Android Go ဖုန္းေတြအတြက္ Snapdragon 429 နဲ႔ 439 ကိုထုတ္လုပ္ေပးေတာ့မယ္ Qualcomm

0
1385

စမတ္ဖုန္းေတြအတြက္ ပရိုဆက္ဆာေတြ ထုတ္လုပ္ေပးလ်က္ရွိတဲ့  Qualcomm ဟာ Android Go ဗားရွင္း OS သုံးတဲ့ဖုန္းေတြအတြက္  Snapdragon 429 နဲ႔ 439 ကိုထုတ္ေပးဖို႔ အတြက္ျပင္ဆင္ေနပါတယ္။ တကယ္ေတာ့ Android Go ဗားရွင္းစမတ္ဖုန္းေတြဟာ ကန္႔သတ္မႈေတြရွိေနၿပီး lite app မ်ိဳးေတြကိုသာ သုံးလုိ႔ရႏိုင္ပါတယ္။ တကယ္ App ႀကီးကိုထည့္သြင္းသုံးစြဲလို႔ မျဖစ္ႏုိင္တာေၾကာင့္ သီးသန္႔ ထုတ္ေပးထားတဲ့ Go (သို႔) Lite app ေတြကိုသာ ထုတ္ေပးရပါတယ္။ Go ဖုန္းေတြဟာ ေစ်းသက္သာၿပီးေတာ့ Android ေနာက္ဆုံးဗားရွင္းပါ ထည့္သြင္းေပးတတ္ပါတယ္။

Android Go ဗားရွင္း စမတ္ဖုန္း ေတြရဲ႕ ေစ်းကြက္ကေတာ့ ကမၻာ႔လူဦးေရအမ်ားဆုံးျဖစ္တဲ့ အိႏၵိယေစ်းကြက္ကို အဓိကထားျဖန္႔ခ်ိေပးပါတယ္။ Qualcomm အေနနဲ႔ ဗားရွင္းအသစ္လို႔ ဆိုႏုိင္မယ့္ ပရိုဆက္ဆာကို ထုတ္ေပးေတာ့မွာျဖစ္တာေၾကာင့္ စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ယခင္ကသုံးစြဲေနတဲ့ Snapdragon 425 နဲ႔ 435 ေနရာမွာ Snapdragon 429 နဲ႔ 439 ကိုအစားထိုးထည့္သြင္းသုံးစြဲ ေတာ့မွာျဖစ္ပါတယ္။ အသစ္ထြက္လာမယ့္ ပရိုဆက္ဆာ 429 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကို မသိရွိရေသးေပမယ့္ အခ်က္အလက္ထုတ္ေဖာ္သူ ရိုလန္ကသူရဲ႕ Twitter မွာ Snapdragon 439 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြကို ေဝမွ်ေပးထားပါတယ္။

ပရိုဆက္ဆာသစ္မွာ MSM8953 (Snapdragon 625) ဗားရွင္းနဲ႔ ပုံစံတူမွာ ျဖစ္ၿပီး14-nanometer process နည္းပညာကိုသံုးထားပါတယ္။ ဒါ့အျပင္ ARM Cortex-A53 ျဖစ္တဲ့ Octa cores ပရိုဆက္ဆာ ဒီဇုိင္းနဲ႔ လာမွာပါ။ Snapdragon 439 နဲ႔ပတ္သတ္တဲ့ အျမန္ႏႈန္းနဲ႔ အျခားအခ်က္အလက္ေတြကိုေတာ့ မသိရွိရေသးပါဘူး။  Snapdragon 429 နဲ႔ 439 ပရိုဆက္ဆာေတြကို မတူညီတဲ့ ဖုန္းေမာ္ဒယ္ေတြမွာ အသုံးျပဳလာမွာျဖစ္ပါတယ္။ ဒီမတိုင္ခင္က Qualcomm အေနနဲ႔ Android Go ဖုန္းေတြအတြက္ Snapdragon 200 series ကိုထုတ္လုပ္ေပးခဲ့ပါတယ္။ ASUS, Xiaomi နဲ႔ Meizu ကထုတ္တဲ့ တန္းဘိုးသင့္ ဖုန္းေတြမွာ အသုံးျပဳလာမွာပါ။

