SIM Card အေၾကာင္း သင္ဘယ္ေလာက္သိသလဲ

0
1855

Zawgyi Version

Subscriber Identity Module (SIM) ကဒ္ေလးေတြဟာ ဒီေန႕ေခတ္ဆဲလ္ဖုန္းေတြထဲမွာ ပါ၀င္ေနတဲ့ chip ျပားေလးေတြျဖစ္ျပီးေတာ့ carrier ရဲ႕ ဆဲလ္တာ၀ါေလးေတြနဲ႕ ဖုန္းကို ခ်ိတ္ဆက္ဖို႕အတြက္ လိုအပ္တဲ့အခ်က္အလက္ေတြအားလံုးကို သိုေလွာင္ထားေသာေနရာေလးတစ္ခုလည္း ျဖစ္ပါတယ္။ SIM card ေတြဟာ အရြယ္အစားမ်ိဳးစံုနဲ႕ လာေလ့ရွိၾကပါတယ္။ SIM card ကို ဖုန္းကေနဖယ္ထုတ္လုိက္မယ္ဆုိရင္ေတာ့ စာပို႕ျခင္း၊ ဖုန္းေခၚျခင္း၊ အင္တာနက္အသံုးျပဳျခင္းေတြ လုပ္လို႕မရေတာ့ပါဘူး။ ဒီေတာ့ SIM Card ဆိုတာ ဘာၾကီးလဲ။

ယံုခ်င္ယံု မယံုခ်င္ေနပါ SIM card ေတြကို ၁၉၉၁ခုႏွစ္ကတည္းက ေတြ႕ျမင္ႏိုင္ပါတယ္။ သူတို႕ကို ပထမဆံုးဖန္တီးခဲ့တာကေတာ့ ဂ်ာမန္ထုတ္လုပ္သူေတြျဖစ္ျပီးေတာ့ ဖင္လန္မိုဘိုင္းလ္ carrier ေတြအတြက္ထုတ္လုပ္ေပးခဲ့တာျဖစ္ပါတယ္။ SIM card ေပါင္းသန္းနဲ႕ခ်ီျပီးေတာ့ ဒီေန႕ေခတ္မွာလည္း ေရာင္းခ်ေနၾကတာကို အားလံုးသိၾကပါတယ္။

SIM card ေတြဟာ ဖုန္းအတြက္ Global System for Mobile communications (GSM) ကြန္ရက္ေတြနဲ႕ခ်ိတ္ဆက္ဖို႕အတြက္ မရွိမျဖစ္လိုအပ္ပါတယ္။ GSM ဆိုတာကတာ့ ႏုိင္ငံေပါင္း ၁၉၃ႏုိင္ငံမွာ က်င့္သံုးေနတဲ့စံႏႈန္းတစ္ခုျဖစ္ျပီးေတာ့ identification နဲ႕ လံုျခံဳေရးအခ်က္အလက္ေတြကို ကဒ္ထဲမွာ သိမ္းထားပါတယ္။

SIM card ဆိိုတာက ဖုန္းနံပါတ္ေတြ၊ semiconductor ေတြနဲ႕ ျပဳလုပ္ထားတဲ့ ကဒ္အေသးစားေလးျဖစ္ျပီးေတာ့ အခုအခ်ိန္မွာ ေလးမ်ိဳးအေနနဲ႕ ေတြ႕ႏိုင္ပါတယ္။

  • Full-Size (1FF or 1st Form Factor) ကေတာ့ ခရက္ဒစ္ကတ္အရြယ္ျဖစ္ျပီး 85.6 mm x 53.98 mm ျဖစ္ပါတယ္။
  • Mini-SIM (2FF) ကေတာ့ 25 mm x 15 mm ျဖစ္ျပီး ပထမဆံုးအၾကိမ္အျဖစ္ ၁၉၉၆မွာ စတင္အသံုးျပဳခဲ့ပါတယ္။
  • Micro-SIM (3FF) ကေတာ့ ပိုမိုတုိးတက္ေကာင္းမြန္လာျပီး အရြယ္အစားအားျဖင့္ 15 mm x 12 mm ရွိပါတယ္။
  • Nano-SIM (4FF) ကေတာ့ မၾကာေသးခင္ကမွ ထြက္ရွိလာတာျဖစ္ျပီး 12.3 mm x 8.8 mm ရွိပါတယ္။

