ေဒၚလာ၁၀၀ ဝန္းက်င္နဲ႔ ထြက္လာတဲ့ Xiaomi Redmi 6 နဲ႔ 6A စမတ္ဖုန္း

0
1698

ေစ်းသက္သာတဲ့ စမတ္ဖုန္းေတြကိုသာ အၿမဲထုတ္လုပ္ေပးေနတဲ့  Xiaomi အေနနဲ႔ ေစ်းသက္သာၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့ စမတ္ဖုန္းျဖစ္တဲ့ Xiaomi Redmi 6 နဲ႔ 6A ထုတ္ေပးလိုက္ပါတယ္။ Xiaomi Redmi 6 မွာ 5.45 လက္မနဲ႔  720P ေဖာ္ျပႏုိင္စြမ္း full view display ကိုသုံးထားပါတယ္။ ကင္မရာပိုင္းမွာေတာ့ ေနာက္ေက်ာဘက္မွာ 12MP+5MP Dual  နဲ႔အတူ Helio P22 ပရိုဆက္ဆာကိုသုံးလာပါတယ္။ အေစာပိုင္းတုန္းကေတာ့ Snapdragon 625 (သုိ႔) Snapdragon 450 ကိုသံုးလာမယ္လို႔ သတင္းထြက္ထားတာပါ။

Helio P22 မွာOct core Cortex A53 နဲ႔ 2.0GHz အျမန္ႏႈန္းရွိမွာ ျဖစ္ပါတယ္။ RAM 6GB မွာ PowerVR GE8320 နဲ႔အတူ Bluetooth 5.0 ေထာက္ပံ့ထားပါတယ္။ Helio P22 CPU စြမ္းေဆာင္ႏုိင္စြမ္းဟာ Snapdragon 625 ထက္စာရင္ ပါဝါစားသုံးမႈအပိုင္းမွာ 48% ရာခိုင္ႏႈန္းေလာက္ေလ်ာ့ခ်ေပးႏုိင္မွာ ျဖစ္ပါတယ္။ 3GB+32GB ဗားရွင္းကိုေဒၚလာ ၁၃၃သာက်သင့္မွာျဖစ္ပါတယ္။ အေရာင္ကိုေတာ့ ေငြ၊ပန္းေရာင္၊ အျပာနဲ႔ ေရႊ ဆိုၿပီးေလးေရာင္ ထုတ္ေပးထားပါတယ္။

Redmi 6A  ကိုၾကည့္လုိက္မယ္ဆိုရင္ သူရဲ႕ကိုယ္ထည္တည္ေဆာက္မႈ ပုံစံဟာRedmi 5A နဲ႔ဆင္တူၿပီး 5.45 လက္မ full view display နဲ႔အတူ 1440×720 resolution ကိုခံစားႏုိင္မွာ ျဖစ္ပါတယ္။ အေရာင္အေနနဲ႔ေတာ့ grey, pink, blue နဲ႔ golden ဆုိၿပီးေရြးခ်ယ္ႏုိင္ပါလိမ့္မယ္။ သူရဲ႕အေကာင္းဆုံး လုပ္ေဆာင္ခ်က္လို႔ ဆုိႏိုင္တာကေတာ့ Mediatek chipset ေတြရဲ႕ ပထမဆုံး A series chipset လို႔သတ္မွတ္ႏုိင္တဲ့ Helio A22 ကိုသုံးလာတာပဲ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ Helio P22 ရဲ႕အနိမ့္ဗားရွင္းလို႔ သတ္မွတ္ႏုိင္ပါတယ္။ Helio P22 မွာ  TSMC 12nm နဲ႔2.0GHz အျမန္ႏႈန္းရွိပါတယ္။

ဘက္ထရီစြမ္းအားပိုင္းမွာေတာ့ 3,000mAh နဲ႔ျဖစ္ၿပီး အသင့္အေနအထားအတြက္ ၁၉ရက္သက္တမ္း တာရွည္ခံႏိုင္စြမ္းရွိပါတယ္။ RAM 2GB နဲ႔ ROM 16GB ျဖစ္ၿပီး ကင္မရာပိုင္းမွာေတာ့ေနာက္ေက်ာဘက္မွာ 13MP ၊ အေရွ႕ဘက္မွာ 5MP တို႔တပ္ဆင္ေပးထားပါတယ္။ ကင္မရာပိုင္းအတြက္ bokeh၊  dual SIM card, dual standby, netcom 5.0 လိုလုပ္ေဆာင္ခ်က္ေတြအျပင္ AI ပိုင္းအတြက္ AI face ID, AI voice helper, smart translation တို႔ကိုေထာက္ပံ့ေပးထားပါတယ္။ Xiaomi Redmi 6 ထက္ေစ်းႏႈန္း ေဒၚလာ ၄၀နီးပါးသက္သာၿပီး ယြမ္၅၉၉(ေဒၚလာ ၁၀၀)ဝန္းက်င္နဲ႔ ဝယ္ႏိုင္မွာျဖစ္ပါတယ္။  ဇြန္ ၁၅ရက္ေန႔မွာ တရားဝင္ေရာင္းခ်မွာ ျဖစ္ပါတယ္။

