တကယ့္ Screen မ်က္ႏွာျပင္ျပည့္စမတ္ဖုန္းကို Vivo မိတ္ဆက္ၿပီ

0
1626

Zawgyi Version

ထြက္ခဲ့သမွ် Vivo ဖုန္းေတြထဲမွာေတာ့ အေကာင္းဆုံးနဲ႔ဆန္းသစ္မႈအရွိဆုံးလို႔ဆိုရမယ့္ Vivo Nex စမတ္ဖုန္းကိုမိတ္ဆက္လိုက္ပါၿပီ။ ဒီဖုန္းရဲ႕ထူးျခားခ်က္ကေတာ့ လက္ရွိေစ်းကြက္ထဲမွာ အၿပိဳင္ထုတ္ေနၾကတဲ့စမတ္ဖုန္းေတြလို Screen မ်က္ႏွာျပင္ေနရာအျပည့္ျဖစ္ဖို႔ Sensor ေနရာေတြကိုကြက္ခ်န္ထားၿပီး Notch ဒီဇိုင္း (ဂ်ိဳဒီဇိုင္း)သုံးထားတာမ်ိဳးမဟုတ္ဘဲ ဖုန္းရဲ႕ေရွ႕မ်က္ႏွာျပင္ ထိပ္ေဘာင္နားအထိ Display အျပည့္ပါတဲ့ စမတ္ဖုန္းပါ။

earpiece speaker လည္းမပါဝင္ေတာ့ဘဲ Display မ်က္ႏွာျပင္ေအာက္ကေန အသံထုတ္ေပးမယ့္ Screen SoundCasting Technology ကိုအသုံးျပဳထားပါတယ္။ Display ကို Speaker အျဖစ္ေျပာင္းလဲေပးလိုက္ျခင္းဆိုၿပီးေတာ့ပဲ Screen SoundCasting Technology ကို Vivo ကအလြယ္သုံးႏႈန္းေျပာဆိုပါတယ္။ ဖုန္းရဲ႕ထိပ္နားမွာပါေနက် က်န္တဲ့ Sensor ေတြကိုလည္း Display ရဲ႕ေအာက္ထဲမွာထည့္ထားပါတယ္။ Screen ကို ထိပ္မ်က္ႏွာျပင္တစ္ခုလုံးေနရာအျပည့္ယူထားတာေၾကာင့္ ဖုန္းရဲ႕ထိပ္နားမွာ Selfie Camera လည္းမပါဝင္ေတာ့ပါဘူး ။

Image may contain: phone

Selfie Camera အတြက္ Selfie ႐ိုက္ဖို႔လိုအပ္တဲ့အခ်ိန္က်မွဖုန္းရဲ႕ထိပ္ေဘာင္ထဲကေနအေပၚကိုထြက္လာမယ့္ Pop-up Camera ပုံစံနဲ႔ထည့္သြင္းေပးလိုက္တာပါ။ ၎ Pop-up Camera (Selfie Camera) ကေတာ့ 8 MP Sensor ကိုအသုံးျပဳေပးထားပါတယ္။ Camera နဲ႔ဆိုင္တဲ့ app ေတြထဲကေနျပန္ထြက္လိုက္တာနဲ႔ ေရွ႕ Selfie Camera ေလးက ဖုန္းကိုယ္ထည္ထဲကို auto ျပန္ဝင္သြားမွာပါ။ ယင္း Camera အသြင္းအထုတ္အတြက္ Motor အသုံးျပဳထားၿပီး အႀကိမ္ေရ ၅ ေသာင္းခန္႔အထိေကာင္းမြန္စြာအသြင္းအထုတ္လုပ္ႏိုင္မွာပါ။

Image may contain: phone

Xiaomi ရဲ႕ Concept စမတ္ဖုန္းျဖစ္တဲ့ Mi Mix တုန္းကအခုလိုပဲ Screen မ်က္ႏွာျပင္ျပည့္ဒီဇိုင္းနဲ႔လုပ္ေဆာင္ခဲ့ဖူးေသာ္လည္း Selfie Camera အထားအသိုကိစၥကို Vivo Nex ကဲ့သို႔မေျဖရွင္းႏိုင္ခဲ့ဘဲ ဖုန္းရဲ႕ေအာက္ေထာင့္မွာသာထည့္ေပးခဲ့ပါတယ္ ။

Image may contain: phone and screen

ဖုန္းရဲ႕ေနာက္ေက်ာဘက္ျခမ္းမွာ Dual Camera ပါဝင္ၿပီး တစ္လုံးက 12MP dual pixel sensor with OIS (f/1.8 aperture)lens ျဖစ္ၿပီး က်န္တစ္လုံးကေတာ့ 5MP sensor (f/2.4) lens ျဖစ္ၿပီး ယင္း 5MP Sensor ကေတာ့ portrait mode effects ေတြအတြက္ပဲလုပ္ေဆာင္ေပးမွာပါ။ Camera စနစ္ေတြမွာလည္း AI နည္းပညာေတြထည့္သြင္းေပးထားၿပီး Live Photos, Beauty mode စတာေတြအျပင္ AI HDR နဲ႔AR stickers စတဲ့ AI Photography feature ေတြကိုထည့္သြင္းေပးထားပါတယ္။

