Huawei Y6 Prime စမတ်ဖုန်းအား လေ့လာသုံးသပ်ချက်

0
8486

Huawei ရဲ့ အသစ်ထွက်ထားတာ မကြာသေးတဲ့ Y6 Prime စမတ်ဖုန်းကို လေ့လာသုံးသပ်ဖြစ်ခဲ့ပါတယ်။ ၁ သိန်းကျော်ကျော် ဝန်းကျင်လေးကိုမှ ဒီဇိုင်းအရရော၊ Specification အရရော၊ နောက်ပြီးတော့ System အပိုင်းအရရော သေသေချာချာလေးလုပ်ထားတာတွေ့လို့ စိတ်ဝင်စားမိပါတယ်။ ဒါဟာ Huawei က သူ့ရဲ့ အခြားသောပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ဖို့ ဈေးကွက်ဗျူဟာပိုင်း ပြောင်းလဲပြင်ဆင်လိုက်တာလို့ သုံးသပ်ရပါတယ်

Huawei Y6 Prime စမတ်ဖုန်းရဲ့ ဒီဇိုင်းအသွင်အပြင်က စပြောရမယ်ဆိုရင် Huawei Y6 Prime မှာ ၅.၇ လက်မ အရွယ်ရှိတဲ့ FullView Display ပါဝင်ပြီး 2.5D Glass မျက်နှာပြင်ခုံးနဲ့ ပြုလုပ်ထားပါတယ်။

ကျောဘက်ဒီဇိုင်းကို Matte ပုံစံနဲ့ သေသေသပ်သပ် တွေ့မြင်ရပြီး လက်ထဲမှာ ကိုင်တွယ်ရ အဆင်ပြေပါတယ်။

Screen ရဲ့ Resolution က HD+ (1440 x 720) ရှိတဲ့အတွက် ရုပ်ရှင်ကြည့်တဲ့အချိန်၊ ဂိမ်းဆော့တဲ့အချိန်မှာ ရုပ်ထွက်အရည်အသွေးက အတော်ကြည်လင်ပြတ်သားပြီး တောက်ပမှုရှိပါတယ်။ Overall ခြုံငုံပြောရမယ်ဆိုရင် ဒီဇိုင်းက ရိုးရိုးရှင်းရှင်းနဲ့ လှပပါတယ်။

Huawei Y6 Prime ရဲ့ စွမ်းဆောင်ရည်ပိုင်းကို ဆက်လေ့လာကြည့်ရအောင်။  Processor အနေနဲ့ Qualcomm Snapdragon 425 ၊ RAM အနေနဲ့ 2GB ၊ ROM  အနေနဲ့ 16GB ပါဝင်ပါတယ်။ Three Card Slot အမျိုးအစား ဖြစ်လို့ storage နည်းခဲ့ရင် Memory Card ကို ထပ်မံတိုးချဲ့အသုံးပြုနိုင်မှာပါ။ Android Version ကလည်း မြင့်ပါတယ်။ Software system ပိုင်းအနေနဲ့ Android 8.0 Oreo ကို အခြေခံတဲ့ EMUI 8.0 ကို အသုံးပြုထားပါတယ်။ Processor ၊ RAM အနေအထားအရ ဂိမ်းဆော့ဖို့လည်း အဆင်ပြေမယ့်ဖုန်းတစ်လုံးပါ။ ဒါပေမဲ့ Graphic/Resolution အရမ်းကောင်းတဲ့ဂိမ်းတွေဆိုရင်တော့ သိပ် smooth မဖြစ်တဲ့ အနေအထားတွေနဲ့ပဲ ကစားရမှာပါ။ ၁ သိန်းဝန်းကျင်ဖုန်းဆိုတော့ တန်ဖိုးကြီးဖုန်းတွေလိုတော့ အရမ်းမှန်းလို့ မရဘူးပေါ့။ Huawei Y6 Prime မှာ 3000 mAh ဘက်ထရီ ပါဝင်တဲ့အပြင် မလိုအပ်ဘဲ ဘက်ထရီ မကုန်ဆုံးရအောင် ဟန့်တားပေးမယ့် Smart Power Saving Mode နဲ့ Ultra Power Saving Mode တို့ ပါဝင်တာကို တွေ့ရပါတယ်။ ဒီ Feature က ဘက်ထရီကုန်ဆုံးခါနီး အရေးပေါ်အခြေအနေများမှာ အသုံးဝင်ပါတယ်။

လူအများစိတ်ဝင်စားဆုံးအပိုင်းဖြစ်တဲ့ ကင်မရာပိုင်းကို ပြောရမယ်ဆိုရင် အနောက်ကင်မရာမှာ 13MP F2.2 နဲ့ အရှေ့ကင်မရာမှာ 8MP F2.0 ပါဝင်ပါတယ်။ အရှေ့ကင်မရာမှာ Selfie toning flash ပါဝင်ပြီး အလင်းအားနည်းတဲ့အချိန်မျိုးမှာ Selfie ကောင်းကောင်းရိုက်ကူးနိုင်စေမှာပါ။ AR lens feature လည်း ပါဝင်ပြီး ဒီ feature က သင့်ရဲ့ selfie ပုံများမှာ ချစ်စရာကောင်းတဲ့ စတစ်ကာများကို ထည့်ပေးနိုင်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေ အကြိုက်တွေ့မယ့် feature တစ်ခုပဲ ဖြစ်ပါတယ်။ အနောက်ဘက်ကင်မရာကလည်း Landscape တွေကို ကောင်းကောင်းရိုက်ကူးနိုင်ပါတယ်။ ၁ သိန်းဝန်းကျင်ကိုမှ ဒီလောက်စွမ်းဆောင်ရည်ရှိတာ မဆိုးဘူး ပြောရပါမယ်။