Unicode

ဈေးသက်သာတဲ့ စမတ်ဖုန်းတွေကိုသာ အမြဲထုတ်လုပ်ပေးနေတဲ့  Xiaomi အနေနဲ့ ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းတဲ့ စမတ်ဖုန်းဖြစ်တဲ့ Xiaomi Redmi 6 နဲ့ 6A ထုတ်ပေးလိုက်ပါတယ်။ Xiaomi Redmi 6 မှာ 5.45 လက်မနဲ့  720P ဖော်ပြနိုင်စွမ်း full view display ကိုသုံးထားပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက်မှာ 12MP+5MP Dual  နဲ့အတူ Helio P22 ပရိုဆက်ဆာကိုသုံးလာပါတယ်။ အစောပိုင်းတုန်းကတော့ Snapdragon 625 (သို့) Snapdragon 450 ကိုသုံးလာမယ်လို့ သတင်းထွက်ထားတာပါ။

Helio P22 မှာOct core Cortex A53 နဲ့ 2.0GHz အမြန်နှုန်းရှိမှာ ဖြစ်ပါတယ်။ RAM 6GB မှာ PowerVR GE8320 နဲ့အတူ Bluetooth 5.0 ထောက်ပံ့ထားပါတယ်။ Helio P22 CPU စွမ်းဆောင်နိုင်စွမ်းဟာ Snapdragon 625 ထက်စာရင် ပါဝါစားသုံးမှုအပိုင်းမှာ 48% ရာခိုင်နှုန်းလောက်လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ 3GB+32GB ဗားရှင်းကိုဒေါ်လာ ၁၃၃သာကျသင့်မှာဖြစ်ပါတယ်။ အရောင်ကိုတော့ ငွေ၊ပန်းရောင်၊ အပြာနဲ့ ရွှေ ဆိုပြီးလေးရောင် ထုတ်ပေးထားပါတယ်။

Redmi 6A  ကိုကြည့်လိုက်မယ်ဆိုရင် သူရဲ့ကိုယ်ထည်တည်ဆောက်မှု ပုံစံဟာRedmi 5A နဲ့ဆင်တူပြီး 5.45 လက်မ full view display နဲ့အတူ 1440×720 resolution ကိုခံစားနိုင်မှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့တော့ grey, pink, blue နဲ့ golden ဆိုပြီးရွေးချယ်နိုင်ပါလိမ့်မယ်။ သူရဲ့အကောင်းဆုံး လုပ်ဆောင်ချက်လို့ ဆိုနိုင်တာကတော့ Mediatek chipset တွေရဲ့ ပထမဆုံး A series chipset လို့သတ်မှတ်နိုင်တဲ့ Helio A22 ကိုသုံးလာတာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Helio P22 ရဲ့အနိမ့်ဗားရှင်းလို့ သတ်မှတ်နိုင်ပါတယ်။ Helio P22 မှာ  TSMC 12nm နဲ့2.0GHz အမြန်နှုန်းရှိပါတယ်။

ဘက်ထရီစွမ်းအားပိုင်းမှာတော့ 3,000mAh နဲ့ဖြစ်ပြီး အသင့်အနေအထားအတွက် ၁၉ရက်သက်တမ်း တာရှည်ခံနိုင်စွမ်းရှိပါတယ်။ RAM 2GB နဲ့ ROM 16GB ဖြစ်ပြီး ကင်မရာပိုင်းမှာတော့နောက်ကျောဘက်မှာ 13MP ၊ အရှေ့ဘက်မှာ 5MP တို့တပ်ဆင်ပေးထားပါတယ်။ ကင်မရာပိုင်းအတွက် bokeh၊  dual SIM card, dual standby, netcom 5.0 လိုလုပ်ဆောင်ချက်တွေအပြင် AI ပိုင်းအတွက် AI face ID, AI voice helper, smart translation တို့ကိုထောက်ပံ့ပေးထားပါတယ်။ Xiaomi Redmi 6 ထက်ဈေးနှုန်း ဒေါ်လာ ၄၀နီးပါးသက်သာပြီး ယွမ်၅၉၉(ဒေါ်လာ ၁၀၀)ဝန်းကျင်နဲ့ ဝယ်နိုင်မှာဖြစ်ပါတယ်။  ဇွန် ၁၅ရက်နေ့မှာ တရားဝင်ရောင်းချမှာ ဖြစ်ပါတယ်။

Leave a Reply