Image may contain: phone

Fingerprint Scanner ကလည္းေက်ာဘက္မွာမပါေတာ့ဘဲ ဖုန္းေရွ႕မ်က္ႏွာျပင္ Display ရဲ႕အတြင္းထဲမွာ ထည့္သြင္းတည္ေဆာက္ေပးထားပါတယ္။

Image may contain: phone

ဖုန္းရဲ႕ေနာက္ဘက္ျခမ္းကို Glass နဲ႔ဖုံးအုပ္ထားၿပီး Huawei P20 Pro လို Color အေရာင္ေျပးဒီဇိုင္းေလးပါ။

Image may contain: phone and screen

Vivo Nex စမတ္ဖုန္းဟာ Screen size ၆.၅၉ လက္မအရြယ္ Full HD+ Super AMOLED Display (2316 x 1080 pixels) ကိုအသုံးျပဳထားၿပီး Screen-to-body ratio အေနနဲ႔ 91.2% (19.3:9 ratio) ျဖစ္ပါတယ္။ Screen ေဘးေဘာင္အထူအေနနဲ႔ ထိပ္ေဘာင္က 2.16 mm ၊ ေအာက္ေဘာင္က 5.08 mm နဲ႔ ေဘးေဘာင္က 1.71 mm သာထူပါတယ္။

Image may contain: phone

Vivo Nex စမတ္ဖုန္းမွာ 4,000 mAh battery ကိုအသုံးျပဳထားၿပီး USB Port အေနနဲ႔ USB TYPE-C Port ကိုအသုံးျပဳထားပါတယ္။ Wireless Charging စနစ္ေတာ့ပါဝင္ျခင္းမရွိပါဘူး။

Image may contain: phone

Snapdragon 845 Chipset, RAM 8GB , Memory 256GB ပါဝင္မယ့္ Vivo Nex စမတ္ဖုန္းကေတာ့ $780 ဝန္းက်င္က်သင့္မွာျဖစ္ၿပီး ၊ Mid-range version ျဖစ္တဲ့ Snapdragon 710 Chipset အသုံးျပဳထားတဲ့ Vivo Nex ကေတာ့ $600 ဝန္းက်သင့္မွာပါ။ ဒါေပမယ့္ Vivo Nex စမတ္ဖုန္းကို တ႐ုတ္ႏိုင္ငံေစ်းကြက္တစ္ခုတည္းကိုပဲေရာင္းခ်သြားမွာပါ။

Unicode Version

ထွက်ခဲ့သမျှ Vivo ဖုန်းတွေထဲမှာတော့ အကောင်းဆုံးနဲ့ဆန်းသစ်မှုအရှိဆုံးလို့ဆိုရမယ့် Vivo Nex စမတ်ဖုန်းကိုမိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းရဲ့ထူးခြားချက်ကတော့ လက်ရှိဈေးကွက်ထဲမှာ အပြိုင်ထုတ်နေကြတဲ့စမတ်ဖုန်းတွေလို Screen မျက်နှာပြင်နေရာအပြည့်ဖြစ်ဖို့ Sensor နေရာတွေကိုကွက်ချန်ထားပြီး Notch ဒီဇိုင်း (ဂျိုဒီဇိုင်း)သုံးထားတာမျိုးမဟုတ်ဘဲ ဖုန်းရဲ့ရှေ့မျက်နှာပြင် ထိပ်ဘောင်နားအထိ Display အပြည့်ပါတဲ့ စမတ်ဖုန်းပါ။ earpiece speaker လည်းမပါဝင်တော့ဘဲ Display မျက်နှာပြင်အောက်ကနေ အသံထုတ်ပေးမယ့် Screen SoundCasting Technology ကိုအသုံးပြုထားပါတယ်။ Display ကို Speaker အဖြစ်ပြောင်းလဲပေးလိုက်ခြင်းဆိုပြီးတော့ပဲ Screen SoundCasting Technology ကို Vivo ကအလွယ်သုံးနှုန်းပြောဆိုပါတယ်။ ဖုန်းရဲ့ထိပ်နားမှာပါနေကျ ကျန်တဲ့ Sensor တွေကိုလည်း Display ရဲ့အောက်ထဲမှာထည့်ထားပါတယ်။ Screen ကို ထိပ်မျက်နှာပြင်တစ်ခုလုံးနေရာအပြည့်ယူထားတာကြောင့် ဖုန်းရဲ့ထိပ်နားမှာ Selfie Camera လည်းမပါဝင်တော့ပါဘူး ။ Selfie Camera အတွက် Selfie ရိုက်ဖို့လိုအပ်တဲ့အချိန်ကျမှဖုန်းရဲ့ထိပ်ဘောင်ထဲကနေအပေါ်ကိုထွက်လာမယ့် Pop-up Camera ပုံစံနဲ့ထည့်သွင်းပေးလိုက်တာပါ။ ၎င်း Pop-up Camera (Selfie Camera) ကတော့ 8 MP Sensor ကိုအသုံးပြုပေးထားပါတယ်။ Camera နဲ့ဆိုင်တဲ့ app တွေထဲကနေပြန်ထွက်လိုက်တာနဲ့ ရှေ့ Selfie Camera လေးက ဖုန်းကိုယ်ထည်ထဲကို auto ပြန်ဝင်သွားမှာပါ။ ယင်း Camera အသွင်းအထုတ်အတွက် Motor အသုံးပြုထားပြီး အကြိမ်ရေ ၅ သောင်းခန့်အထိကောင်းမွန်စွာအသွင်းအထုတ်လုပ်နိုင်မှာပါ။ Xiaomi ရဲ့ Concept စမတ်ဖုန်းဖြစ်တဲ့ Mi Mix တုန်းကအခုလိုပဲ Screen မျက်နှာပြင်ပြည့်ဒီဇိုင်းနဲ့လုပ်ဆောင်ခဲ့ဖူးသော်လည်း Selfie Camera အထားအသိုကိစ္စကို Vivo Nex ကဲ့သို့မဖြေရှင်းနိုင်ခဲ့ဘဲ ဖုန်းရဲ့အောက်ထောင့်မှာသာထည့်ပေးခဲ့ပါတယ် ။

