ျမစ္ထဲ ႏွစ္ပတ္ၾကာ နစ္ျမဳပ္ေနေပမယ့္ အေကာင္းအတုိင္း ရွိေနေသးတဲ့ iPhone X (Video)

0
648

iPhone X မွာပါတဲ့ IP67 ေရစိုခံစံႏႈန္းဟာ ေရနက္ ၁ မီတာမွာ ၃၀ မိနစ္သာ ေရစိုခံပါတယ္။ အခုေတာ့ iPhone X တစ္လံုးဟာ ျမစ္ထဲမွာ ႏွစ္ပတ္ၾကာ နစ္ျမဳပ္ေနေပမယ့္ အေကာင္းအတိုင္း ရွိေနေသးတယ္ဆိုတဲ့ သတင္းတစ္ပုဒ္ ထြက္လာပါတယ္။ အဲဒီ ဖုန္းကို ျမစ္ၾကမ္းျပင္ေအာက္မွာ ရွာေဖြေတြ႕ရွိခဲ့သူက Dallas အမည္ရ အမ်ိဳးသား ျဖစ္ပါတယ္။

သူဟာ ျမစ္ထဲမွာ ေရငုပ္ၿပီး ရလာတဲ့ ပစၥည္းမ်ားကို ပိုင္ရွင္မ်ားထံ ျပန္လည္ေပးအပ္တဲ့ ဗီဒီယိုမ်ားကို YouTube မွာ ျပသေနပါတယ္။ သူ႔ရဲ႕ YouTube Channel အမည္မွာ Man+River ျဖစ္ပါတယ္။ သူဟာ တစ္ရက္မွာ ျမစ္ထဲမွာ ေရငုပ္ေနစဥ္မွာ iPhone X တစ္လံုးကို ေတြ႕ရွိခဲ့ပါတယ္။ သူဟာ ဖုန္းကို ဆန္ထဲမွာ ႏွစ္ျမွပ္ထားၿပီး အေျခာက္ခံခဲ့ပါတယ္။ အဲဒီေနာက္မွာ ဖုန္းကို ပါ၀င္ဖြင့္ၾကည့္တဲ့ အခါမွာ ဖုန္းဟာ သံုးလို႔ရေနေသးတာကို ေတြ႕ခဲ့ရပါတယ္။

သူဟာ ဖုန္း ပိုင္ရွင္ ျဖစ္သူ Alyssa ထံ ဆက္သြယ္ၿပီး ျပန္လည္ ေပးအပ္ခဲ့ပါတယ္။ Alyssa ဟာ မၾကာေသးခင္ကမွ ကေလး ေမြးဖြားထားသူျဖစ္တဲ့အတြက္ အဲဒီ ဖုန္းထဲမွာ သူမ ကေလးရဲ႕ ဓါတ္ပံုမ်ား ပါသြားခဲ့တာပါ။ အဲဒီ ပံုမ်ားကို သူမဟာ Backup လည္း မလုပ္ထားမိပါဘူး။ သူမရဲ႕ အိုင္ဖုန္းဟာ ျမစ္ထဲက်သြားတာ ႏွစ္ပတ္ေလာက္ ရွိေနပါၿပီ။ ဖုန္း မွာ ေရစိုခံ Case ကိုလည္း မတပ္ထားပါဘူး။ ဖုန္း ျပန္ရတဲ့အတြက္ သူမဟာ အလြန္ ေပ်ာ္ရႊင္ေနပါတယ္။

Apple ဟာ iPhone 7 / 7 Plus က စၿပီး ေရစိုခံစြမ္းရည္ကို ထည့္သြင္းေပးခဲ့ပါတယ္။ iPhone X မွာလည္း အဲဒီစြမ္းရည္ပါလာပါတယ္။ Dallas ရဲ႕ ျမစ္ထဲမွာ iPhone X ရွာေတြ႕တဲ့ ဗီဒီယုိကို ေအာက္မွာ ၾကည့္ပါ။

unicode

မြစ်ထဲ နှစ်ပတ်ကြာ နစ်မြုပ်နေပေမယ့် အကောင်းအတိုင်း ရှိနေသေးတဲ့ iPhone X

iPhone X မှာပါတဲ့ IP67 ရေစိုခံစံနှုန်းဟာ ရေနက် ၁ မီတာမှာ ၃၀ မိနစ်သာ ရေစိုခံပါတယ်။ အခုတော့ iPhone X တစ်လုံးဟာ မြစ်ထဲမှာ နှစ်ပတ်ကြာ နစ်မြုပ်နေပေမယ့် အကောင်းအတိုင်း ရှိနေသေးတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ထွက်လာပါတယ်။ အဲဒီ ဖုန်းကို မြစ်ကြမ်းပြင်အောက်မှာ ရှာဖွေတွေ့ရှိခဲ့သူက Dallas အမည်ရ အမျိုးသား ဖြစ်ပါတယ်။

သူဟာ မြစ်ထဲမှာ ရေငုပ်ပြီး ရလာတဲ့ ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်လည်ပေးအပ်တဲ့ ဗီဒီယိုများကို YouTube မှာ ပြသနေပါတယ်။ သူ့ရဲ့ YouTube Channel အမည်မှာ Man+River ဖြစ်ပါတယ်။ သူဟာ တစ်ရက်မှာ မြစ်ထဲမှာ ရေငုပ်နေစဉ်မှာ iPhone X တစ်လုံးကို တွေ့ရှိခဲ့ပါတယ်။ သူဟာ ဖုန်းကို ဆန်ထဲမှာ နှစ်မြှပ်ထားပြီး အခြောက်ခံခဲ့ပါတယ်။ အဲဒီနောက်မှာ ဖုန်းကို ပါဝင်ဖွင့်ကြည့်တဲ့ အခါမှာ ဖုန်းဟာ သုံးလို့ရနေသေးတာကို တွေ့ခဲ့ရပါတယ်။

သူဟာ ဖုန်း ပိုင်ရှင် ဖြစ်သူ Alyssa ထံ ဆက်သွယ်ပြီး ပြန်လည် ပေးအပ်ခဲ့ပါတယ်။ Alyssa ဟာ မကြာသေးခင်ကမှ ကလေး မွေးဖွားထားသူဖြစ်တဲ့အတွက် အဲဒီ ဖုန်းထဲမှာ သူမ ကလေးရဲ့ ဓါတ်ပုံများ ပါသွားခဲ့တာပါ။ အဲဒီ ပုံများကို သူမဟာ Backup လည်း မလုပ်ထားမိပါဘူး။ သူမရဲ့ အိုင်ဖုန်းဟာ မြစ်ထဲကျသွားတာ နှစ်ပတ်လောက် ရှိနေပါပြီ။ ဖုန်း မှာ ရေစိုခံ Case ကိုလည်း မတပ်ထားပါဘူး။ ဖုန်း ပြန်ရတဲ့အတွက် သူမဟာ အလွန် ပျော်ရွှင်နေပါတယ်။

Apple ဟာ iPhone 7 / 7 Plus က စပြီး ရေစိုခံစွမ်းရည်ကို ထည့်သွင်းပေးခဲ့ပါတယ်။ iPhone X မှာလည်း အဲဒီစွမ်းရည်ပါလာပါတယ်။ Dallas ရဲ့ မြစ်ထဲမှာ iPhone X ရှာတွေ့တဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ပါ။

Leave a Reply