HEXA-CORE SOC ျဖစ္တဲ့ SNAPDRAGON 680 ရဲ႕အခ်က္အလက္မ်ား ထြက္ေပၚလာ

0
1424

အေမရိကန္အေျခစိုက္ ပရိုဆက္ဆာ ထုတ္လုပ္သူအေနနဲ႔ SD 600 series ကို ထပ္မံအဆင့္ျမင့္တင္ထားတဲ့ Snapdragon 680 SoC ေတြကိုထုတ္လုပ္ေနတယ္ဆိုတာကို  GEEKBENCH မွာထြက္ေပၚလာတဲ့ အခ်က္အလက္ေတြအရ သိခဲ့ရပါတယ္။ Qualcomm အေနနဲ႔ Snapdragon 680 SoC ေတြရဲ႕အေၾကာင္းကို တရားဝင္ထုတ္ေျပာျခင္းေတာ့ မရွိေသးပါဘူး။

SD 680 ေတြကို 6GB RAM နဲ႔ Android 8.1 Oreo ေပါင္းစပ္ စမ္းသပ္မႈေတြအရ GEEKBENCH မွာထြက္ေပၚလာတဲ့ အမွတ္ေတြကို ၾကည့္လိုက္တဲ့အခါမွာ single-core မွာ 1940မွတ္နဲ႔ multi-coreမွာ  5153  မွတ္ရရွိခဲ့တာကို ေတြ႕ရပါတယ္။ Snapdragon 680 ဟာ ရမွတ္အေနအထားအရ Snapdragon 710 (18XX | 60XX) နဲ႔ Snapdragon 660 (16XX | 5970)၊  Snapdragon 630 (8XX | 41XX) တို႔ ၂ခုၾကားထဲမွာ ရွိေနပါတယ္။

Geekbench ရဲ႕ထြက္ေပၚလာတဲ့ စာရင္းအရ Snapdragon 680 ဟာ Six Cores CPU  အမ်ိဳးအစားျဖစ္ၿပီး clock speed မွာ  2.15 GHz ရွိမွာျဖစ္ပါတယ္။ ဒါဟာ Snapdragon 650 ၿပီးေနာက္၊ဒုတိယေျမာက္ hexa-core SoC ကိုသုံးလာတဲ့ Snapdragon 600 စီးရီး Chip လို႔သတ္မွတ္ႏုိင္ပါလိမ့္မယ္။ အသစ္ထြက္လာမယ့္လို႔ သတ္မွတ္ရတဲ့ Chip ဟာsingle-core စမ္းသပ္မႈမွာ 2017ခုႏွစ္ရဲ႕  flagship ဖုန္းေတြမွာ သုံးထားတဲ့ SD835 SoC နဲ႔ရမွတ္မွာ သြားတူညီေနတာကို ေတြ႕ရပါတယ္။ Snapdragon 680 ဟာ စြမ္းအားျပည့္ chipset အမ်ိဳးအစား ျဖစ္ၿပီး စြမ္းရည္ျမင့္ mid-range စမတ္ဖုန္းေတြမွာ ထည့္သြင္းလာပါလိမ့္မယ္။

Snapdragon 680 ပတ္သတ္တဲ့ အခ်က္အလက္ေတြကို ပိုမိုသိရွိႏုိင္ဖို႔အတြက္ကေတာ့ ရက္အနည္းငယ္ ေလာက္ ေစာင့္ရအုံးမွာ။ လက္ရွိအခ်ိန္မွာေတာ့ SD 710 ကိုသုံးထားတဲ့  Xiaomi mi 8 ရဲ႔ GEEKBENCH စမ္းသပ္ခ်က္ေတြက ပိုသာေနတယ္လို႔ သိရပါတယ္။

Unicode

အမေရိကန်အခြေစိုက် ပရိုဆက်ဆာ ထုတ်လုပ်သူအနေနဲ့ SD 600 series ကို ထပ်မံအဆင့်မြင့်တင်ထားတဲ့ Snapdragon 680 SoC တွေကိုထုတ်လုပ်နေတယ်ဆိုတာကို  GEEKBENCH မှာထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ သိခဲ့ရပါတယ်။ Qualcomm အနေနဲ့ Snapdragon 680 SoC တွေရဲ့အကြောင်းကို တရားဝင်ထုတ်ပြောခြင်းတော့ မရှိသေးပါဘူး။

SD 680 တွေကို 6GB RAM နဲ့ Android 8.1 Oreo ပေါင်းစပ် စမ်းသပ်မှုတွေအရ GEEKBENCH မှာထွက်ပေါ်လာတဲ့ အမှတ်တွေကို ကြည့်လိုက်တဲ့အခါမှာ single-core မှာ 1940မှတ်နဲ့ multi-coreမှာ  5153  မှတ်ရရှိခဲ့တာကို တွေ့ရပါတယ်။ Snapdragon 680 ဟာ ရမှတ်အနေအထားအရ Snapdragon 710 (18XX | 60XX) နဲ့ Snapdragon 660 (16XX | 5970)၊  Snapdragon 630 (8XX | 41XX) တို့ ၂ခုကြားထဲမှာ ရှိနေပါတယ်။

Geekbench ရဲ့ထွက်ပေါ်လာတဲ့ စာရင်းအရ Snapdragon 680 ဟာ Six Cores CPU  အမျိုးအစားဖြစ်ပြီး clock speed မှာ  2.15 GHz ရှိမှာဖြစ်ပါတယ်။ ဒါဟာ Snapdragon 650 ပြီးနောက်၊ဒုတိယမြောက် hexa-core SoC ကိုသုံးလာတဲ့ Snapdragon 600 စီးရီး Chip လို့သတ်မှတ်နိုင်ပါလိမ့်မယ်။ အသစ်ထွက်လာမယ့်လို့ သတ်မှတ်ရတဲ့ Chip ဟာsingle-core စမ်းသပ်မှုမှာ 2017ခုနှစ်ရဲ့  flagship ဖုန်းတွေမှာ သုံးထားတဲ့ SD835 SoC နဲ့ရမှတ်မှာ သွားတူညီနေတာကို တွေ့ရပါတယ်။ Snapdragon 680 ဟာ စွမ်းအားပြည့် chipset အမျိုးအစား ဖြစ်ပြီး စွမ်းရည်မြင့် mid-range စမတ်ဖုန်းတွေမှာ ထည့်သွင်းလာပါလိမ့်မယ်။

Snapdragon 680 ပတ်သတ်တဲ့ အချက်အလက်တွေကို ပိုမိုသိရှိနိုင်ဖို့အတွက်ကတော့ ရက်အနည်းငယ် လောက် စောင့်ရအုံးမှာ။ လက်ရှိအချိန်မှာတော့ SD 710 ကိုသုံးထားတဲ့  Xiaomi mi 8 ရဲ့ GEEKBENCH စမ်းသပ်ချက်တွေက ပိုသာနေတယ်လို့ သိရပါတယ်။

Leave a Reply