unicode
OnePlus 6 ကို တစ်လအတွင်း အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့
OnePlus ရဲ့ စီအီးအို ဖြစ်သူ Pete Lau က ၂၂ ရက်အတွင်းမှာ OnePlus 6 အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ယခင် OnePlus Phone မျိုးဆက်နှစ်ခုမှာတုန်းက အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ဖို့ အချိန် ၃ လယူခဲ့ရပါတယ်။ ဒါပေမယ့် ပြိုင်ဖက် Samsung နဲ့ Apple တို့ရဲ့ စွမ်းရည်မြင့် ဖုန်းများရဲ့ ရောင်းအားကို မယှဉ်နိုင်သေးပါဘူး။
အဲဒီ ကုမ္ပဏီများမှ စွမ်းရည်မြင့် ဖုန်းများဟာ တစ်လအတွင်းမှာ အလုံးရေ ၁၀ သန်းကျော်ရောင်းချနိုင်ကြပါတယ်။ OnePlus ဟာ သူ့ရဲ့ ဖုန်းများကို ဖောက်သည်းများထံ တိုက်ရိုက်ရောင်းချတဲ့ စနစ်ကို ကျင့်သုံးပြီး တစ်ဆင့်ပြန်လည် ရောင်းချပေးတဲ့ ဆိုင်များနဲ့ ချိတ်ဆက်ထားခြင်း မရှိပါဘူး။ အဲဒီအတွက် ကမ္ဘာ့ဈေးကွက်ကို အလွန်လွှမ်းခြုံထားခြင်း မရှိပါဘူး။ သူ့ရဲ့ ၅၂၉ ဒေါ်လာ တန်ကြေးဟာ ပြိုင်ဖက် စွမ်းရည်မြင့် ဖုန်းများထက် များစွာ သက်သာပါတယ်။
စမတ်ဖုန်း စွမ်းဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး အမြဲထုတ်ပြန်ပေးလေ့ရှိတဲ့ AnTuTu အနေနဲ့မေလအတွက် အကောင်းဆုံး Android စမတ်ဖုန်း၁၀လုံးစာရင်းကို မကြာခင်က ထုတ်ပြန်ပေးလိုက်ပါတယ်။ ထုတ်ပြန်ပေးလိုက်တဲ့စမတ်ဖုန်း ၁၀လုံးမှာ OnePlus 6 ကထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး၊ တတိယနေရာမှာတော့ Xiaomi ရဲ့ဂိမ်းဖုန်းဖြစ်တဲ့ Black Shark Gaming ကရပ်တည်လျက်ရှိနေပါတယ်။ ထိပ်တန်း၁၀လုံးစာရင်းမှာ ထူးခြားစွာပဲ Qualcomm ရဲ့ Snapdragon 845 SoC ကိုသုံးထားတဲ့ ဖုန်းတွေကသာ ရပ်တည်လျက်ရှိနေပါတယ်။