GPU TURBO နည္းပညာ ေထာက္ပံ့ေပးသြားမယ့္ Huawei စမတ္ဖုန္းစာရင္းထြက္ရွိလာ

0
1448

စမတ္ဖုန္းထုတ္လုပ္သူ Huawei အေနနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ဂိမ္းပိုင္းဆိုင္ရာအတြက္ ဦးစားေပးထားတဲ့ စမတ္ဖုန္းလို႔သတ္မွတ္ႏိုင္တဲ့  Honor Play ဖုန္းကိုမိတ္ဆက္ေပးခဲ့ၿပီး  ၎ဖုန္းနဲ႔အတူ GPU Turbo နည္းပညာကိုပါ ထည့္သြင္းေပးခဲ့ပါတယ္။ အခုေတာ့ ဒီနည္းပညာကို Huawei အေနနဲ႔ ကုမၸဏီထုတ္ထားတဲ့ စမတ္ဖုန္းေတြမွာ OTA update ျပဳလုပ္ေပးဖို႔ ျပင္ဆင္လ်က္ရွိေနပါတယ္။

Huawei မိုဘိုင္းဖုန္းဌာနရဲ႕ အႀကီးအကဲျဖစ္သူ ဟီဂန္းက ရွန္ဟိုင္းမွာက်င္းပတဲ့ 2018 CES ASIA Shanghai  မွာ GPU Turbo updates ရရွိႏုိင္မယ့္ အခ်ိန္နဲ႔ ဖုန္းေတြကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ Mate 10 စီးရီးဖုန္းေတြဟာ GPU Turbo နည္းပညာကို ပထမဆုံးရရွိႏုိင္မွာျဖစ္ၿပီး ဇူလိုင္လမွာေတာ့  P20 Series, Mate RS Porsche Design, nova 2S, Glory 10, Flat M5 Series ဖုန္းမ်ား၊ ၾသဂုတ္လမွာေတာ့  nova 3e, Enjoy 8 Plus, Enjoy 7S, Maimang 6, Glory 9 Youth Edition, Glory Play 7X စမတ္ဖုန္းမ်ား၊ စက္တင္ဘာလမွာေတာ့ Mate 9 စီးရီးဖုန္းေတြနဲ႔ ေအာက္တိုဘာလမွာေတာ့  P10 စီရီးဖုန္းေတြနဲ႔အတူ  Glory 9၊ Glory V9 ဖုန္းေတြမွာ ရရွိႏုိင္မွာျဖစ္ပါတယ္။ ႏိုဝင္ဘာလေနာက္ပိုင္းမွာလည္း အျခားေမာ္ဒယ္ျမင့္ Huawei ဖုန္းေတြအတြက္ Update ထပ္မံေပးသြားအုံးမွာ ျဖစ္တယ္လို႔ဆိုပါတယ္။

ဒီနည္းပညာကို ကုမၸဏီကတရားဝင္ေပးလိုက္တဲ့နာမည္ကေတာ့ ” ထိတ္လန္႔စရာနည္းပညာ” လို႔ေခၚပါတယ္။  ဒီနည္းပညာဟာဖုန္းနဲ႔ ဂိမ္းကစားသူေတြကို ေထာက္ပံ့ေပးမွာ ျဖစ္ပါတယ္။ ေဆာဖ္ဝဲပိုင္းကို ပုံမွန္ထက္ ေျပာင္းလဲတိုးျမင့္လိုက္မွာ ျဖစ္ၿပီးထိေရာက္မႈအပိုင္းကို ၆၀ရာခိုင္ႏႈန္းတိုးျမင့္ေပးမွာျဖစ္ကာ၊ စြမ္းအားပိုင္းကို ၃၀ရာခိုင္ႏႈန္း ပိုမိုထိန္းသိမ္းလာႏိုင္မွာ ျဖစ္ပါတယ္။ GPU Turbo ဟာ Huawei နဲ႔ Honor ဖုန္းေတြအတြက္ အေကာင္းဆုံးနည္းပညာ ေထာက္ပံ့မႈတစ္ခု ျဖစ္လာႏုိင္ၿပီး ထိပ္တန္း  device ေတြမွာ သုံးစြဲလာႏုိင္မွာပါ။

