ထိပ္ဘက္မွာ Notch တပ္ဆင္ထားတဲ့ Xiaomi MI MAX 3 ဒီဇုိင္းပုံမ်ားထြက္ေပၚ

0
1625

Xiaomi အေနနဲ႔ သူတို႔ရဲ႕ စမတ္ဖုန္းသစ္ျဖစ္တဲ့ MI MAX 3 ကိုေနာက္လမွာ မိတ္ဆက္ေပးႏုိင္ဖို႔အတြက္ ျပင္ဆင္လ်က္ရွိေနပါတယ္။ ဖုန္းရဲ႕အခ်က္အလက္ပိုင္းေတြနဲ႔ ပတ္သတ္လို႔ 3C ရဲ႕အသိအမွတ္ျပဳမႈကိုရရွိထားၿပီးပါၿပီ။ ဒါေၾကာင့္ဖုန္းဟာ ထြက္လာဖို႔အခ်ိန္သိပ္ၾကာေတာ့မွာ မဟုတ္ပါဘူး။ ဒီေန႔မွာေတာ့ Xiaomi ရဲ႕အသစ္ထြက္ရွိလာမယ့္ စမတ္ဖုန္းျဖစ္တဲ့ MI MAX 3 နဲ႔ပတ္သတ္တဲ့ ဒီဇုိင္းပုံရိပ္ေတြ အြန္လိုင္းမွာထြက္ရွိလာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ထြက္ထားတဲ့ Xiaomi MI8 နဲ႔ဒီဇုိင္းပိုင္းမွာ တူသေယာင္ရွိႏိုင္ေပမယ့္ သူ႕မွာအနည္းငယ္ကြဲျပားမႈေတြ ပါဝင္လာပါလိမ့္မယ္။ display ရဲ႕ထိပ္ဘက္မွာ  notch သုံးထားေပမယ့္ သူ႕မွာပိုႀကီးမားတဲ့ full view ကိုျမင္ရမွာပါ။ မ်က္ႏွာျပင္ 6.99 လက္မ 18:9 အခ်ိဳးနဲ႔ full view display သုံးထားမွာျဖစ္တာေၾကာင့္ ရုပ္ပုံေတြကို ျမင္ကြင္းက်ယ္က်ယ္နဲ႔ ျမင္ရပါလိမ့္မယ္။ ဖုန္းရဲ႕ေနာက္ေက်ာဘက္မွာေတာ့ ကင္မရာနဲ႔အတူ လက္ေဗြဖတ္စနစ္ကို တပ္ဆင္ေပးထားပါတယ္။

ကင္မရာဟာ Dual ကင္မရာျဖစ္ၿပီး Mi8 မွာတပ္ဆင္ထားတဲ့ ကင္မရာလုပ္ေဆာင္ခ်က္ေတြ အတိုင္းပါဝင္လာႏုိင္ပါတယ္။ စြမ္းအားပိုင္းမွာေတာ့  Snapdragon 710 SoC ကိုထည့္သြင္းထားပါတယ္။ Snapdragon 710 ရဲ႕စြမ္းအားဟာ2 Cortex-A75 big core နဲ႔ 6 Cortex-A55 small core ေပါင္းစပ္ထားတာ ျဖစ္ၿပီးGPU Adreno 616 ကိုေပါင္းစပ္ထားပါတယ္။ သူ႕ရဲ႕ပါဝါစြမ္းအားဟာ  AI engine ပါဝင္တဲ့ Snapdragon 660 ရဲ႕လုပ္ေဆာင္ခ်က္ထက္ ၂ဆပိုေကာင္းလာမယ္လို႔ ဆိုပါတယ္။

Android 8.1 Oreo အေျချပဳ  MIUI 10 ကိုတပါတည္း သုံးႏုိင္မွာျဖစ္ၿပီး RAM 4GB နဲ႔သိုေလွာင္မႈပိုင္းမွာ 32GB ျဖစ္ႏုိင္ၿပီး မတူညီတဲ့ Storage ေတြနဲ႔ပါ ထြက္လာႏုိင္ပါတယ္။ ဘက္ထရီကိုေတာ့ 5,500mAh နဲ႔ျဖစ္ၿပီး ဇူလိုင္လအတြင္းမွာ ထြက္ရွိလာပါလိမ့္မယ္။ စမတ္ဖုန္းနဲ႔ပတ္သတ္ၿပီး သုံးသပ္ခ်က္သူေတြကေတာ့ MI MAX 3 ဟာ Mi8 SE ကိုပိုႀကီးတဲ့ မ်က္ႏွာျပင္ထည့္သြင္းလာမယ့္ ဖုန္းသာျဖစ္လိမ့္မယ္လို႔ ဆုိပါတယ္။

