Snapdragon 845 သာသုံးလာမယ့် Galaxy X ရဲ့ဒီဇိုင်းပုံရိပ်များထပ်မံထွက်ရှိလာ
0
668
unicode
iPhone X ထွက်ရှိလာပြီး နောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်သူ အများစုဟာ Apple ရဲ့ခြေရာနောက်ကိုလိုက်ပြီးတော Notch တွေထည့်သွင်းလာကြပါတယ်။ သို့ပေမယ့် Apple နဲ့အဓိကပြိုင်ဘက်လို့ သတ်မှတ်နိုင်တဲ့ ကိုရီးယားစမတ်ဖုန်း ထုတ်လုပ်သူ Samsung ကတော့သူ့ဖုန်းတွေမှာ လက်ရှိအချိန်ထိ Notch ကိုလုံးဝမသုံးသေးပါဘူး။ အဲ့ဒီအစား Samsung အနေနဲ့ ဆန်းသစ်တဲ့နည်းပညာတွေ ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးကိုသာ ဈေးကွက်တင်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီဖုန်းကတော့ လက်ရှိခန့်မှန်းချက်တွေအရ Galaxy Xလို့နာမည်ပေးထားကြပါတယ်။ လက်ရှိအချိန်မှာ Samsung ရဲ့အသစ်ထွက်လာမယ့် စမတ်ဖုန်းဖြစ်တဲ့ Samsung Galaxy X ပတ်သတ်တဲ့ သတင်းခန့်မှန်းအများအပြား ထွက်လျက်ရှိနေပါတယ်။
ဒီနေ့မှာလည်း Samsung Galaxy X လို့ထင်ရတဲ ဒီဇိုင်းပုံရိပ်တွေ ထွက်ရှိလာပါတယ်။ သူ့မှာ ခေါက်နိုင်တဲ့ ဒီဇိုင်းနဲ့အတူ full view display သုံးထားပါတယ်။ ဖုန်းရဲ့အရှေ့ဘက်မှာတော့ စစ်မှန်တဲ့ curved display full view display ကိုမြင်ရမှာဖြစ်ပြီး အလွယ်တကူခေါက်နိုင်မယ့် ပုံစံမျိုးပါ။ Samsung Galaxy X ဟာတကယ်ကို ဆန်းသစ်တီထွင်မှု ရှိတဲ့ ဖုန်းဖြစ်လာပါလိမ့်မယ်။ ထိပ်တန်းစမတ်ဖုန်းဖြစ်တာနဲ့အညီ Snapdragon 845 (သို့) 855 ကိုသုံးလာမှာဖြစ်ပြီး RAM 6GB နဲ့ ROM 64GB ၊ RAM 8GB  နဲ့ ROM 256GB ဆိုပြီးဗားရှင်း၂မျိုး ထွက်လာနိုင်ပါတယ်။
ဓာတ်ပုံရိုက်ကူးဖို့အတွက် ကင်မရာပိုင်းမှာ dual 20MP တပ်ဆင်ထားနိုင်ပြီး၊ အခြားစွမ်းဆောင်ချက်တွေအနေနဲ့ လက်ဗွေဖတ်စနစ်အတွက် ဖုန်းရဲ့ Screen မှာ under display fingerprint scanner လိုလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးလာမှာပါ။ မျက်နှာမှတ်မိသိရှိမှု စနစ်နဲ့ဖုန်းကိုဖွင့်နိုင်ဖို့ face ID နဲ့ဖုန်းကိုအားသွင်းဖို့  wireless charging စနစ်ပါဝင်လာဖို့ကတော့ လုံးဝသေချာနေပါတယ်။ Galaxy X ဖုန်းကိုယခုနှစ်ကုန်ပိုင်းလောက်မှာ မိတ်ဆက်လာနိုင်ပြီး high-end ဖုန်းတမျိုးတည်းသာ ထွက်ပေါ်လာမှာဖြစ်ပါတယ္။
Leave a Reply