ဖုန္းေတြက ေသးငယ္လာ၊ ပါးလႊာလာတာျဖစ္လို႕ အထဲမွာပါတဲ့အရာေလးေတြကလည္း ေသးမွရေတာ့မွာပါ။ ခရက္ဒစ္အရြယ္ကတ္ကို ထည့္သြင္းဖို႕ကေတာ့ လက္ေတြ႕မဆန္ေတာ့ပါဘူး။ ဒီေန႕ေခတ္မွာေတာ့ SIM card ေတြကို ခ်ိဳးျပီးေတာ့ chip ျပားေလးသက္သက္ပဲ အသံုးျပဳေနၾကတာမ်ိဳးကို ေတြ႕ဖူးၾကမွာပါ။

SIM နည္းပညာရဲ႕ ေနာက္တစ္ဆင့္ကေတာ့ Embedded-SIM (eSIM) ျဖစ္ပါတယ္။ ဒါကေတာ့ ျဖဳတ္တပ္လုပ္လို႕ အဆင္မေျပပါဘူး။ ဖုန္းရဲ႕ဆားကစ္ထဲမွာ ထည့္သြင္းျပီးေတာ့ e-SIM ေတြကို အေ၀းကေနထိန္းခ်ဳပ္ကာ activate လုပ္ႏုိင္မွာ ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Google Pixel 2 နဲ႕ Apple Watch 3 တို႕ဟာ eSIM ကို အသံုးျပဳထားတဲ့ပစၥည္းေလးေတြပါ။ ဒါေပမယ့္လည္း ျမန္ျမန္ဆန္ဆန္ေလးေျပာင္းလဲလာမယ္လို႕ ေမွ်ာ္မွန္းထားပါတယ္။

SIM Card ထဲမွာ ဘာေတြသိမ္းဆည္းထားတာလဲ

SIM Card ထဲမွာ International Mobile Subscriber Identity (IMSI) number လို႕ေခၚတဲ့ ဂဏန္း၁၅လံုးက carrier ရဲ႕ mobile network ကို သိရွိေအာင္လုပ္ေဆာင္ေပးပါတယ။္ IMSI ရဲ႕ အေရးပါမႈကေတာ့ network ကိုလိုက္ရွာေပးျပီးေတာ့ ခ်ိတ္ဆက္ေပးတာျဖစ္ပါတယ္။

IMSI နဲ႕အတူ 128-bit တန္ဖိုးရွိတဲ့ authentication key (Ki) ေလးကလည္း သင့္ရဲ႕ SIM ကို GSM cellular network နဲ႕ခ်ိတ္ဆက္ႏုိင္ေအာင္ ကူညီေပးပါတယ္။ Ki ကေတာ့ operator ေတြက ဒီဇုိင္းထုတ္တာျဖစ္ျပီး သူတို႕ရဲ႕ network ေပၚမွာ သိမ္းဆည္းထားတာျဖစ္ပါတယ္။

SIM card တစ္ခုမွာ SMS မက္ေဆ့ခ်္ေတြသိုေလွာင္ျခင္းနဲ႕ ဖုန္းနံပါတ္ေတြကို အခု၅၀၀ အထိသိမ္းဆည္းႏုိင္စြမ္းရွိပါတယ္။ SIM ရဲ႕ မမ္မိုရီနဲ႕လည္း သက္ဆုိင္ပါတယ္။ ဖုန္းေတြကိုေျပာင္းလဲအသံုးျပဳရေတာ့မယ္ဆိုရင္ ဖုန္းနံပါတ္ေတြကို SIM မွာမွတ္ထားလုိက္မယ္ဆိုရင္ ေျပာင္းရတာသက္သာပါလိမ့္မယ္။