Unicode

Xiaomi အနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းသစ်ဖြစ်တဲ့ MI MAX 3 ကိုနောက်လမှာ မိတ်ဆက်ပေးနိုင်ဖို့အတွက် ပြင်ဆင်လျက်ရှိနေပါတယ်။ ဖုန်းရဲ့အချက်အလက်ပိုင်းတွေနဲ့ ပတ်သတ်လို့ 3C ရဲ့အသိအမှတ်ပြုမှုကိုရရှိထားပြီးပါပြီ။ ဒါကြောင့်ဖုန်းဟာ ထွက်လာဖို့အချိန်သိပ်ကြာတော့မှာ မဟုတ်ပါဘူး။ ဒီနေ့မှာတော့ Xiaomi ရဲ့အသစ်ထွက်ရှိလာမယ့် စမတ်ဖုန်းဖြစ်တဲ့ MI MAX 3 နဲ့ပတ်သတ်တဲ့ ဒီဇိုင်းပုံရိပ်တွေ အွန်လိုင်းမှာထွက်ရှိလာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ထားတဲ့ Xiaomi MI8 နဲ့ဒီဇိုင်းပိုင်းမှာ တူသယောင်ရှိနိုင်ပေမယ့် သူ့မှာအနည်းငယ်ကွဲပြားမှုတွေ ပါဝင်လာပါလိမ့်မယ်။ display ရဲ့ထိပ်ဘက်မှာ  notch သုံးထားပေမယ့် သူ့မှာပိုကြီးမားတဲ့ full view ကိုမြင်ရမှာပါ။ မျက်နှာပြင် 6.99 လက်မ 18:9 အချိုးနဲ့ full view display သုံးထားမှာဖြစ်တာကြောင့် ရုပ်ပုံတွေကို မြင်ကွင်းကျယ်ကျယ်နဲ့ မြင်ရပါလိမ့်မယ်။ ဖုန်းရဲ့နောက်ကျောဘက်မှာတော့ ကင်မရာနဲ့အတူ လက်ဗွေဖတ်စနစ်ကို တပ်ဆင်ပေးထားပါတယ်။

ကင်မရာဟာ Dual ကင်မရာဖြစ်ပြီး Mi8 မှာတပ်ဆင်ထားတဲ့ ကင်မရာလုပ်ဆောင်ချက်တွေ အတိုင်းပါဝင်လာနိုင်ပါတယ်။ စွမ်းအားပိုင်းမှာတော့  Snapdragon 710 SoC ကိုထည့်သွင်းထားပါတယ်။ Snapdragon 710 ရဲ့စွမ်းအားဟာ2 Cortex-A75 big core နဲ့ 6 Cortex-A55 small core ပေါင်းစပ်ထားတာ ဖြစ်ပြီးGPU Adreno 616 ကိုပေါင်းစပ်ထားပါတယ်။ သူ့ရဲ့ပါဝါစွမ်းအားဟာ  AI engine ပါဝင်တဲ့ Snapdragon 660 ရဲ့လုပ်ဆောင်ချက်ထက် ၂ဆပိုကောင်းလာမယ်လို့ ဆိုပါတယ်။

Android 8.1 Oreo အခြေပြု  MIUI 10 ကိုတပါတည်း သုံးနိုင်မှာဖြစ်ပြီး RAM 4GB နဲ့သိုလှောင်မှုပိုင်းမှာ 32GB ဖြစ်နိုင်ပြီး မတူညီတဲ့ Storage တွေနဲ့ပါ ထွက်လာနိုင်ပါတယ်။ ဘက်ထရီကိုတော့ 5,500mAh နဲ့ဖြစ်ပြီး ဇူလိုင်လအတွင်းမှာ ထွက်ရှိလာပါလိမ့်မယ်။ စမတ်ဖုန်းနဲ့ပတ်သတ်ပြီး သုံးသပ်ချက်သူတွေကတော့ MI MAX 3 ဟာ Mi8 SE ကိုပိုကြီးတဲ့ မျက်နှာပြင်ထည့်သွင်းလာမယ့် ဖုန်းသာဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

 

 

Leave a Reply