Unicode

စမတ်ဖုန်းထုတ်လုပ်သူ Huawei အနေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဂိမ်းပိုင်းဆိုင်ရာအတွက် ဦးစားပေးထားတဲ့ စမတ်ဖုန်းလို့သတ်မှတ်နိုင်တဲ့  Honor Play ဖုန်းကိုမိတ်ဆက်ပေးခဲ့ပြီး  ၎င်းဖုန်းနဲ့အတူ GPU Turbo နည်းပညာကိုပါ ထည့်သွင်းပေးခဲ့ပါတယ်။ အခုတော့ ဒီနည်းပညာကို Huawei အနေနဲ့ ကုမ္ပဏီထုတ်ထားတဲ့ စမတ်ဖုန်းတွေမှာ OTA update ပြုလုပ်ပေးဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

Huawei မိုဘိုင်းဖုန်းဌာနရဲ့ အကြီးအကဲဖြစ်သူ ဟီဂန်းက ရှန်ဟိုင်းမှာကျင်းပတဲ့ 2018 CES ASIA Shanghai  မှာ GPU Turbo updates ရရှိနိုင်မယ့် အချိန်နဲ့ ဖုန်းတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Mate 10 စီးရီးဖုန်းတွေဟာ GPU Turbo နည်းပညာကို ပထမဆုံးရရှိနိုင်မှာဖြစ်ပြီး ဇူလိုင်လမှာတော့  P20 Series, Mate RS Porsche Design, nova 2S, Glory 10, Flat M5 Series ဖုန်းများ၊ သြဂုတ်လမှာတော့  nova 3e, Enjoy 8 Plus, Enjoy 7S, Maimang 6, Glory 9 Youth Edition, Glory Play 7X စမတ်ဖုန်းများ၊ စက်တင်ဘာလမှာတော့ Mate 9 စီးရီးဖုန်းတွေနဲ့ အောက်တိုဘာလမှာတော့  P10 စီရီးဖုန်းတွေနဲ့အတူ  Glory 9၊ Glory V9 ဖုန်းတွေမှာ ရရှိနိုင်မှာဖြစ်ပါတယ်။ နိုဝင်ဘာလနောက်ပိုင်းမှာလည်း အခြားမော်ဒယ်မြင့် Huawei ဖုန်းတွေအတွက် Update ထပ်မံပေးသွားအုံးမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီနည်းပညာကို ကုမ္ပဏီကတရားဝင်ပေးလိုက်တဲ့နာမည်ကတော့ ” ထိတ်လန့်စရာနည်းပညာ” လို့ခေါ်ပါတယ်။  ဒီနည်းပညာဟာဖုန်းနဲ့ ဂိမ်းကစားသူတွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဆောဖ်ဝဲပိုင်းကို ပုံမှန်ထက် ပြောင်းလဲတိုးမြင့်လိုက်မှာ ဖြစ်ပြီးထိရောက်မှုအပိုင်းကို ၆၀ရာခိုင်နှုန်းတိုးမြင့်ပေးမှာဖြစ်ကာ၊ စွမ်းအားပိုင်းကို ၃၀ရာခိုင်နှုန်း ပိုမိုထိန်းသိမ်းလာနိုင်မှာ ဖြစ်ပါတယ်။ GPU Turbo ဟာ Huawei နဲ့ Honor ဖုန်းတွေအတွက် အကောင်းဆုံးနည်းပညာ ထောက်ပံ့မှုတစ်ခု ဖြစ်လာနိုင်ပြီး ထိပ်တန်း  device တွေမှာ သုံးစွဲလာနိုင်မှာပါ။

Leave a Reply