SIM card အမ်ားစုကေတာ့ မွတ္ဥာဏ္ 64-128 KB ေလာက္သာ ပါ၀င္ပါတယ္။

SIM ဘယ္လိုအလုပ္လုုပ္သလဲ

cell-phone-tower-interoperability

SIM card ေတြက carrier network ကို ခ်ိတ္ဆက္ဖို႕မရွိမျဖစ္လိုအပ္ပါတယ္။ SIM မွာ အခ်က္အလက္ေတြကို ထည့္သြင္းထားတာျဖစ္ျပီးေတာ့ carrier တူတဲ့အျခားဖုန္းေတြကို ေခၚဆိုႏုိင္ပါတယ္။ unlock ျဖစ္ေနတဲ့ဖုန္းေတြကို ေခၚဆိုႏုိင္ပါတယ္။

ဘယ္လိုအလုပ္လုပ္သလဲဆိုတာ ၾကည့္ရေအာင္။

၁။ device ေလးကို boot လုပ္လိုက္တဲ့အခ်ိန္မွာ SIM ကေနျပီးေတာ့ IMSI ကို ရသြားပါတယ္။ ျပီးေတာ့ IMSI ကို network ဆီပို႕ျပီးေတာ့ သံုးခြင့္လွမ္းေတာင္းပါတယ္။

၂။ SIM က သင့္ IMSI ကို သူတို႕ထဲမွာလိုက္ရွာျပီးေတာ့ Ki ရွိလား ရွာေဖြပါတယ္။

၃။ IMSI နဲ႕ Ki ကို အတည္ျပဳျပီးတာနဲ႕ operator ကေနျပီးေတာ့ က်ပန္းနံပါတ္ေတြကိုထုတ္ေပးျပီး Ki ထဲမွာ ထည့္ေပးလိုက္ပါတယ္။ ဒါဟာ မတူညီတဲ့နံပါတ္တစ္ခုျဖစ္လာပါတယ္။

၄။ networkက အဲဒီနံပါတ္ေလးကို ဖုန္းဆီပို႕ေပးျပီးေတာ့ SIM ထဲကိုျဖတ္သန္းလိုက္ပါတယ္။ ျပီးရင္ ေနာက္ထပ္နံပါတ္တစ္ခုကို ထုတ္လုပ္ပါတယ္။ အဲဒီနံပါတ္ကိုပဲ network ဆီ ပို႕ျပန္ပါတယ္။

၅။ နံပါတ္ေတြကိုက္ညီသြားျပီဆိုရင္ေတာ့ SIM card ကို တရား၀င္တယ္လို႕သတ္မွတ္လိုက္ျပီး network ကို သံုးခြင့္ေပးလိုက္ပါျပီ။

ဒါေၾကာင့္ ဖုန္းမွန္ကြဲသြားလို႕ SIM ထုတ္ျပီး ေနာက္တစ္လံုးမွာထည့္ရင္လည္း ဖုန္းေတြကို ေခၚဆိုႏိုင္၊ စာပို႕ႏုိင္ေနျခင္း ျဖစ္ပါတယ္။

လံုျခံဳေရး

IMG_8745

ဖုန္းအခိုးခံရရင္ ဘယ္လိုလုပ္မလဲ။ တစ္ေယာက္ေယာက္က SIM card ထုတ္ျပီး အျခားဖုန္းမွာထည့္လိုက္ရင္ေရာ

ေကာင္းပါျပီ။

Card ထုတ္ျပီးေတာ့ အျခားဖုန္းမွာထည့္လုိက္မယ္၊ ဖုန္းေခၚမယ္ဆိုရင္ေတာ့ ရပါတယ္။ ဖုန္းနံပါတ္ေတြမွတ္ထားမယ္ဆုိရင္လည္း သူတုိ႕ကသံုးစြဲခြင့္ရေနဦးမွာပါ။ သတင္းေကာင္းကေတာ့ အေရးၾကီးအခ်က္အလက္ေတြကို ဒီေန႕ေခတ္ SIM card ေတြထဲမွာ မွတ္မထားေတာ့ပါဘူး။

