PORTRAIT Mode ရိုက္ကူးမူနဲ႔အတူ NOTCH ေဖ်ာက္ထားႏုိင္ၿပီျဖစ္တဲ့ NOKIA X6

0
629

HMD Global အေနနဲ႔ Nokia X6 ဖုန္းအတြက္အဓိကက်လွတဲ့ OTA update တစ္ခုကိုထုတ္ေပးလိုက္ပါတယ္။ အဲ့ဒီအသစ္ေပးလိုက္တဲ့ OTA update ေၾကာင့္ Nokia X6 ဟာထိပ္ဘက္ notch ကိုေဖ်ာက္ထားႏုိင္မွာ ျဖစ္ပါတယ္။ ေနာက္ထပ္လုပ္ေဆာင္ခ်က္ေတြအေနနဲ႔ ကင္မရာရိုက္ကူးတဲ့အခါ ေနာက္ခံေတြကို မႈန္ဝါးၿပီးရိုက္ကူးႏုိင္မယ့္ portrait Mode နဲ႔အတူ app ေတြကိုေဖ်ာက္ထားႏိုင္မယ့္ Feature ေတြထည့္သြင္းလာပါတယ္။ ေနာက္ကြယ္ကေန Run အေနနဲ႔ App ေတြကိုလည္းကန္႔သတ္ ပိတ္ထားႏုိင္ပါေတာ့မယ္။

Nokia X6 ဟာ Nokia ရဲ႕ ပထမဦးဆုံး Notch ပါဝင္တဲ့ စမတ္ဖုန္း ျဖစ္ၿပီး ၅.၈ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ FHD+ Display ကို အသုံးျပဳထားပါတယ္။ Resolution 1080 x 2280 pixels ပါဝင္ၿပီး 19:9 Aspect Ratio Display အမ်ိဴးအစားကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ NOKIA X6 မွာကင္မရာပိုင္းအေနနဲ႔ ေနာက္ေက်ာဘက္မွာ Dual 16 MP + 5 MP (f/2.2, 1.2µm) ျဖစ္ၿပီး ၊အေရွ႕ဘက္ Selfie အတြက္လည္း 16 MP (f/2.0, 1.0µm) ကိုတပ္ဆင္ေပးထားပါတယ္။

ပရိုဆက္ဆာပိုင္းမွာေတာ့ Snapdragon 636 ကိုသုံးထားၿပီး Octa-core 1.8 GHz Kryo 260 ျဖစ္ကာ၊ 64 GB, 4/6 GB RAM (သို႔) 32 GB, 4 GB RAM ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ Security အပိုင္းအတြက္ Fingerprint Sensor ထည့္သြင္းေပးထားၿပီး Face Unlock စနစ္လည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3060 mAh ထည့္သြင္းေပးထားၿပီး USB-C အမ်ိဴးအစားကို အသုံးျပဳထားပါတယ္။ အသစ္ေပးလိုက္တဲ့ Update ေၾကာင့္ဖုန္းမွာ notch ေပၚေနတာ မႀကိဳက္တဲ့ သူေတြအတြက္ ေတာ္ေလးအဆင္ေျပသြားပါလိမ့္မယ္။

Unicode

HMD Global အနေနဲ့ Nokia X6 ဖုန်းအတွက်အဓိကကျလှတဲ့ OTA update တစ်ခုကိုထုတ်ပေးလိုက်ပါတယ်။ အဲ့ဒီအသစ်ပေးလိုက်တဲ့ OTA update ကြောင့် Nokia X6 ဟာထိပ်ဘက် notch ကိုဖျောက်ထားနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်လုပ်ဆောင်ချက်တွေအနေနဲ့ ကင်မရာရိုက်ကူးတဲ့အခါ နောက်ခံတွေကို မှုန်ဝါးပြီးရိုက်ကူးနိုင်မယ့် portrait Mode နဲ့အတူ app တွေကိုဖျောက်ထားနိုင်မယ့် Feature တွေထည့်သွင်းလာပါတယ်။ နောက်ကွယ်ကနေ Run အနေနဲ့ App တွေကိုလည်းကန့်သတ် ပိတ်ထားနိုင်ပါတော့မယ်။

Nokia X6 ဟာ Nokia ရဲ့ ပထမဦးဆုံး Notch ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပြီး ၅.၈ လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ Display ကို အသုံးပြုထားပါတယ်။ Resolution 1080 x 2280 pixels ပါဝင်ပြီး 19:9 Aspect Ratio Display အမျိူးအစားကို အသုံးပြုထားတာ ဖြစ်ပါတယ်။ NOKIA X6 မှာကင်မရာပိုင်းအနေနဲ့ နောက်ကျောဘက်မှာ Dual 16 MP + 5 MP (f/2.2, 1.2µm) ဖြစ်ပြီး ၊အရှေ့ဘက် Selfie အတွက်လည်း 16 MP (f/2.0, 1.0µm) ကိုတပ်ဆင်ပေးထားပါတယ်။

ပရိုဆက်ဆာပိုင်းမှာတော့ Snapdragon 636 ကိုသုံးထားပြီး Octa-core 1.8 GHz Kryo 260 ဖြစ်ကာ၊ 64 GB, 4/6 GB RAM (သို့) 32 GB, 4 GB RAM ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Security အပိုင်းအတွက် Fingerprint Sensor ထည့်သွင်းပေးထားပြီး Face Unlock စနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3060 mAh ထည့်သွင်းပေးထားပြီး USB-C အမျိူးအစားကို အသုံးပြုထားပါတယ်။ အသစ်ပေးလိုက်တဲ့ Update ကြောင့်ဖုန်းမှာ notch ပေါ်နေတာ မကြိုက်တဲ့ သူတွေအတွက် တော်လေးအဆင်ပြေသွားပါလိမ့်မယ်။

Leave a Reply