Lenovo က Gaming Laptop အသစ္မ်ားကို ေၾကညာ

0
1418

လီႏိုဗိုက E3 ပြဲမွာ ဂိမ္း လက္ပ္ေတာ့ အသစ္မ်ားကို ေၾကညာလိုက္ပါတယ္။ ဂိမ္း လက္ပ္ေတာ့မ်ားဟာ သာမာန္ လက္ပ္ေတာ့မ်ားထက္ ထူထဲ ႀကီးမားၾကပါတယ္။ လီႏိုဗိုရဲ႕ ယခုလက္ပ္ေတာ့မ်ားကေတာ့ ဂိမ္း လက္ပ္ေတာ့မ်ားထက္ ပါးလႊာ ေပါ့ပါးေအာင္ ဖန္တီးထားပါတယ္။ သြားေလရာ သယ္ယူႏုိင္တဲ့အတြက္ အလုပ္ကိုပါ ယူေဆာင္ သံုးႏိုင္ပါတယ္။

Y530, Y730 နဲ႔ Y7000 စတဲ့ေမာ္ဒယ္မ်ား ျဖစ္ပါတယ္။ Y520 မွာ ၁၅ လက္မ မ်က္ႏွာျပင္၊ Nvidia GTX 1050 Graphics , Intel Core i5 CPU မ်ား ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ေဘးေဘာင္မ်ားဟာ ပါးလႊာပါတယ္။ ၉၂၀ ေဒၚလာ သတ္မွတ္ထားပါတယ္။ Y7000 ကလည္း Y530 နဲ႔ ဆင္တူပါတယ္။ ဒါေပမယ့္ ေစ်းပိုႀကီးၿပီး ၉၆၀ ေဒၚလာ သတ္မွတ္ထားပါတယ္။

Y730 ကိုေတာ့ အလူမီနီယမ္ ကိုယ္ထည္ျဖင့္ တည္ေဆာက္ထားပါတယ္။ သူ႔မွာ Intel 8th Gen Coffee Lake Processors မ်ားျဖစ္တဲ့ Core i5 or i7 မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ အေျခခံ အေနနဲ႔ Nvidia GTX 1050TI , Dolby Atmos Speakers , Dolby Sound Radar မ်ား ပါပါတယ္။ ၁၅ လက္မကို ၁၁၈၀ ေဒၚလာနဲ႔ ၁၇ လက္မကို ၁၂၅၀ ေဒၚလာ သတ္မွတ္ထားပါတယ္။

လက္ပ္ေတာ့မ်ားအားလံုးမွာ USB-C ports, HDMI, Mini DisplayPort, Ethernet, USB-A 3.1 Port မ်ားကို အေနာက္ဘက္မွာ တပ္ဆင္ထားတာက ထူးျခားပါတယ္။ ၾသဂုတ္လမွာ ေရာင္းခ်မွာျဖစ္ပါတယ္။

unicode

Lenovo က Gaming Laptop အသစ်များကို ကြေညာ

လီနိုဗိုက E3 ပွဲမှာ ဂိမ်း လက်ပ်တော့ အသစ်များကို ကြေညာလိုက်ပါတယ်။ ဂိမ်း လက်ပ်တော့များဟာ သာမာန် လက်ပ်တော့များထက် ထူထဲ ကြီးမားကြပါတယ်။ လီနိုဗိုရဲ့ ယခုလက်ပ်တော့များကတော့ ဂိမ်း လက်ပ်တော့များထက် ပါးလွှာ ပေါ့ပါးအောင် ဖန်တီးထားပါတယ်။ သွားလေရာ သယ်ယူနိုင်တဲ့အတွက် အလုပ်ကိုပါ ယူဆောင် သုံးနိုင်ပါတယ်။

Y530, Y730 နဲ့ Y7000 စတဲ့မော်ဒယ်များ ဖြစ်ပါတယ်။ Y520 မှာ ၁၅ လက်မ မျက်နှာပြင်၊ Nvidia GTX 1050 Graphics , Intel Core i5 CPU များ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ဘေးဘောင်များဟာ ပါးလွှာပါတယ်။ ၉၂၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Y7000 ကလည်း Y530 နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဈေးပိုကြီးပြီး ၉၆၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Y730 ကိုတော့ အလူမီနီယမ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ သူ့မှာ Intel 8th Gen Coffee Lake Processors များဖြစ်တဲ့ Core i5 or i7 များ ရွေးချယ်နိုင်ပါတယ်။ အခြေခံ အနေနဲ့ Nvidia GTX 1050TI , Dolby Atmos Speakers , Dolby Sound Radar များ ပါပါတယ်။ ၁၅ လက်မကို ၁၁၈၀ ဒေါ်လာနဲ့ ၁၇ လက်မကို ၁၂၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

လက်ပ်တော့များအားလုံးမှာ USB-C ports, HDMI, Mini DisplayPort, Ethernet, USB-A 3.1 Port များကို အနောက်ဘက်မှာ တပ်ဆင်ထားတာက ထူးခြားပါတယ်။ သြဂုတ်လမှာ ရောင်းချမှာဖြစ်ပါတယ်။

Leave a Reply