SIM card အခိုးခံလိုက္ရျပီဆိုရင္ ပထမဆံုးလုပ္ရမွာကေတာ့ carrier ကို အရင္ဆံုးသတင္းေပးပါ။ ျပီးရင္ block ခိုင္းျပီး သံုးမရေအာင္လုပ္ထားလိုက္ပါ။

SIM card ကို “SIM Lock” feature အသံုးျပဳျပီးေတာ့လည္း ကာကြယ္ထားႏုိင္ပါတယ္။ ဒါဆိုရင္ lock ခ်ထားတာျဖစ္လို႕ PIN မသိရင္ ဖြင့္မရေတာ့ပါဘူး။ ဖုန္းမွာပါတဲ့ feature ေလးကိုအသံုးျပဳထားတယ္ဆိုရင္ေတာင္မွ SIM card ေလးမွာ သက္ေရာက္ေနဦးမွာပါ။ Android ေရာ iPhone မွာပါ ဒီနည္းလမ္းကို အသံုးျပဳလို႕ရႏုိင္ပါတယ္။

SIM card ေတြအမ်ားၾကီး သံုးေနၾကတာျဖစ္တဲ့အတြက္ေၾကာင့္။ သူတို႕ကိုလည္း security token အျဖစ္နဲ႕ အသံုးျပဳႏုိင္ပါတယ္။ ဖုန္းနံပါတ္ကို two-factor authentication အျဖစ္နဲ႕ခံထားမယ္ဆိုရင္ေတာ့ သင့္ဖုန္းနံပါတ္ကို ခန္႕မွန္းျပီး သင့္ရဲ႕အီးေမးလ္၊ လူမႈကြန္ရက္အေကာင့္ေတြ၊ ဘဏ္အေကာင့္ေတြကိုပါ ခိုးယူသြားနုိင္ပါတယ္။ ဒီလိုလုပ္ဖို႕အတြက္ သူတို႕အသံုးျပဳၾကတာက “SIM swapping” ပါ။ ဒါေလးကေတာ့ ဖုန္းနံပါတ္နဲ႕ခ်ိိတ္ထားသမွ်ကို ယူႏုိင္ပါတယ္။ mobile provider ကိုေခၚျပီးေတာ့ သင့္အေနနဲ႕ဟန္ေဆာင္ျပီး SIM အသစ္ေတာင္းႏုိင္ပါတယ္။ ဒီေတာ့လံုး၀ကိုပဲ ထိန္းခ်ဳပ္ခြင့္ေတြရသြားျပီေပါ့။

ဒီနည္းလမ္းကို သင့္အေနနဲ႕ ဘယ္လိုျပန္လည္တုိက္စစ္ဆင္မလဲ။ PIN ေနာက္တစ္ခုထားမွာေပါ့။ ဒီတစ္ၾကိမ္မွာေတာ့ carrier ကို ေခၚျပီးေတာ့ သင့္အေကာင့္အတြက္ security PIN ထားေပးဖို႕ ေျပာလိုက္ပါ။ ဒီနည္းလမ္းအားျဖင့္ ကာကြယ္ႏုိင္ပါျပီ။

