Dual-Camera တပ္ဆင္ထားတဲ့ Sony Xperia XZ3 ပုံမ်ားထြက္ရွိလာ

0
1398

လြန္ခဲ့တဲ့ တစ္လေလာက္က ဆိုနီအေနနဲ႔ တရုတ္ႏုိင္ငံမွာ Sony Xperia XZ2 ကိုမိတ္ဆက္ေပးခဲ့ပါတယ္။ သိပ္မၾကာခင္အခ်ိန္မွာ Xperia XZ3 မိတ္ဆက္သြားမယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေနပါတယ္။ဒီေန႔မွာ  Sony Xperia XZ3 လို႔ထင္ရတဲ့ ဓာတ္ပံုေတြထြက္ရွိလာပါတယ္။ ဓာတ္ပုံေတြကို ၾကည့္လိုက္တဲ့အခါမွာ Sony Xperia XZ2 နဲ႔လုံးဝမတူေတာ့ဘဲ ဒီဇုိင္းပိုင္းမွာ ကြဲျပားလာပါတယ္။

ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာ  3D curved glass ကိုသုံးထားၿပီး dual camera တပ္ဆင္ထားပါတယ္။ Dual-led အလင္းေရာင္ေလးေတြကိုလည္း ျမင္ေတြ႕လိုက္ရၿပီး လက္ေဗြဖတ္စနစ္ကိုေတာ့ ကင္မရာ၂လုံးရဲ႕ေအာက္ဘက္မွာ ထည့္ေပးထားပါတယ္။ ကင္မရာ၂လုံးဟာ ေနာက္ေက်ာအလည္တည့္တည့္မွာ ရွိေနမွာပါ။  Xperia XZ3 မွာ Xperia XZ2 လိုမ်ိဳး 18:9 full view display သုံးလာမွာျဖစ္ၿပီး စပီကာ၂လုံးတပ္ဆင္ေပးထားမွာပါ။

ဒီေန႔ထိထြက္ရွိထားတဲ့ အခ်က္အလက္ေတြအရ သူ႕မွာ dual camera တပ္ဆင္ေပးထားမွာျဖစ္ၿပီး 19MP RGB sensor မွာ f/1.8 အလင္းဝင္ေပါက္နဲ႔ျဖစ္ၿပီး၊ ေနာက္ထပ္ကင္မရာမွာေတာ့ 13MP monochrome နဲ႔ျဖစ္ပါတယ္။ RAM ပိုင္းမွာေတာ့  4GB ကေန 6GB ကိုအဆင့္တိုးျမင့္လာမွာ ျဖစ္ၿပီးပရိုဆက္ဆာမွာေတာ ့ယခင္မ်ိဳးဆက္ Xperia XZ2 နဲ႔တူညီတဲ့ Snapdragon 845 ကိုပဲ ျပန္သုံးလာႏုိင္ပါတယ္။ အရြယ္အစားကေတာ့ 153 x 72 x 10.1mm နဲ႔အတူ အေလးခ်ိန္183 ဂရမ္ရွိမွာ ျဖစ္ၿပီး Sony ရဲ႕ဖုန္းေတြရဲ႕အတိုင္း ေရစိုဒဏ္ခံႏုိင္စြမ္း ထည့္သြင္းလာပါလိမ့္မယ္။

ဘက္ထရီစြမ္းအားပိုင္းမွာေတာ့ XZ2 ရဲ႕ 3,180mAh ထက္ပိုႀကီးတဲ့ 3,240mAh ကိုထည့္သြင္းလာမွာျဖစ္ၿပီး Quick Charge 3.0 ကိုေထာက္ပ့ံလာႏုိင္ေျခရွိပါတယ္။ display ကိုေတာ့ 5.7 လက္မသုံးလာမွာျဖစ္ၿပီး 1080 x 2160 Full HD+ resolution  နဲ႔အတူ 18:9 aspect ratio နဲ႔လာမွာပါ။ ဖုန္းတြင္းသုိေလွာင္ႏိုင္မႈကိုေတာ့ အမ်ိဳးအစား၂ခုနဲ႔ထြက္လာႏုိင္ၿပီး 64GB နဲ႔ 128GB ျဖစ္ပါလိမ့္မယ္။dual SIM သုံးႏုိင္မွာျဖစ္ၿပီး 4G VoLTE ေထာက္ပံ့မႈ ပါဝင္လာမွာပါ။

