ရုပ္ထြက္ျမင့္မားတဲ့ 4K Resolution သုံးလာမယ့္ LG G8 ThinQ စမတ္ဖုန္း

0
1497

ကိုရီးယား စမတ္ဖုန္း ထုတ္လုပ္သူျဖစ္တဲ့ LG အေနနဲ႔  LG G7 ThinQ စမတ္ဖုန္းကို ထုတ္ေဖာ္ၿပီးတဲ့ေနာက္မွာေတာ့ ေနာက္ထပ္မ်ိဳးဆက္သစ္ စမတ္ဖုန္းအတြက္ ျပင္ဆင္လ်က္ရွိေနပါၿပီ။ ဒီေန႔မွာေတာ့ မ်ိဳးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ LG G8 ThinQ နဲ႔ပတ္သတ္လို႔ အံ့ၾသစရာအခ်က္အလက္ တစ္ခုေပါက္ၾကားထြက္ေပၚလာပါတယ္။ အဲ့ဒါကေတာ့ LG အေနနဲ႔ G8 ThinQ ရဲ႕ မ်က္ႏွာျပင္ပိုင္းကို အဆင့္တိုးျမင့္မႈ ျပဳလုပ္သြားမွာျဖစ္ၿပီး သူ႕မွာ 4K Resolution သုံးလာမယ္ဆိုတာပါ။

စမတ္ဖုန္းနဲ႔ပတ္သတ္တဲ့ ေနာက္ဆုံးေပၚအခ်က္အလက္ေတြကို ေဖာ္ထုတ္ေပးလ်က္ရွိတဲ့ Ice Universe ကေနသူ႕ရဲ႕ Twitter ကေနတစ္ဆင့္ LG G8 မွာ 4K Resolution LCD Screen သုံးလာမယ္လို႔ တင္လိုက္ပါတယ္။ 4K screen နဲ႔ထြက္လာႏုိင္မယ့္  LG G8 ThinQ  ဟာလာမယ့္ႏွစ္မွာ ထြက္လာမယ့္ Samsung ရဲ႕ Galaxy S10 စီရီးစမတ္ဖုန္းေတြနဲ႔ ေစ်းကြက္ယွဥ္ၿပိဳင္ရပါလိမ့္မယ္။ လက္ရွိအခ်ိန္မွာေတာ့ ကိုရီးယားထုတ္လုပ္သူ ၂ဦးဟာ သူတို႔ရဲ႕ စမတ္ဖုန္းေတြမွာ AMOLED display panel ေတြကိုသာ အသုံးျပဳလ်က္ရွိေနပါတယ္။ ယခုႏွစ္ကုန္ပိုင္းေလာက္မွာလည္း LG V40 ThinQ ဟာ AMOLED screen သုံးၿပီးထြက္ရွိလာႏုိင္ေျခရွိပါတယ္။ 4K panel ေတြကိုသာသုံးလာမယ္ဆုိရင္ အရည္အေသြးျမင့္မားတဲ့ VR content ေတြကို ျပည့္စုံတဲ့ျမင္ကြင္းအေတြ႕အႀကဳံနဲ႔ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

တကယ္လို႔ LG အေနနဲ႔ G8 မွာသာ မ်က္ႏွာျပင္နည္းပညာကို ဆန္းသစ္လာခဲ့မယ္ဆိုရင္ ကုမၸဏီရဲ႕ 4K Screen သုံးထားတဲ့ ပထမဆုံးစမတ္ဖုန္းျဖစ္လာပါတယ္။ Display နည္းပညာပိုင္းမွာ အၿမဲတမ္းဆန္းသစ္တဲ့ LG အေနနဲ႔    Quad HD resolution နဲ႔ G3 စမတ္ဖုန္းကို  2014 မွာ ထုတ္လုပ္ၿပီးတဲ့ေနာက္ပိုင္းမွာ နည္းပညာေတြကို အဆင့္ျမင့္တင္ဖို႔ အခ်ိန္ေရာက္လာၿပီလို႔ ဆိုႏိုင္ပါတယ္။

Unicode

ရုပ်ထွက်မြင့်မားတဲ့ 4K Resolution သုံးလာမယ့် LG G8 ThinQ စမတ်ဖုန်း
————————
ကိုရီးယား စမတ်ဖုန်း ထုတ်လုပ်သူဖြစ်တဲ့ LG အနေနဲ့ LG G7 ThinQ စမတ်ဖုန်းကို ထုတ်ဖော်ပြီးတဲ့နောက်မှာတော့ နောက်ထပ်မျိုးဆက်သစ် စမတ်ဖုန်းအတွက် ပြင်ဆင်လျက်ရှိနေပါပြီ။ ဒီနေ့မှာတော့ မျိုးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ LG G8 ThinQ နဲ့ပတ်သတ်လို့ အံ့သြစရာအချက်အလက် တစ်ခုပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲ့ဒါကတော့ LG အနေနဲ့ G8 ThinQ ရဲ့ မျက်နှာပြင်ပိုင်းကို အဆင့်တိုးမြင့်မှု ပြုလုပ်သွားမှာဖြစ်ပြီး သူ့မှာ 4K Resolution သုံးလာမယ်ဆိုတာပါ။

စမတ်ဖုန်းနဲ့ပတ်သတ်တဲ့ နောက်ဆုံးပေါ်အချက်အလက်တွေကို ဖော်ထုတ်ပေးလျက်ရှိတဲ့ Ice Universe ကနေသူ့ရဲ့ Twitter ကနေတစ်ဆင့် LG G8 မှာ 4K Resolution LCD Screen သုံးလာမယ်လို့ တင်လိုက်ပါတယ်။ 4K screen နဲ့ထွက်လာနိုင်မယ့် LG G8 ThinQ ဟာလာမယ့်နှစ်မှာ ထွက်လာမယ့် Samsung ရဲ့ Galaxy S10 စီရီးစမတ်ဖုန်းတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ရပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ ကိုရီးယားထုတ်လုပ်သူ ၂ဦးဟာ သူတို့ရဲ့ စမတ်ဖုန်းတွေမှာ AMOLED display panel တွေကိုသာ အသုံးပြုလျက်ရှိနေပါတယ်။ ယခုနှစ်ကုန်ပိုင်းလောက်မှာလည်း LG V40 ThinQ ဟာ AMOLED screen သုံးပြီးထွက်ရှိလာနိုင်ခြေရှိပါတယ်။ 4K panel တွေကိုသာသုံးလာမယ်ဆိုရင် အရည်အသွေးမြင့်မားတဲ့ VR content တွေကို ပြည့်စုံတဲ့မြင်ကွင်းအတွေ့အကြုံနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ LG အနေနဲ့ G8 မှာသာ မျက်နှာပြင်နည်းပညာကို ဆန်းသစ်လာခဲ့မယ်ဆိုရင် ကုမ္ပဏီရဲ့ 4K Screen သုံးထားတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်လာပါတယ်။ Display နည်းပညာပိုင်းမှာ အမြဲတမ်းဆန်းသစ်တဲ့ LG အနေနဲ့ Quad HD resolution နဲ့ G3 စမတ်ဖုန်းကို 2014 မှာ ထုတ်လုပ်ပြီးတဲ့နောက်ပိုင်းမှာ နည်းပညာတွေကို အဆင့်မြင့်တင်ဖို့ အချိန်ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။

Leave a Reply