒေါ်လာ ပိုများပါတယ်။

Xiaomi Black Shark စမတ်ဖုန်းဟာ Screen size ၆ လက်မ ၊ Screen resolution အနေနဲ့ 2160x1080p (Full HD+, 18:9 ratio) ဖြစ်ပြီး Processor အနေနဲ့ Snapdragon 845 processor with Adreno 630 GPU ပါဝင်ပါတယ်။ Black Shark စမတ်ဖုန်းရဲ့ဘေးဘက်မှာ Black Shark ရဲ့ “plug-and-play” gamepad ကိုတပ်ဆင်အသုံးပြုနိုင်မှာဖြစ်ပြီး ဒီ Game ခလုတ်လေးထဲမှာ 340 mAh battery ပါဝင်တာကြောင့် တစ်ကြိမ်အားသွင်းထားရုံနဲ့ 30 hours ဆက်တိုက်ဆော့ကစားနိုင်ပါမယ်။ ဒီ Game Pad လေးကတော့ ဖုန်းဂျပ်ဗူးထဲမှာတစ်ပါတည်းပါဝင်လာမှာမဟုတ်ဘဲ မြန်မာငွေ ၃၀၀၀၀ ဝန်းကျင်နဲ့ထပ်မံဝယ်ယူရမှာပါ။

Black Shark စမတ်ဖုန်းထဲမှာ integrated liquid cooling system လည်းပါဝင်ပြီး အချိန်အကြာကြီးဂိမ်းဆော့နေစဉ်ဖုန်းအပူလွန်ကဲခြင်းမဖြစ်အောင် CPU temperature ကို 8 degree C ခန့် လျှော့ချပေးနိုင်ပါတယ်။

Razor ဖုန်းကဲ့သို့ 120 HZ refresh rate မရသော်လည်း Gaming Performance ပိုင်းပိုကောင်းစေဖို့ image processing chip လည်းပါဝင်ပြီး ဒီ chip ဟာ ဂိမ်းဆော့နေစဉ်မှာ ရုပ်ထွက်ချောမွေ့မှုရှိစေဖို့ intelligent motion compensation technology နဲ့အတူ image enhancement, dark scene detail processing စတာတွေကိုလုပ်ဆောင်ပေးပါတယ်။

ကင်မရာပိုင်းအနေနဲ့ ဖုန်းနောက်ဘက်ခြမ်းမှာ dual 12MP + 20MP rear-camera setup (f/1.75 aperture lenses) နဲ့ dual-tone LED Flash တွေပါဝင်ပြီး Phase-detection autofocus, 4K capture, HDR, and Portrait Mode စတာတွေလည်းပါဝင်ပါတယ်။ ရှေ့ Selfie Camera အနေနဲ့ 20MP (f/2.2 aperture lens) ကိုတပ်ဆင်ထားပါတယ်။

Fingerprint scanner ကိုဖုန်းရဲ့ရှေ့ဘက်ခြမ်းမှာပဲထည့်သွင်းပေးထားပါတယ်။ Battery အနေနဲ့ 4,000 mAh battery အသုံးပြုပေးထားပြီး အမြန်အားသွင်းစနစ်အနေနဲ့ Qualcomm Quick Charge 3.0 နည်းပညာပါဝင်ပါတယ်။ USB Type-C Port ကိုအသုံးပြုထားပါတယ်။ headphone jack တော့မပါဝင်ပါဘူး။ Bluetooth 4.0 technology ပါဝင်ပြီး GamePad နဲ့ချိတ်ဆက်တဲ့အခါမှာလည်း Bluetooth နဲ့ပဲချိတ်ရမှာပါ။ Dual SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပါတယ်။

Leave a Reply