Unicode

လွန်ခဲ့တဲ့ တစ်လလောက်က ဆိုနီအနေနဲ့ တရုတ်နိုင်ငံမှာ Sony Xperia XZ2 ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ သိပ်မကြာခင်အချိန်မှာ Xperia XZ3 မိတ်ဆက်သွားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ဒီနေ့မှာ  Sony Xperia XZ3 လို့ထင်ရတဲ့ ဓာတ်ပုံတွေထွက်ရှိလာပါတယ်။ ဓာတ်ပုံတွေကို ကြည့်လိုက်တဲ့အခါမှာ Sony Xperia XZ2 နဲ့လုံးဝမတူတော့ဘဲ ဒီဇိုင်းပိုင်းမှာ ကွဲပြားလာပါတယ်။

ဖုန်းရဲ့နောက်ကျောဘက်မှာ  3D curved glass ကိုသုံးထားပြီး dual camera တပ်ဆင်ထားပါတယ်။ Dual-led အလင်းရောင်လေးတွေကိုလည်း မြင်တွေ့လိုက်ရပြီး လက်ဗွေဖတ်စနစ်ကိုတော့ ကင်မရာ၂လုံးရဲ့အောက်ဘက်မှာ ထည့်ပေးထားပါတယ်။ ကင်မရာ၂လုံးဟာ နောက်ကျောအလည်တည့်တည့်မှာ ရှိနေမှာပါ။  Xperia XZ3 မှာ Xperia XZ2 လိုမျိုး 18:9 full view display သုံးလာမှာဖြစ်ပြီး စပီကာ၂လုံးတပ်ဆင်ပေးထားမှာပါ။

ဒီနေ့ထိထွက်ရှိထားတဲ့ အချက်အလက်တွေအရ သူ့မှာ dual camera တပ်ဆင်ပေးထားမှာဖြစ်ပြီး 19MP RGB sensor မှာ f/1.8 အလင်းဝင်ပေါက်နဲ့ဖြစ်ပြီး၊ နောက်ထပ်ကင်မရာမှာတော့ 13MP monochrome နဲ့ဖြစ်ပါတယ်။ RAM ပိုင်းမှာတော့  4GB ကနေ 6GB ကိုအဆင့်တိုးမြင့်လာမှာ ဖြစ်ပြီးပရိုဆက်ဆာမှာတော့ယခင်မျိုးဆက် Xperia XZ2 နဲ့တူညီတဲ့ Snapdragon 845 ကိုပဲ ပြန်သုံးလာနိုင်ပါတယ်။ အရွယ်အစားကတော့ 153 x 72 x 10.1mm နဲ့အတူ အလေးချိန်183 ဂရမ်ရှိမှာ ဖြစ်ပြီး Sony ရဲ့ဖုန်းတွေရဲ့အတိုင်း ရေစိုဒဏ်ခံနိုင်စွမ်း ထည့်သွင်းလာပါလိမ့်မယ်။

ဘက်ထရီစွမ်းအားပိုင်းမှာတော့ XZ2 ရဲ့ 3,180mAh ထက်ပိုကြီးတဲ့ 3,240mAh ကိုထည့်သွင်းလာမှာဖြစ်ပြီး Quick Charge 3.0 ကိုထောက်ပံ့လာနိုင်ခြေရှိပါတယ်။ display ကိုတော့ 5.7 လက်မသုံးလာမှာဖြစ်ပြီး 1080 x 2160 Full HD+ resolution  နဲ့အတူ 18:9 aspect ratio နဲ့လာမှာပါ။ ဖုန်းတွင်းသိုလှောင်နိုင်မှုကိုတော့ အမျိုးအစား၂ခုနဲ့ထွက်လာနိုင်ပြီး 64GB နဲ့ 128GB ဖြစ်ပါလိမ့်မယ်။dual SIM သုံးနိုင်မှာဖြစ်ပြီး 4G VoLTE ထောက်ပံ့မှု ပါဝင်လာမှာပါ။

Leave a Reply