Unicode Version

Subscriber Identity Module (SIM) ကဒ်လေးတွေဟာ ဒီနေ့ခေတ်ဆဲလ်ဖုန်းတွေထဲမှာ ပါဝင်နေတဲ့ chip ပြားလေးတွေဖြစ်ပြီးတော့ carrier ရဲ့ ဆဲလ်တာဝါလေးတွေနဲ့ ဖုန်းကို ချိတ်ဆက်ဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေအားလုံးကို သိုလှောင်ထားသောနေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။ SIM card တွေဟာ အရွယ်အစားမျိုးစုံနဲ့ လာလေ့ရှိကြပါတယ်။ SIM card ကို ဖုန်းကနေဖယ်ထုတ်လိုက်မယ်ဆိုရင်တော့ စာပို့ခြင်း၊ ဖုန်းခေါ်ခြင်း၊ အင်တာနက်အသုံးပြုခြင်းတွေ လုပ်လို့မရတော့ပါဘူး။ ဒီတော့ SIM Card ဆိုတာ ဘာကြီးလဲ။
ယုံချင်ယုံ မယုံချင်နေပါ SIM card တွေကို ၁၉၉၁ခုနှစ်ကတည်းက တွေ့မြင်နိုင်ပါတယ်။ သူတို့ကို ပထမဆုံးဖန်တီးခဲ့တာကတော့ ဂျာမန်ထုတ်လုပ်သူတွေဖြစ်ပြီးတော့ ဖင်လန်မိုဘိုင်းလ် carrier တွေအတွက်ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ SIM card ပေါင်းသန်းနဲ့ချီပြီးတော့ ဒီနေ့ခေတ်မှာလည်း ရောင်းချနေကြတာကို အားလုံးသိကြပါတယ်။
SIM card တွေဟာ ဖုန်းအတွက် Global System for Mobile communications (GSM) ကွန်ရက်တွေနဲ့ချိတ်ဆက်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ GSM ဆိုတာကတာ့ နိုင်ငံပေါင်း ၁၉၃နိုင်ငံမှာ ကျင့်သုံးနေတဲ့စံနှုန်းတစ်ခုဖြစ်ပြီးတော့ identification နဲ့ လုံခြုံရေးအချက်အလက်တွေကို ကဒ်ထဲမှာ သိမ်းထားပါတယ်။
SIM card ဆိုတာက ဖုန်းနံပါတ်တွေ၊ semiconductor တွေနဲ့ ပြုလုပ်ထားတဲ့ ကဒ်အသေးစားလေးဖြစ်ပြီးတော့ အခုအချိန်မှာ လေးမျိုးအနေနဲ့ တွေ့နိုင်ပါတယ်။
• Full-Size (1FF or 1st Form Factor) ကတော့ ခရက်ဒစ်ကတ်အရွယ်ဖြစ်ပြီး 85.6 mm x 53.98 mm ဖြစ်ပါတယ်။
• Mini-SIM (2FF) ကတော့ 25 mm x 15 mm ဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ၁၉၉၆မှာ စတင်အသုံးပြုခဲ့ပါတယ်။
• Micro-SIM (3FF) ကတော့ ပိုမိုတိုးတက်ကောင်းမွန်လာပြီး အရွယ်အစားအားဖြင့် 15 mm x 12 mm ရှိပါတယ်။
• Nano-SIM (4FF) ကတော့ မကြာသေးခင်ကမှ ထွက်ရှိလာတာဖြစ်ပြီး 12.3 mm x 8.8 mm ရှိပါတယ်။
ဖုန်းတွေက သေးငယ်လာ၊ ပါးလွှာလာတာဖြစ်လို့ အထဲမှာပါတဲ့အရာလေးတွေကလည်း သေးမှရတော့မှာပါ။ ခရက်ဒစ်အရွယ်ကတ်ကို ထည့်သွင်းဖို့ကတော့ လက်တွေ့မဆန်တော့ပါဘူး။ ဒီနေ့ခေတ်မှာတော့ SIM card တွေကို ချိုးပြီးတော့ chip ပြားလေးသက်သက်ပဲ အသုံးပြုနေကြတာမျိုးကို တွေ့ဖူးကြမှာပါ။