ဖုန်းရဲ့နောက်ကျောဘက်ခြမ်းမှာ Dual Camera ပါဝင်ပြီး တစ်လုံးက 12MP dual pixel sensor with OIS (f/1.8 aperture)lens ဖြစ်ပြီး ကျန်တစ်လုံးကတော့ 5MP sensor (f/2.4) lens ဖြစ်ပြီး ယင်း 5MP Sensor ကတော့ portrait mode effects တွေအတွက်ပဲလုပ်ဆောင်ပေးမှာပါ။ Camera စနစ်တွေမှာလည်း AI နည်းပညာတွေထည့်သွင်းပေးထားပြီး Live Photos, Beauty mode စတာတွေအပြင် AI HDR နဲ့AR stickers စတဲ့ AI Photography feature တွေကိုထည့်သွင်းပေးထားပါတယ်။

Fingerprint Scanner ကလည်းကျောဘက်မှာမပါတော့ဘဲ ဖုန်းရှေ့မျက်နှာပြင် Display ရဲ့အတွင်းထဲမှာ ထည့်သွင်းတည်ဆောက်ပေးထားပါတယ်။

ဖုန်းရဲ့နောက်ဘက်ခြမ်းကို Glass နဲ့ဖုံးအုပ်ထားပြီး Huawei P20 Pro လို Color အရောင်ပြေးဒီဇိုင်းလေးပါ။

Vivo Nex စမတ်ဖုန်းဟာ Screen size ၆.၅၉ လက်မအရွယ် Full HD+ Super AMOLED Display (2316 x 1080 pixels) ကိုအသုံးပြုထားပြီး Screen-to-body ratio အနေနဲ့ 91.2% (19.3:9 ratio) ဖြစ်ပါတယ်။ Screen ဘေးဘောင်အထူအနေနဲ့ ထိပ်ဘောင်က 2.16 mm ၊ အောက်ဘောင်က 5.08 mm နဲ့ ဘေးဘောင်က 1.71 mm သာထူပါတယ်။

Vivo Nex စမတ်ဖုန်းမှာ 4,000 mAh battery ကိုအသုံးပြုထားပြီး USB Port အနေနဲ့ USB TYPE-C Port ကိုအသုံးပြုထားပါတယ်။ Wireless Charging စနစ်တော့ပါဝင်ခြင်းမရှိပါဘူး။

Snapdragon 845 Chipset, RAM 8GB , Memory 256GB ပါဝင်မယ့် Vivo Nex စမတ်ဖုန်းကတော့ $780 ဝန်းကျင်ကျသင့်မှာဖြစ်ပြီး ၊ Mid-range version ဖြစ်တဲ့ Snapdragon 710 Chipset အသုံးပြုထားတဲ့ Vivo Nex ကတော့ $600 ဝန်းကျသင့်မှာပါ။ ဒါပေမယ့် Vivo Nex စမတ်ဖုန်းကို တရုတ်နိုင်ငံဈေးကွက်တစ်ခုတည်းကိုပဲရောင်းချသွားမှာပါ။

Leave a Reply