Unicode

Android Go ဖုန်းတွေအတွက် Snapdragon 429 နဲ့ 439 ကိုထုတ်လုပ်ပေးတော့မယ် Qualcomm
—————————-

စမတ်ဖုန်းတွေအတွက် ပရိုဆက်ဆာတွေ ထုတ်လုပ်ပေးလျက်ရှိတဲ့  Qualcomm ဟာ Android Go ဗားရှင်း OS သုံးတဲ့ဖုန်းတွေအတွက်  Snapdragon 429 နဲ့ 439 ကိုထုတ်ပေးဖို့ အတွက်ပြင်ဆင်နေပါတယ်။ တကယ်တော့ Android Go ဗားရှင်းစမတ်ဖုန်းတွေဟာ ကန့်သတ်မှုတွေရှိနေပြီး lite app မျိုးတွေကိုသာ သုံးလို့ရနိုင်ပါတယ်။ တကယ် App ကြီးကိုထည့်သွင်းသုံးစွဲလို့ မဖြစ်နိုင်တာကြောင့် သီးသန့် ထုတ်ပေးထားတဲ့ Go (သို့) Lite app တွေကိုသာ ထုတ်ပေးရပါတယ်။ Go ဖုန်းတွေဟာ ဈေးသက်သာပြီးတော့ Android နောက်ဆုံးဗားရှင်းပါ ထည့်သွင်းပေးတတ်ပါတယ်။

Android Go ဗားရှင်း စမတ်ဖုန်း တွေရဲ့ ဈေးကွက်ကတော့ ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ အိန္ဒိယဈေးကွက်ကို အဓိကထားဖြန့်ချိပေးပါတယ်။ Qualcomm အနေနဲ့ ဗားရှင်းအသစ်လို့ ဆိုနိုင်မယ့် ပရိုဆက်ဆာကို ထုတ်ပေးတော့မှာဖြစ်တာကြောင့် စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ယခင်ကသုံးစွဲနေတဲ့ Snapdragon 425 နဲ့ 435 နေရာမှာ Snapdragon 429 နဲ့ 439 ကိုအစားထိုးထည့်သွင်းသုံးစွဲ တော့မှာဖြစ်ပါတယ်။ အသစ်ထွက်လာမယ့် ပရိုဆက်ဆာ 429 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို မသိရှိရသေးပေမယ့် အချက်အလက်ထုတ်ဖော်သူ ရိုလန်ကသူရဲ့ Twitter မှာ Snapdragon 439 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ဝေမျှပေးထားပါတယ်။

ပရိုဆက်ဆာသစ်မှာ MSM8953 (Snapdragon 625) ဗားရှင်းနဲ့ ပုံစံတူမှာ ဖြစ်ပြီး14-nanometer process နည်းပညာကိုသုံးထားပါတယ်။ ဒါ့အပြင် ARM Cortex-A53 ဖြစ်တဲ့ Octa cores ပရိုဆက်ဆာ ဒီဇိုင်းနဲ့ လာမှာပါ။ Snapdragon 439 နဲ့ပတ်သတ်တဲ့ အမြန်နှုန်းနဲ့ အခြားအချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။  Snapdragon 429 နဲ့ 439 ပရိုဆက်ဆာတွေကို မတူညီတဲ့ ဖုန်းမော်ဒယ်တွေမှာ အသုံးပြုလာမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်က Qualcomm အနေနဲ့ Android Go ဖုန်းတွေအတွက် Snapdragon 200 series ကိုထုတ်လုပ်ပေးခဲ့ပါတယ်။ ASUS, Xiaomi နဲ့ Meizu ကထုတ်တဲ့ တန်းဘိုးသင့် ဖုန်းတွေမှာ အသုံးပြုလာမှာပါ။

Leave a Reply