5G ကြန္ယက္ကို ဒီႏွစ္မွာ သံုးႏိုင္ေတာ့ မလား ?

0
1539

5G ကြန္ယက္ကို လာမယ့္ႏွစ္မ်ားအတြင္းမွာ အသံုးျပဳႏုိင္ေတာ့မယ္ဆိုတဲ့ သတင္းမ်ား ယခင္က ထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့ ဒီထက္ေစာၿပီး သူ႔ကို အသံုးျပဳႏုိင္ေတာ့မယ္လို႔ ထင္ရပါတယ္။ Ericsson Mobility ရဲ႕ သုေတသန စစ္တမ္းအရ 5G ကြန္ယက္ကို ဒီႏွစ္ထဲမွာ တည္ေဆာက္ႏိုင္မွာ ျဖစ္ၿပီး လာမယ့္ႏွစ္ မွာ 5G Smartphone မ်ား ေပၚလာေတာ့မယ္လို႔ ေျပာပါတယ္။ အေမရိကန္မွာ အဲဒီကြန္ယက္ကို အေစာဆံုး အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာ အာရွနဲ႔ ေနာက္ပိုင္းမွာမွ အေနာက္ ဥေရာပႏုိင္ငံမ်ားက အဲဒီ ကြန္ရက္ကို အသံုးျပဳႏိုင္မွာ ျဖစ္တယ္လို႔ စစ္တမ္းက ေဖာ္ျပထားပါတယ္။ ၂၀၂၃ ခုႏွစ္မွာ 5G ကိုေထာက္ပံ့တဲ့ စမတ္ဖုန္း၊ တက္ဘလက္ေပါင္း တစ္ဘီလီယမ္ရွိလာမယ္လို႔ စစ္တမ္းက ေဖာ္ျပထားပါတယ္။ မိုဘိုင္း ကြန္ရက္အားလံုးရဲ႕ ငါးပံုပံုတစ္ပံုဟာ 5G ကြန္ယက္ ျဖစ္လာမွာ ျဖစ္ပါတယ္။ အေမရိကန္မွာေတာ့ မိုဘိုင္း ကြန္ယက္အားလံုးရဲ႕ ထက္၀က္ဟာ 5G ကြန္ယက္ကို အစားထိုးလာၾကမွာပါ။ အေရွ႕ေျမာက္ အာရွမွာေတာ့ သံုးပံုပံုတစ္ပံုနဲ႔ အေနာက္ ဥေရာပမွာ ငါးပံုပံုတစ္ပံုဟာ အဲဒီ ကြန္ရက္ကို သံုးလာၾကမွာပါ။

လက္ရွိမွာ 5G ဟာ ေစ်းကြက္ထဲကို မေရာက္ရွိေသးပါဘူး။ ကုမၸဏီမ်ားက သူတို႔ရဲ႕ 5G Device မ်ားကို ေရာင္းခ်မယ့္ အစီအစဥ္မ်ားကို ေၾကညာေနၾကပါတယ္။ ဟြာေ၀းကလည္း ရွန္ဇန္မွာ ဧၿပီလတြင္ က်င္းပခဲ့တဲ့ သူ႔ရဲ႕ Global Analyst Summit မွာ လာမယ့္ႏွစ္ ဒုတိယႏွစ္၀က္မွာ ပထမဆံုး 5G Phone ကို ေရာင္းခ်မယ္လို႔ ေၾကညာထားပါတယ္။ အဲဒီ အခ်ိန္မတိုင္ခင္ ၂၀၁၉ ခုႏွစ္ ဒုတိယ ကြာတားမွာေတာ့ ပထမဆံုး 5G Mobile Hotspot ကို ဟြာေ၀းက မိတ္ဆက္မွာပါ။

ဟြာေ၀းက အျခား ကုမၸဏီမ်ားမွ စမတ္ဖုန္းမ်ားမွာလည္း သူ႔ရဲ႕ 5G Modems မ်ားကို ထည့္သြင္းထားၾကမယ္လို႔ ေျပာပါတယ္။ ဟြာေ၀းက သူ႔ရဲ႕ 5G Chip ရဲ႕ အမည္နဲ႔ သတင္းအခ်က္အလက္မ်ားကိုေတာ့ မေျပာၾကားေသးပါဘူး။ ဟြာေ၀းက Mobile World Congress 2018 မွာ မိတ္ဆက္ခဲ့တဲ့ Balong 5G01 Chip ဟာ 5G Chip ျဖစ္လာႏုိင္ပါတယ္။

unicode

5G ကွန်ယက်ကို ဒီနှစ်မှာ သုံးနိုင်တော့ မလား ?

