Curved Display နဲ႔မ်က္ႏွာျပင္ေအာက္ လက္ေဗြဖတ္စနစ္ပါတဲ့ Meizu 16 ပုံရိပ္မ်ားထြက္ရွိလာ

0
1070

လြန္ခဲ့တဲ့ ဧၿပီလတုန္းက တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Meizu အေနနဲ႔ ကုမၸဏီရဲ႕ ၁၅ႏွစ္ျပည့္အထိမ္းအမွတ္လို႔ ဆုိႏိုင္တဲ့ Meizu 15 စီးရီးဖုန္းေတြကို ထုတ္လုပ္ေပးခဲ့ပါတယ္။ သို႔ေပမယ့္လည္း အဲ့ဒီစမတ္ဖုန္းေတြဟာ ေစ်းကြက္ထဲမွာ ထင္မွတ္ထားသေလာက္လူႀကိဳက္မ်ားျခင္းမရွိခဲ့ပါဘူး။ Meizu 15 စီးရီးေတြရဲ႕ ေရာင္းခ်မႈပမာဏဟာ အရမ္းကိုနည္းပါးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ Meizu အေနနဲ႔ ေနာက္ထပ္စမတ္ဖုန္း စီးရီးသစ္တစ္ခုကို ေစ်းကြက္ထဲကို ထပ္မံမိတ္ဆက္ႏိုင္ဖုိ႔ အျပင္းအထန္ႀကိဳးစားလ်က္ရွိေနပါတယ္။ အဲ့ဒီစမတ္ဖုန္းကေတာ့  Meizu 16 စီးရီးဖုန္းေတြျဖစ္ၿပီး ဒီေန႔မွာေတာ့ ဖုန္းအသစ္နဲ႔ပတ္သတ္တဲ့ အခ်က္အလက္နဲ႔ ဓာတ္ပုံေတြထြက္ရွိလာပါတယ္။

ဒီေန႔ထြက္ရွိလာတဲ့ ဓာတ္ပုံေတြကို ၾကည့္လိုက္တဲ့အခါမွာေတာ့  Meizu 16 စမတ္ဖုန္းဟာ Samsung ရဲ႕ Galaxy S9 ဖုန္းနဲ႔အေတာ္ေလး ဆင္တူတာကိုေတြ႕ရပါတယ္။ သူ႕မွာ full view curved display ကိုသုံးထားၿပီးဖုန္းရဲ႕ထိပ္ဘက္မွာ notch တပ္ဆင္ထားျခင္းေတာ့ မရွိပါဘူး။ Meizu 16 စီးရီးဖုန္းေတြကို ဗားရွင္း၂မ်ိဳးနဲ႔ ထုတ္လုပ္လာႏုိင္ၿပီး 5.6 လက္မနဲ႔  6.1 လက္မဆိုၿပီး ကြဲျပားႏုိင္ပါတယ္။ စမတ္ဖုန္း၂မိ်ဳးလုံးမွာေတာ့Snapdragon 845 ပရိုဆက္ဆာကိုသာ သုံးထားမွာျဖစ္ပါတယ္။ PRO ဗားရွင္းဖုန္းရဲ႕အထူဟာ  7.2mm ေလာက္သာရွိပါလိမ့္မယ္။ ဘက္ထရီစြမ္းအားပိုင္းမွာေတာ့ Meizu 16 မွာ 3,080mAh နဲ႔ 16 PRO မွာေတာ့ 3,600mAh စြမ္းအားကိုသုံးလာမွာျဖစ္ၿပီး 32W အားသြင္းျမန္ဆန္တဲ့စနစ္(သို႔) 10W ဝိုင္ယာလက္အားသြင္းစနစ္ကို ထည့္သြင္းေပးပါလိမ့္မယ္။

ထိပ္တန္းေမာ္ဒယ္မွာေတာ့ RAM 8GB နဲ႔အတူ ROM 256GB အခ်က္အလက္သိုေလွာင္မႈနဲ႔ ထုတ္လုပ္ေပးပါလိမ့္မယ္။ under display fingerprint scanner ကိုေထာက္ပံ့ေပးမွာကေတာ့ လုံးဝေသခ်ာေနပါတယ္။  ဇူလိုင္လကုန္မွာ ထြက္ရွိလာႏိုင္ၿပီး ၾသဂုတ္လအတြင္းမွာ စတင္ဝယ္ယူရရွိႏုိင္ပါလိမ့္မယ္။ ေစ်းႏႈန္းပိုင္းမွာေတာ့Meizu 16 ဟာ 64 GB ROM + 6 GB RAM ကို 2,999 ယြမ္ ($469) နဲ႔ျဖစ္ၿပီး 128 GB ROM + 6 GB RAM ကိုေတာ့ 3,299 ယြမ္ ($515) က်သင့္ႏိုင္ၿပီး Meizu 16 PRO ကိုေတာ့ 128 GB ROM + 6 GB RAM – 3.699 ယြမ္ ($579) နဲ႔ 256 GB ROM + 8 GB RAM – 3,999 ယြမ္ ($625) ေလာက္ က်သင့္ႏုိင္ပါတယ္။

