SNAPDRAGON 710 ကိုယှဉ်ပြိုင်မယ့် HUAWEI ရဲ့ KIRIN 710

0
1290




Unicode

ပရိုဆက်ဆာ ထုတ်လုပ်သူ Snapdragon အနေနဲ့ ကုမ္ပဏီရဲ့ဗားရှင်းဟောင်း Snapdragon 660 ကိုအဆင့်မြင့်တင်ထားတဲ့ Snapdragon 710 ကိုထုတ်လုပ်ထားပြီး သူကိုလက်ရှိအချိန်မှာ အလယ်အလတ်ဆင့်ဖုန်းတွေမှာ သုံးနေကြပါတယ်။ ၎င်းမှာ 10nm နည်းပညာနဲ့ဖြစ်ပြီး ပထမဆုံးထည့်သွင်း သုံးစွဲလာတဲ့ ဖုန်းကတော့ Xioami Mi 8 SE မှာပဲဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့  Vivo Nex နဲ့ Nokia ရဲ့Phoenix device တွေမှာလဲ သုံးစွဲသုံးလာပါတယ်။ Snapdragon အနေနဲ့ လုပ်ဆောင်ချက်ကောင်းမွန်ပြီး ဈေးအလယ်အလတ်ဆင့် ဖုန်းတွေအတွက် ပရိုဆက်ဆာတွေ ဖန်တီးပေးနေချိန်မှာပဲ Huawei အနေနဲ့လည်း ပရိုဆက်ဆာအသစ်တစ်ခုကို ထုတ်လုပ်ဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

P20 Lite မှာသုံးထားတဲ့ HiSilicon Kirin 659 ကိုသုံးခဲ့သလိုမျိုး နောက်ပိုင်းမှာထွက်လာမယ့် Lite ဗားရှင်းဖုန်းအတွက် ပရိုဆက်ဆာတစ်ခုဖန်တီးလျက်ရှိနေပါတယ်။ တိုက်ဆိုင်စွာပဲ Huawei ကပြုလုပ်နေတဲ့ ပရိုဆက်ဆာရဲ့ နာမည်က  Kirin 710 ဖြစ်လို့နေပါတယ်။ ဒါဟာ  Snapdragon ကိုတိုက်ရိုက် ယှဉ်ပြိုင်လိုက်တာပါ။ Huawei Kirin 710 Chipset မှာCortex-A73 Cores ပါဝင်လာမှာ ဖြစ်ပြီး 12nm ဖြင့် တည်ဆောက်လာမှာ ဖြစ်ပါတယ်။ သို့ပေမယ့် စွမ်းဆောင်ချက်ပိုင်းမှာ တော့ပိုကောင်းလာပါလိမ့်မယ်။

Qualcomm ရဲ့ Snapdragon 710 မှာတော့ Kryo-A75  Cores ပါဝင်ပါတယ်။ ဒါ့အပြင် 10nm ဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Huawei ဟာ Kirin 710 Chipset သစ်ကို Huawei nova 3 မှာ အသုံးပြုလာဖို့ ရှိပါတယ်။ Huawei nova 3 မှာ 19:5:9 သုံးလာမှာ ဖြစ်ပြီး ကျောဘက်ကင်မရာနှစ်လုံး ပါဝင်လာပါမယ်။ ဒီဖုန်းရဲ့ code name က Paris ဖြစ်ပါတယ်။ ဒါ့အပြင့် Huawei အနေနဲ့ Mate 20 Lite မှာလဲသုံးစွဲလာနိုင်ပါတယ်။

Leave a Reply