Huawei Mate 20 Pro တြင္ Samsung မွ ၆.၉ လက္မ OLED မ်က္ႏွာျပင္ပါ၀င္လာႏိုင္

0
1358

The Bell က Huawei ဟာ ေနာက္ထုတ္မယ့္ Smartphone ၁ လံုးမွာသံုးဖို႔အတြက္ Samsung ထံမွအရြယ္ႀကီး ၆.၉လက္မ OLED Display မ်ားကို မွာယူထားတယ္လို႔ ေရးသားထားပါတယ္။ အမ်ိဳးမ်ိဳးေသာနမူနာပံုစံမ်ားအား Samsung က Huawei ကိုပို႔ၿပီးသြားပါၿပီ။ အရာရာတိုင္းဟာ စီစဥ္ထားတဲ့အတိုင္း ျဖစ္လာမယ္ဆိုရင္ အေျမာက္အမ်ားထုတ္လုပ္မႈကို ယခုႏွစ္ရဲ႕ ကြာတား ၃ ကာလအတြင္းစတင္ထုတ္လုပ္ႏိုင္ရန္ ေမွ်ာ္လင့္ပါတယ္။ ေရာင္းခ်မႈကို ကြာတား ၄ မွာစတင္နိုင္မွာျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ ပထမ ၃ လအတြင္းမွာလဲေရာင္းခ်ေကာင္းေရာင္းခ်နိုင္ပါတယ္။

OLED Display မ်ားျဖစ္တဲ့အတြက္ Huawei ကသူ႔ရဲ႕ေနာက္ထုတ္မယ့္ စြမ္းရည္ျမင့္ Smart Phone မွာထည့္သြင္းထားႏိုင္ပါတယ္။ Mate 20 Smart Phone မ်ားထဲမွ တစ္လံုးမွာ အဲဒီ Display ကိုထည့္သြင္းထားႏိုင္ပါတယ္။ Mate 20 နဲ႔ Mate 20 Pro တို႔ကို October လ၀န္းက်င္မွာတရား၀င္ေၾကညာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Mate 20 Pro မွာ ႀကီးမားတဲ့မ်က္ႏွာျပင္ ပါ၀င္နိုင္ပါတယ္။ ယခင္ႏွစ္ေတြအတြင္းမွာ စြမ္းေဆာင္ရည္ျမင့္ Mate ဖုန္းမ်ားရဲ႕မ်က္ႏွာျပင္အရြယ္စားဟာ အရြယ္ႀကီး P Series မ်ားနဲ႔တူညီပါတယ္။ ယခုႏွစ္ မွာဒီအတိုင္းပဲရွိမယ္ဆိုရင္ Mate 20 မွာ P20 Pro နဲ႔ညီမွ်တဲ့အနဲွဆံုး ၆.၁လက္မ Display ပါ၀င္လာမွာပါ။

Mate 20 Pro မွာသာ ၆.၉ လက္မမ်က္ႏွာျပင္ပါ၀င္လာႏိုင္ပါတယ္။ လက္ရွိအေျခေနမွာေတာ့ ဒါဟာခန္႔မွန္းေျပာဆိုေနမႈမ်ားျဖစ္ပါသည္။ Huawei က အဲ့ဒီမ်က္ႏွာျပင္ကို တျခားဖုန္း ၁ ခုမွာလဲ ထည့္သြင္းႏိုင္ပါတယ္။

unicode

Huawei Mate 20 Pro တွင် Samsung မှ ၆.၉ OLED မျက်နှာပြင်ပါဝင်လာနိုင်

The Bell က Huawei ဟာ နောက်ထုတ်မယ့် Smartphone ၁ လုံးမှာသုံးဖို့အတွက် Samsung ထံမှအရွယ်ကြီး ၆.၉လက်မ OLED Display များကို မှာယူထားတယ်လို့ ရေးသားထားပါတယ်။ အမျိုးမျိုးသောနမူနာပုံစံများအား Samsung က Huawei ကိုပို့ပြီးသွားပါပြီ။ အရာရာတိုင်းဟာ စီစဉ်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် အမြောက်အများထုတ်လုပ်မှုကို ယခုနှစ်ရဲ့ ကွာတား ၃ ကာလအတွင်းစတင်ထုတ်လုပ်နိုင်ရန် မျှော်လင့်ပါတယ်။ ရောင်းချမှုကို ကွာတား ၄ မှာစတင်နိုင်မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ပထမ ၃ လအတွင်းမှာလဲရောင်းချကောင်းရောင်းချနိုင်ပါတယ်။

OLED Display များဖြစ်တဲ့အတွက် Huawei ကသူ့ရဲ့နောက်ထုတ်မယ့် စွမ်းရည်မြင့် Smart Phone မှာထည့်သွင်းထားနိုင်ပါတယ်။ Mate 20 Smart Phone များထဲမှ တစ်လုံးမှာ အဲဒီ Display ကိုထည့်သွင်းထားနိုင်ပါတယ်။ Mate 20 နဲ့ Mate 20 Pro တို့ကို October လဝန်းကျင်မှာတရားဝင်ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။

Mate 20 Pro မှာ ကြီးမားတဲ့မျက်နှာပြင် ပါဝင်နိုင်ပါတယ်။ ယခင်နှစ်တွေအတွင်းမှာ စွမ်းဆောင်ရည်မြင့် Mate ဖုန်းများရဲ့မျက်နှာပြင်အရွယ်စားဟာ အရွယ်ကြီး P Series များနဲ့တူညီပါတယ်။ ယခုနှစ် မှာဒီအတိုင်းပဲရှိမယ်ဆိုရင် Mate 20 မှာ P20 Pro နဲ့ညီမျှတဲ့အနဲှဆုံး ၆.၁လက်မ Display ပါဝင်လာမှာပါ။

Mate 20 Pro မှာသာ ၆.၉ လက်မမျက်နှာပြင်ပါဝင်လာနိုင်ပါတယ်။ လက်ရှိအခြေနေမှာတော့ ဒါဟာခန့်မှန်းပြောဆိုနေမှုများဖြစ်ပါသည်။ Huawei က အဲ့ဒီမျက်နှာပြင်ကို တခြားဖုန်း ၁ ခုမှာလဲ ထည့်သွင်းနိုင်ပါတယ်။

Leave a Reply