အေမရိကန္က ကမာၻ႕ အျမန္ဆံုး စူပါ ကြန္ျပဴတာကို ျပသ

0
1819

အေမရိကန္က Summit အမည္ရ ကမာၻ႕ အျမန္ဆံုး စူပါ ကြန္ျပဴတာကို ျပသလိုက္ပါတယ္။ သူဟာ တစ္စကၠန္႔လွ်င္ တြက္ခ်က္မႈေပါင္း ၂၀၀ ၀၀၀ ထရီလီယမ္ကို ျပဳလုပ္နို္င္ပါတယ္။ အျမန္ႏႈန္းအားျဖင့္ 200 petaflops အထိ ရွိပါတယ္။ အေမရိကန္က တရုတ္မွ Sunway TaihuLight Supercomputer ရဲ႕ ကမာၻ႕ အျမန္ဆံုး စူပါ ကြန္ျပဴတာ ဘြဲ႕ကို လုယူလိုက္တာ ျဖစ္ပါတယ္။ Summit ရဲ႕ အျမန္ႏႈန္းဟာ Sunway ရဲ႕ 93 petaflops ထက္ ၂ ဆေက်ာ္ေတာင္ ပိုမ်ားေနပါတယ္။

Summit ကို အေစာပိုင္းမွာ အာကာသ စူးစမ္းေလ့လာေရး၊ ကင္ဆာ သုေတသန လုပ္ငန္းမ်ားမွာ အသံုးျပဳမွာ ျဖစ္ပါတယ္။ သူ႔ကို Oak Ridge National Laboratory မွာ ထားရွိထားပါတယ္။ IBM နဲ႔ Nvidia တို႔ ပူးေပါင္း ဖန္တီးထားတာပါ။ စူပါ ကြန္ျပဴတာမ်ားမွာ ပေရာ္ဆက္ဆာေပါင္း ေသာင္းဂဏန္းရွိၿပီး အလြန္ ထုထည္ႀကီးမားၾကပါတယ္။

Summit မွာ 22-Core IBM Power9 Processors ၂ ခုနဲ႔ Nvidia Tesla V100 Graphics Processing Unit Accelerators ၆ ခု ထည့္သြင္းထားပါတယ္။ သူ႔မွာ Compute Servers ေပါင္း ၄၆၀၈ နဲ႔ Memory ေပါင္း 10 Petabytes ရွိပါတယ္။ Summit ဟာ စြမ္းအင္ စားသံုးမႈ အလြန္ နည္းပါးၿပီး 13 megawatts သာ လိုအပ္ပါတယ္။ Sunway ဟာ 15 megawatts အသံုးျပဳပါတယ္။ Summit ရဲ႕ တန္ေၾကးဟာ ေဒၚလာ သန္း ၂၀၀ ရွိပါတယ္။

၂၀၁၇ ခုႏွစ္မွာ ထုတ္ျပန္တဲ့ ကမာၻ႕ ထိပ္တန္း စူပါ ကြန္ျပဴတာမ်ားကို ပိုင္ဆိုင္တဲ့ စာရင္းအရ အေမရိကန္ဟာ ၁၄၃ လံုး၊ တရုတ္က ၂၀၂ လံုး ပိုင္ဆိုင္ထားပါတယ္။

unicode

အမေရိကန်က ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပြူတာကို ပြသ

အမေရိကန်က Summit အမည်ရ ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပြူတာကို ပြသလိုက်ပါတယ်။ သူဟာ တစ်စက္ကန့်လျှင် တွက်ချက်မှုပေါင်း ၂၀၀ ၀၀၀ ထရီလီယမ်ကို ပြုလုပ်နိုင်ပါတယ်။ အမြန်နှုန်းအားဖြင့် 200 petaflops အထိ ရှိပါတယ်။ အမေရိကန်က တရုတ်မှ Sunway TaihuLight Supercomputer ရဲ့ ကမ္ဘာ့ အမြန်ဆုံး စူပါ ကွန်ပြူတာ ဘွဲ့ကို လုယူလိုက်တာ ဖြစ်ပါတယ်။ Summit ရဲ့ အမြန်နှုန်းဟာ Sunway ရဲ့ 93 petaflops ထက် ၂ ဆကျော်တောင် ပိုများနေပါတယ်။

Summit ကို အစောပိုင်းမှာ အာကာသ စူးစမ်းလေ့လာရေး၊ ကင်ဆာ သုတေသန လုပ်ငန်းများမှာ အသုံးပြုမှာ ဖြစ်ပါတယ်။ သူ့ကို Oak Ridge National Laboratory မှာ ထားရှိထားပါတယ်။ IBM နဲ့ Nvidia တို့ ပူးပေါင်း ဖန်တီးထားတာပါ။ စူပါ ကွန်ပြူတာများမှာ ပရော်ဆက်ဆာပေါင်း သောင်းဂဏန်းရှိပြီး အလွန် ထုထည်ကြီးမားကြပါတယ်။

Summit မှာ 22-Core IBM Power9 Processors ၂ ခုနဲ့ Nvidia Tesla V100 Graphics Processing Unit Accelerators ၆ ခု ထည့်သွင်းထားပါတယ်။ သူ့မှာ Compute Servers ပေါင်း ၄၆၀၈ နဲ့ Memory ပေါင်း 10 Petabytes ရှိပါတယ်။ Summit ဟာ စွမ်းအင် စားသုံးမှု အလွန် နည်းပါးပြီး 13 megawatts သာ လိုအပ်ပါတယ်။ Sunway ဟာ 15 megawatts အသုံးပြုပါတယ်။ Summit ရဲ့ တန်ကြေးဟာ ဒေါ်လာ သန်း ၂၀၀ ရှိပါတယ်။

၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်တဲ့ ကမ္ဘာ့ ထိပ်တန်း စူပါ ကွန်ပြူတာများကို ပိုင်ဆိုင်တဲ့ စာရင်းအရ အမေရိကန်ဟာ ၁၄၃ လုံး၊ တရုတ်က ၂၀၂ လုံး ပိုင်ဆိုင်ထားပါတယ်။

Leave a Reply