Y6 Prime မှာ Gesture Screenshot ၊ Split Screen ၊ App Lock နဲ့ One Touch Access တို့လို တခြားအသုံးဝင်တဲ့ software feature တွေလည်း ပါပါသေးတယ်။ Android 8.0 ဖြစ်တဲ့အတွက် Dual Bluetooth Mode ကို အသုံးပြုနိုင်ပါတယ်။ Dual Bluetooth ဆိုတာက Device နှစ်မျိုးအထိ ချိတ်ဆက်အသုံးပြုနိုင်တာမျိုး ဖြစ်ပါတယ်။ ဥပမာ – Phone နဲ့ Bluetooh earphone ချိတ်ဆက်ထားသည့် တိုင်အောင် Bluetooth Smart Watch နဲ့လည်း ထပ်မံ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိသုံးစွဲနေသော ဖုန်းအတွင်းရှိ အချက်အလက်တွေကို မိမိပြောင်းလဲအသုံးပြုမယ့် ဖုန်းတစ်လုံးထဲကို ကွန်ပျူတာမလိုဘဲ အလွယ်တကူနဲ့ ကူးယူနိုင်စေမယ့် Phone Clone Function ပါဝင်ပါတယ်။ Y9 2018 မှာလိုပဲ Gamer တွေ အကြိုက်တွေ့မယ့် Game Suite mode ကို Y6 Prime မှာလည်း တွေ့ရပါတယ်။ ဒီ Mode ကို on ထားရင် ကိုယ်ဂိမ်းကစားနေစဉ်အတွင်းမှာ အဝင် call တွေနဲ့ မနှောင့်ယှက်နိုင်အောင် ကာကွယ်ပေးပါတယ်။

Security ပိုင်းကိုလည်း တစ်ချက်ကြည့်ကြည့်ရအောင်။ Y6 Prime 2018 မှာ တခြားတန်ဖိုးမြင့်ဖုန်းများမှာသာ တွေ့ရလေ့ရှိတဲ့ Face Unlock စနစ်အပြင် သီးသန့် Chipset နဲ့ ထိန်းချုပ်နိုင်တဲ့ Fingerprint Function လည်း ပါဝင်ပါတယ်။ Fingerprint Function နဲ့ ဖုန်း Lock ဖွင့်ရုံသာမက အခြားသော Function ၈ မျိုးအတွက်ပါ အသုံးပြုနိုင်ပါမယ်။

အသံအရည်အသွေးပိုင်းမှာဆိုရင် Volume ကို 87.5 dB အထိ မြှင့်တင်နိုင်တာကြောင့် အသံအရည်အသွေးက ညက်ညက်ညောညောနဲ့ အသံကျယ်လောင်မှုရှိတဲ့အတွက် သီချင်းနားထောင်မှုအတွေ့အကြုံက  ကောင်းမွန်ပါတယ်။

Huawei Y6 Prime ကို ၁၄၉,၀၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပါပြီး အရောင်အားဖြင့် အနက်ရောင်၊ အပြာရောင်နဲ့ ရွှေရောင်ဟူ၍အရောင် ၃ မျိုး ထုတ်လုပ်ထားပါတယ်။

ဒါ့အပြင် Huawei နဲ့ Telenor တို့ ပူးပေါင်းပြီး Huawei Y6 Prime ဝယ်ယူသူများအတွက် အထူးအစီအစဉ်တစ်ခု ပြုလုပ်ထားတယ်လို့ သိရပါတယ်။ Telenor SIM Card ကို Huawei Y6 Prime ရဲ့ SIM Slot 1 မှာထားပြီး လစဉ် ကျပ် ၅,၀၀၀ ဖိုး ဖုန်းငွေဖြည့်ပေးရုံနဲ့ အင်တာနက်ဒေတာ 1GB ကို ၁၂ လတိုင်တိုင် အခမဲ့ ရရှိမှာဖြစ်ပါတယ်။ Activate လုပ်ဖို့ ကိုယ့်ဖုန်းကနေ တခြားဖုန်းနံပါတ်တစ်ခုကို ဖုန်းခေါ်ဆိုပြီး အဲဒီဖုန်းနံပါတ်က ကိုယ့် call ကို လက်ခံဖြေဆိုဖို့ လိုပါမယ်။ အဲဒီနောက်မှာမှ Activation SMS ရရှိပြီး အင်တာနက်ဒေတာကို ရရှိမှာဖြစ်ပါတယ်။

Y6 Prime ကို ခြုံငုံပြီး သုံးသပ်ရမယ်ဆိုရင် ၁ သိန်းဝန်းကျင်နဲ့ကိုမှ function စုံစုံလင်လင် ရရှိနိုင်တာကြောင့် ဘက်ဂျက်ချွေတာချင်တဲ့သူတွေ ဦးစားပေး စဉ်းစားသင့်တဲ့ စမတ်ဖုန်းတစ်လုံးလို့ မှတ်ချက်ပေးချင်ပါတယ်။

 

 

 

 

Leave a Reply