Unicode

လွန်ခဲ့တဲ့ ဧပြီလတုန်းက တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Meizu အနေနဲ့ ကုမ္ပဏီရဲ့ ၁၅နှစ်ပြည့်အထိမ်းအမှတ်လို့ ဆိုနိုင်တဲ့ Meizu 15 စီးရီးဖုန်းတွေကို ထုတ်လုပ်ပေးခဲ့ပါတယ်။ သို့ပေမယ့်လည်း အဲ့ဒီစမတ်ဖုန်းတွေဟာ ဈေးကွက်ထဲမှာ ထင်မှတ်ထားသလောက်လူကြိုက်များခြင်းမရှိခဲ့ပါဘူး။ Meizu 15 စီးရီးတွေရဲ့ ရောင်းချမှုပမာဏဟာ အရမ်းကိုနည်းပါးခဲ့ပါတယ်။ အဲ့ဒါကြောင့် Meizu အနေနဲ့ နောက်ထပ်စမတ်ဖုန်း စီးရီးသစ်တစ်ခုကို ဈေးကွက်ထဲကို ထပ်မံမိတ်ဆက်နိုင်ဖို့ အပြင်းအထန်ကြိုးစားလျက်ရှိနေပါတယ်။ အဲ့ဒီစမတ်ဖုန်းကတော့  Meizu 16 စီးရီးဖုန်းတွေဖြစ်ပြီး ဒီနေ့မှာတော့ ဖုန်းအသစ်နဲ့ပတ်သတ်တဲ့ အချက်အလက်နဲ့ ဓာတ်ပုံတွေထွက်ရှိလာပါတယ်။

ဒီနေ့ထွက်ရှိလာတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်တဲ့အခါမှာတော့  Meizu 16 စမတ်ဖုန်းဟာ Samsung ရဲ့ Galaxy S9 ဖုန်းနဲ့အတော်လေး ဆင်တူတာကိုတွေ့ရပါတယ်။ သူ့မှာ full view curved display ကိုသုံးထားပြီးဖုန်းရဲ့ထိပ်ဘက်မှာ notch တပ်ဆင်ထားခြင်းတော့ မရှိပါဘူး။ Meizu 16 စီးရီးဖုန်းတွေကို ဗားရှင်း၂မျိုးနဲ့ ထုတ်လုပ်လာနိုင်ပြီး 5.6 လက်မနဲ့  6.1 လက်မဆိုပြီး ကွဲပြားနိုင်ပါတယ်။ စမတ်ဖုန်း၂မျိုးလုံးမှာတော့Snapdragon 845 ပရိုဆက်ဆာကိုသာ သုံးထားမှာဖြစ်ပါတယ်။ PRO ဗားရှင်းဖုန်းရဲ့အထူဟာ  7.2mm လောက်သာရှိပါလိမ့်မယ်။ ဘက်ထရီစွမ်းအားပိုင်းမှာတော့ Meizu 16 မှာ 3,080mAh နဲ့ 16 PRO မှာတော့ 3,600mAh စွမ်းအားကိုသုံးလာမှာဖြစ်ပြီး 32W အားသွင်းမြန်ဆန်တဲ့စနစ်(သို့) 10W ဝိုင်ယာလက်အားသွင်းစနစ်ကို ထည့်သွင်းပေးပါလိမ့်မယ်။

ထိပ်တန်းမော်ဒယ်မှာတော့ RAM 8GB နဲ့အတူ ROM 256GB အချက်အလက်သိုလှောင်မှုနဲ့ ထုတ်လုပ်ပေးပါလိမ့်မယ်။ under display fingerprint scanner ကိုထောက်ပံ့ပေးမှာကတော့ လုံးဝသေချာနေပါတယ်။  ဇူလိုင်လကုန်မှာ ထွက်ရှိလာနိုင်ပြီး သြဂုတ်လအတွင်းမှာ စတင်ဝယ်ယူရရှိနိုင်ပါလိမ့်မယ်။ ဈေးနှုန်းပိုင်းမှာတော့Meizu 16 ဟာ 64 GB ROM + 6 GB RAM ကို 2,999 ယွမ် ($469) နဲ့ဖြစ်ပြီး 128 GB ROM + 6 GB RAM ကိုတော့ 3,299 ယွမ် ($515) ကျသင့်နိုင်ပြီး Meizu 16 PRO ကိုတော့ 128 GB ROM + 6 GB RAM – 3.699 ယွမ် ($579) နဲ့ 256 GB ROM + 8 GB RAM – 3,999 ယွမ် ($625) လောက် ကျသင့်နိုင်ပါတယ်။

Leave a Reply