SIM နည်းပညာရဲ့ နောက်တစ်ဆင့်ကတော့ Embedded-SIM (eSIM) ဖြစ်ပါတယ်။ ဒါကတော့ ဖြုတ်တပ်လုပ်လို့ အဆင်မပြေပါဘူး။ ဖုန်းရဲ့ဆားကစ်ထဲမှာ ထည့်သွင်းပြီးတော့ e-SIM တွေကို အဝေးကနေထိန်းချုပ်ကာ activate လုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Google Pixel 2 နဲ့ Apple Watch 3 တို့ဟာ eSIM ကို အသုံးပြုထားတဲ့ပစ္စည်းလေးတွေပါ။ ဒါပေမယ့်လည်း မြန်မြန်ဆန်ဆန်လေးပြောင်းလဲလာမယ်လို့ မျှော်မှန်းထားပါတယ်။
SIM Card ထဲမှာ ဘာတွေသိမ်းဆည်းထားတာလဲ
SIM Card ထဲမှာ International Mobile Subscriber Identity (IMSI) number လို့ခေါ်တဲ့ ဂဏန်း၁၅လုံးက carrier ရဲ့ mobile network ကို သိရှိအောင်လုပ်ဆောင်ပေးပါတယ။် IMSI ရဲ့ အရေးပါမှုကတော့ network ကိုလိုက်ရှာပေးပြီးတော့ ချိတ်ဆက်ပေးတာဖြစ်ပါတယ်။
IMSI နဲ့အတူ 128-bit တန်ဖိုးရှိတဲ့ authentication key (Ki) လေးကလည်း သင့်ရဲ့ SIM ကို GSM cellular network နဲ့ချိတ်ဆက်နိုင်အောင် ကူညီပေးပါတယ်။ Ki ကတော့ operator တွေက ဒီဇိုင်းထုတ်တာဖြစ်ပြီး သူတို့ရဲ့ network ပေါ်မှာ သိမ်းဆည်းထားတာဖြစ်ပါတယ်။
SIM card တစ်ခုမှာ SMS မက်ဆေ့ချ်တွေသိုလှောင်ခြင်းနဲ့ ဖုန်းနံပါတ်တွေကို အခု၅၀၀ အထိသိမ်းဆည်းနိုင်စွမ်းရှိပါတယ်။ SIM ရဲ့ မမ်မိုရီနဲ့လည်း သက်ဆိုင်ပါတယ်။ ဖုန်းတွေကိုပြောင်းလဲအသုံးပြုရတော့မယ်ဆိုရင် ဖုန်းနံပါတ်တွေကို SIM မှာမှတ်ထားလိုက်မယ်ဆိုရင် ပြောင်းရတာသက်သာပါလိမ့်မယ်။
SIM card အများစုကတော့ မှတ်ဉာဏ် 64-128 KB လောက်သာ ပါဝင်ပါတယ်။
SIM ဘယ်လိုအလုပ်လုုပ်သလဲ
SIM card တွေက carrier network ကို ချိတ်ဆက်ဖို့မရှိမဖြစ်လိုအပ်ပါတယ်။ SIM မှာ အချက်အလက်တွေကို ထည့်သွင်းထားတာဖြစ်ပြီးတော့ carrier တူတဲ့အခြားဖုန်းတွေကို ခေါ်ဆိုနိုင်ပါတယ်။ unlock ဖြစ်နေတဲ့ဖုန်းတွေကို ခေါ်ဆိုနိုင်ပါတယ်။
ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ကြည့်ရအောင်။
၁။ device လေးကို boot လုပ်လိုက်တဲ့အချိန်မှာ SIM ကနေပြီးတော့ IMSI ကို ရသွားပါတယ်။ ပြီးတော့ IMSI ကို network ဆီပို့ပြီးတော့ သုံးခွင့်လှမ်းတောင်းပါတယ်။
၂။ SIM က သင့် IMSI ကို သူတို့ထဲမှာလိုက်ရှာပြီးတော့ Ki ရှိလား ရှာဖွေပါတယ်။
၃။ IMSI နဲ့ Ki ကို အတည်ပြုပြီးတာနဲ့ operator ကနေပြီးတော့ ကျပန်းနံပါတ်တွေကိုထုတ်ပေးပြီး Ki ထဲမှာ ထည့်ပေးလိုက်ပါတယ်။ ဒါဟာ မတူညီတဲ့နံပါတ်တစ်ခုဖြစ်လာပါတယ်။
