Xiaomi က တရုတ္မွာ Mijia Sub Brand ကေန 4K Action Camera အတြက္ ေဒါက္တိုင္ကို ေရာင္းခ်ေပးခဲ့ဖူးပါတယ္။ အခုလည္း ေရွာင္မီက စမတ္ဖုန္းမ်ားအတြက္ ေဒါက္တိုင္္တစ္ခုကို Mijia Brand ကေနပဲ တရုတ္မွာ ေရာင္းခ်ေပးလိုက္ပါတယ္။ ဒီတစ္ခါေတာ့ သူ႔ကို အျခား ႏိုင္ငံမ်ားမွာပါ ေရာင္းခ်မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
သူ႔ရဲ႕ ေအာက္ေျခမွာ Tripod လို အျခား Accessory မ်ားနဲ ခ်ိတ္ဆက္ႏိုင္ပါတယ္။ ထူးျခားတာက သူဟာ လူသြားတဲ့ ေနာက္ကို ဖုန္းကို အလိုအေလွ်ာက္လွည့္ၿပီး ရိုက္ကူးေပးႏုိင္တာ ျဖစ္ပါတယ္။ ဒီလိုလုပ္ႏုိင္ဖို႔ သူ႔မွာ ဆန္ဆာမ်ား ထည့္သြင္းထားပါတယ္။ Subject ကို App မွာ ေရြးခ်ယ္ေပးလိုက္တာနဲ႔ သူက ၃၆၀ ဒီဂရီ အထိ လိုက္ၿပီး ရိုက္ကူးေပးႏုိင္ပါတယ္။ သူ႔မွာ 3-Axis Stabilization ပါတဲ့အတြက္ ဓါတ္ပံု၊ ဗီဒီယိုမ်ား ရိုက္ကူးရင္ တုန္ခါမႈမ်ား ေလ်ာ့နည္းေစပါတယ္။ Attitude Sensors မ်ားပါတဲ့အတြက္လည္း သူက ရိုက္ကူးရာမွာ အလြန္ တိက်ပါတယ္။
သူ႔မွာ ၈၆ မီလီမီတာ အက်ယ္ရွိတဲ့ စမတ္ဖုန္းမ်ားကို ခ်ိတ္ဆက္ အသံုးျပဳႏုိင္ပါတယ္။ Selfie Mode ကို လွ်င္ျမန္စြာ ေျပာင္းလဲ အသံုးျပဳဖို႔ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။ Time-Lapse Photography မ်ားကို ရိုက္ကူးႏုိင္ဖို႔ App မွာ ျပဳလုပ္ႏုိင္ပါတယ္။ ၁၆ နာရီ အသံုးခံတဲ့ 5000mAh Battery ပါပါတယ္။ သူက စမတ္ဖုန္းမ်ားကိုလည္း အားသြင္းေပးႏုိင္ပါတယ္။
သူ႔ကို တရုတ္ယြမ္ ၅၉၉ သတ္မွတ္ထားၿပီး ၉၃ ေဒၚလာ ၀န္းက်င္ က်သင့္မွာ ျဖစ္ပါတယ္။ သူရဲ႕ ဒီဇိုင္းဟာ ယခင္ေရာင္းခ်ေပးထားတဲ့ 4K Action Camera ရဲ႕ ေဒါက္တိုင္နဲ႔ ဆင္တူပါတယ္။ စမတ္ဖုန္းမ်ားအတြက္ ေဒါက္တိုင္မ်ားကို ေစ်းကြက္မွာ ကုမၸဏီမ်ားစြာက ေရာင္းခ်ေပးထားပါတယ္။ ဒါကေတာ့ ေရွာင္မီရဲ႕ ပထမဆံုး စမတ္ဖုန္း ေဒါက္တိုင္ ျဖစ္ပါတယ္။
unicode
Xiaomi Mijia က Smartphone Gimbal ကို ရောင်းချ
Xiaomi က တရုတ်မှာ Mijia Sub Brand ကနေ 4K Action Camera အတွက် ဒေါက်တိုင်ကို ရောင်းချပေးခဲ့ဖူးပါတယ်။ အခုလည်း ရှောင်မီက စမတ်ဖုန်းများအတွက် ဒေါက်တိုင်တစ်ခုကို Mijia Brand ကနေပဲ တရုတ်မှာ ရောင်းချပေးလိုက်ပါတယ်။ ဒီတစ်ခါတော့ သူ့ကို အခြား နိုင်ငံများမှာပါ ရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။
သူ့ရဲ့ အောက်ခြေမှာ Tripod လို အခြား Accessory များနဲ ချိတ်ဆက်နိုင်ပါတယ်။ ထူးခြားတာက သူဟာ လူသွားတဲ့ နောက်ကို ဖုန်းကို အလိုအလျှောက်လှည့်ပြီး ရိုက်ကူးပေးနိုင်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ သူ့မှာ ဆန်ဆာများ ထည့်သွင်းထားပါတယ်။ Subject ကို App မှာ ရွေးချယ်ပေးလိုက်တာနဲ့ သူက ၃၆၀ ဒီဂရီ အထိ လိုက်ပြီး ရိုက်ကူးပေးနိုင်ပါတယ်။ သူ့မှာ 3-Axis Stabilization ပါတဲ့အတွက် ဓါတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးရင် တုန်ခါမှုများ လျော့နည်းစေပါတယ်။ Attitude Sensors များပါတဲ့အတွက်လည်း သူက ရိုက်ကူးရာမှာ အလွန် တိကျပါတယ်။
သူ့မှာ ၈၆ မီလီမီတာ အကျယ်ရှိတဲ့ စမတ်ဖုန်းများကို ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Selfie Mode ကို လျှင်မြန်စွာ ပြောင်းလဲ အသုံးပြုဖို့ လုပ်ဆောင်ချက်လည်း ပါပါတယ်။ Time-Lapse Photography များကို ရိုက်ကူးနိုင်ဖို့ App မှာ ပြုလုပ်နိုင်ပါတယ်။ ၁၆ နာရီ အသုံးခံတဲ့ 5000mAh Battery ပါပါတယ်။ သူက စမတ်ဖုန်းများကိုလည်း အားသွင်းပေးနိုင်ပါတယ်။
သူ့ကို တရုတ်ယွမ် ၅၉၉ သတ်မှတ်ထားပြီး ၉၃ ဒေါ်လာ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ သူရဲ့ ဒီဇိုင်းဟာ ယခင်ရောင်းချပေးထားတဲ့ 4K Action Camera ရဲ့ ဒေါက်တိုင်နဲ့ ဆင်တူပါတယ်။ စမတ်ဖုန်းများအတွက် ဒေါက်တိုင်များကို ဈေးကွက်မှာ ကုမ္ပဏီများစွာက ရောင်းချပေးထားပါတယ်။ ဒါကတော့ ရှောင်မီရဲ့ ပထမဆုံး စမတ်ဖုန်း ဒေါက်တိုင် ဖြစ်ပါတယ်။