Lenovo က 128GB RAM ပါတဲ့ ThinkPad P52 ကို ကြေညာ

0
538




unicode

Lenovo က 128GB RAM ပါတဲ့ ThinkPad P52 ကို ကွညော

လက်ပ်တော့များမှာ 16GB RAM သာ အများဆုံး ထည့်သွင်းထားတာကို တွေ့ရပါတယ်။ အခုတော့ 128GB RAM ပါတဲ့ ThinkPad P52 ကို လီနိုဗိုက ကြေညာလိုက်ပါတယ်။ 128GB တောင်ပါတဲ့အတွက် Virtual Reality နည်းပညာကို နိုင်နင်းစွာ ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် 3D Rendering , Video Editing , Augmented Reality များကိုပါ ကောင်းစွာ ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။

အဲဒီလက်ပ်တော့မှာ 8th Gen Intel Hexacore Processor ထည့်သွင်းထားပါတယ်။ Nvidia Quadro P3200 Graphics Card ပါရှိပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၁၅.၆ လက်မ ဖြစ်ပြီး 4K Resolution အထိ ရွေးချယ်နိုင်ပါတယ်။ သူ့မှာ Thunderbolt Port ၂ ခု၊ HDMI 2.0 Port ၁ ခု၊ mini DisplayPort ၁ ခု ၊ USB Type-A Port ၃ ခု၊ Headphone Jack ၁ ခု၊ Ethernet Port ၁ ခု ထည့်သွင်းထားပါတယ်။ သူ့ရဲ့ ဈေးနှုန်းကိုတော့ ကုမ္ပဏီက မပြောသေးပါဘူး။

Lenovo ThindPad P52 ဟာ Dell ရဲ့ 128GB ပါတဲ့ Workstation Laptops များကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ Dell Precisioin 7530 , Precision 7730 များမှာ 4K Displays များနဲ့ AMD Radeon WX Graphics Cards များ ထည့်သွင်းထားပါတယ်။ အဲဒီ လက်ပ်တော့များရဲ့ အခြေခံ မော်ဒယ်ဟာ ၁၁၉၉ ဒေါ်လာ ဖြစ်ပါတယ်။ Virtual Reality နည်းပညာကို ကောင်းစွာ နိုင်နင်းတဲ့ လက်ပ်တော့များ ဖြစ်ပါတယ်။

Leave a Reply