၄။ networkက အဲဒီနံပါတ်လေးကို ဖုန်းဆီပို့ပေးပြီးတော့ SIM ထဲကိုဖြတ်သန်းလိုက်ပါတယ်။ ပြီးရင် နောက်ထပ်နံပါတ်တစ်ခုကို ထုတ်လုပ်ပါတယ်။ အဲဒီနံပါတ်ကိုပဲ network ဆီ ပို့ပြန်ပါတယ်။
၅။ နံပါတ်တွေကိုက်ညီသွားပြီဆိုရင်တော့ SIM card ကို တရားဝင်တယ်လို့သတ်မှတ်လိုက်ပြီး network ကို သုံးခွင့်ပေးလိုက်ပါပြီ။
ဒါကြောင့် ဖုန်းမှန်ကွဲသွားလို့ SIM ထုတ်ပြီး နောက်တစ်လုံးမှာထည့်ရင်လည်း ဖုန်းတွေကို ခေါ်ဆိုနိုင်၊ စာပို့နိုင်နေခြင်း ဖြစ်ပါတယ်။
လုံခြုံရေး
ဖုန်းအခိုးခံရရင် ဘယ်လိုလုပ်မလဲ။ တစ်ယောက်ယောက်က SIM card ထုတ်ပြီး အခြားဖုန်းမှာထည့်လိုက်ရင်ရော
ကောင်းပါပြီ။
Card ထုတ်ပြီးတော့ အခြားဖုန်းမှာထည့်လိုက်မယ်၊ ဖုန်းခေါ်မယ်ဆိုရင်တော့ ရပါတယ်။ ဖုန်းနံပါတ်တွေမှတ်ထားမယ်ဆိုရင်လည်း သူတို့ကသုံးစွဲခွင့်ရနေဦးမှာပါ။ သတင်းကောင်းကတော့ အရေးကြီးအချက်အလက်တွေကို ဒီနေ့ခေတ် SIM card တွေထဲမှာ မှတ်မထားတော့ပါဘူး။
SIM card အခိုးခံလိုက်ရပြီဆိုရင် ပထမဆုံးလုပ်ရမှာကတော့ carrier ကို အရင်ဆုံးသတင်းပေးပါ။ ပြီးရင် block ခိုင်းပြီး သုံးမရအောင်လုပ်ထားလိုက်ပါ။
SIM card ကို “SIM Lock” feature အသုံးပြုပြီးတော့လည်း ကာကွယ်ထားနိုင်ပါတယ်။ ဒါဆိုရင် lock ချထားတာဖြစ်လို့ PIN မသိရင် ဖွင့်မရတော့ပါဘူး။ ဖုန်းမှာပါတဲ့ feature လေးကိုအသုံးပြုထားတယ်ဆိုရင်တောင်မှ SIM card လေးမှာ သက်ရောက်နေဦးမှာပါ။ Android ရော iPhone မှာပါ ဒီနည်းလမ်းကို အသုံးပြုလို့ရနိုင်ပါတယ်။
SIM card တွေအများကြီး သုံးနေကြတာဖြစ်တဲ့အတွက်ကြောင့်။ သူတို့ကိုလည်း security token အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။ ဖုန်းနံပါတ်ကို two-factor authentication အဖြစ်နဲ့ခံထားမယ်ဆိုရင်တော့ သင့်ဖုန်းနံပါတ်ကို ခန့်မှန်းပြီး သင့်ရဲ့အီးမေးလ်၊ လူမှုကွန်ရက်အကောင့်တွေ၊ ဘဏ်အကောင့်တွေကိုပါ ခိုးယူသွားနိုင်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် သူတို့အသုံးပြုကြတာက “SIM swapping” ပါ။ ဒါလေးကတော့ ဖုန်းနံပါတ်နဲ့ချိတ်ထားသမျှကို ယူနိုင်ပါတယ်။ mobile provider ကိုခေါ်ပြီးတော့ သင့်အနေနဲ့ဟန်ဆောင်ပြီး SIM အသစ်တောင်းနိုင်ပါတယ်။ ဒီတော့လုံးဝကိုပဲ ထိန်းချုပ်ခွင့်တွေရသွားပြီပေါ့။
ဒီနည်းလမ်းကို သင့်အနေနဲ့ ဘယ်လိုပြန်လည်တိုက်စစ်ဆင်မလဲ။ PIN နောက်တစ်ခုထားမှာပေါ့။ ဒီတစ်ကြိမ်မှာတော့ carrier ကို ခေါ်ပြီးတော့ သင့်အကောင့်အတွက် security PIN ထားပေးဖို့ ပြောလိုက်ပါ။ ဒီနည်းလမ်းအားဖြင့် ကာကွယ်နိုင်ပါပြီ။

Leave a Reply