5G ကွန်ယက်ကို လာမယ့်နှစ်များအတွင်းမှာ အသုံးပြုနိုင်တော့မယ်ဆိုတဲ့ သတင်းများ ယခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ ဒီထက်စောပြီး သူ့ကို အသုံးပြုနိုင်တော့မယ်လို့ ထင်ရပါတယ်။ Ericsson Mobility ရဲ့ သုတေသန စစ်တမ်းအရ 5G ကွန်ယက်ကို ဒီနှစ်ထဲမှာ တည်ဆောက်နိုင်မှာ ဖြစ်ပြီး လာမယ့်နှစ် မှာ 5G Smartphone များ ပေါ်လာတော့မယ်လို့ ပြောပါတယ်။ အမေရိကန်မှာ အဲဒီကွန်ယက်ကို အစောဆုံး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အာရှနဲ့ နောက်ပိုင်းမှာမှ အနောက် ဥရောပနိုင်ငံများက အဲဒီ ကွန်ရက်ကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ ၂၀၂၃ ခုနှစ်မှာ 5G ကိုထောက်ပံ့တဲ့ စမတ်ဖုန်း၊ တက်ဘလက်ပေါင်း တစ်ဘီလီယမ်ရှိလာမယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။ မိုဘိုင်း ကွန်ရက်အားလုံးရဲ့ ငါးပုံပုံတစ်ပုံဟာ 5G ကွန်ယက် ဖြစ်လာမှာ ဖြစ်ပါတယ်။ အမေရိကန်မှာတော့ မိုဘိုင်း ကွန်ယက်အားလုံးရဲ့ ထက်ဝက်ဟာ 5G ကွန်ယက်ကို အစားထိုးလာကြမှာပါ။ အရှေ့မြောက် အာရှမှာတော့ သုံးပုံပုံတစ်ပုံနဲ့ အနောက် ဥရောပမှာ ငါးပုံပုံတစ်ပုံဟာ အဲဒီ ကွန်ရက်ကို သုံးလာကြမှာပါ။

လက်ရှိမှာ 5G ဟာ ဈေးကွက်ထဲကို မရောက်ရှိသေးပါဘူး။ ကုမ္ပဏီများက သူတို့ရဲ့ 5G Device များကို ရောင်းချမယ့် အစီအစဉ်များကို ကြေညာနေကြပါတယ်။ ဟွာဝေးကလည်း ရှန်ဇန်မှာ ဧပြီလတွင် ကျင်းပခဲ့တဲ့ သူ့ရဲ့ Global Analyst Summit မှာ လာမယ့်နှစ် ဒုတိယနှစ်ဝက်မှာ ပထမဆုံး 5G Phone ကို ရောင်းချမယ်လို့ ကြေညာထားပါတယ်။ အဲဒီ အချိန်မတိုင်ခင် ၂၀၁၉ ခုနှစ် ဒုတိယ ကွာတားမှာတော့ ပထမဆုံး 5G Mobile Hotspot ကို ဟွာဝေးက မိတ်ဆက်မှာပါ။

ဟွာဝေးက အခြား ကုမ္ပဏီများမှ စမတ်ဖုန်းများမှာလည်း သူ့ရဲ့ 5G Modems များကို ထည့်သွင်းထားကြမယ်လို့ ပြောပါတယ်။ ဟွာဝေးက သူ့ရဲ့ 5G Chip ရဲ့ အမည်နဲ့ သတင်းအချက်အလက်များကိုတော့ မပြောကြားသေးပါဘူး။ ဟွာဝေးက Mobile World Congress 2018 မှာ မိတ်ဆက်ခဲ့တဲ့ Balong 5G01 Chip ဟာ 5G Chip ဖြစ်လာနိုင်ပါတယ်။

Leave a Reply