GPU TURBO ပါဝင္တဲ့ Gaming စမတ္ဖုန္း HUAWEI PLAY ကို ေဒၚလာ၃၀၀ ဝန္းက်င္နဲ႔ စတင္ေရာင္းခ်

0
1670

တရုတ္ႏုိင္ငံအေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူ Huawei အေနနဲ႔ ဂိမ္းဖုန္းလို႔သတ္မွတ္ႏိုင္တဲ့ Huawei Play စမတ္ဖုန္းကို ဒီေန႔မွာ စတင္ေရာင္းခ်လိုက္ၿပီျဖစ္ပါတယ္။ ေစ်းႏႈန္းကေတာ့ 6+64GB ကိုယြမ္ 2399(ေဒၚလာ 374)နဲ႔ ျဖစ္ၿပီး 4+64GB ဗားရွင္းကိုေတာ့ ၁၉၉၉ယြမ္(ေဒၚလာ 312) ဝန္းက်င္နဲ႔ျဖစ္ပါတယ္။

ဖုန္းရဲ႕ဂိမ္းဆိုင္ရာ စြမ္းေဆာင္ခ်က္ေတြအတြက္ GPU Turbo ကိုအသုံးျပဳထားပါတယ္။ သူ႕မွာမ်က္ႏွာျပင္ 6.3” လက္မရွိၿပီး 19:9 aspect ratio ျဖစ္တာေၾကာင့္ ခပ္ရွည္ရွည္ပုံစံကို ျမင္ေတြ႕ရမွာပါ။ မ်က္ႏွာျပင္ေဖာ္ျပႏိုင္မႈကေတာ့ 1,080 x 2,280 px  နဲ႔ျဖစ္ပါတယ္။ 3D game အသံထြက္နဲ႔ 7.1 channel အသံပတ္လည္ေျပးစနစ္အတြက္ Histen audio tech ကိုေထာက္ပံ့ေပးထားပါတယ္။ 3,750 mAh ဘက္ထရီကိုသုံးထားၿပီး nubia Red Magic ဖုန္းနဲ႔ဘက္ထရီနဲ႔ အရြယ္အစားတူညီပါတယ္။

Android 8.1 Oreo နဲ႔အတူ EMUI 8.2 ကိုတစ္ပါတည္း သုံးႏုိင္မွာျဖစ္ပါတယ္။  ကင္မရာပိုင္းမွာေတာ့ 16 MP + 2 MP dual camera ကိုေနာက္ေက်ာဘက္မွာ တပ္ဆင္ထားၿပီး 16 MP selfie camera ဟာ iPhone မွာလိုမ်ိဳး 3D portrait lighting စနစ္ထည့္သြင္းေပးထားပါတယ္။ အြန္လုိင္းစတိုးေတြျဖစ္တဲ့ Huawei mall, Jingdong, Tmall, Suning, Gome, Gome, Vipshop တို႔ကေနစတင္ဝယ္ယူႏုိင္ၿပီ ျဖစ္ပါတယ္။ အေရာင္ေရြးခ်ယ္မႈအပိုင္းမွာေတာ့Magic Night Black, Aurora Blue နဲ႔ Nebula Purple ဆုိၿပီးထုတ္လုပ္ထားပါတယ္။

Huawei ရဲ႕ဂိမ္းဖုန္းဟာ လက္ရွိထြက္ထားတဲ့ ၿပိဳင္ဘက္ဖုန္းေတြနဲ႔ ေစ်းႏႈန္းပိုင္းယွဥ္ၾကည့္ရင္ သက္သာလြန္းၿပီး ၊ဂိမ္းအတြက္ သင့္တင့္တဲ့လုပ္ေဆာင္ခ်က္ေတြကို ထည့္သြင္းေပးထားပါတယ္။ သို႔ေပမယ့္ Xiaomi Black Shark, Nubia Red Magic နဲ႔ Asus Rog game ေတြနဲ႔ အခ်ိဳ႕လုပ္ေဆာင္ခ်က္ပိုင္းေတြမွာ ယွဥ္ႏုိင္မွာ မဟုတ္ပါဘူး။

Unicode

တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Huawei အနေနဲ့ ဂိမ်းဖုန်းလို့သတ်မှတ်နိုင်တဲ့ Huawei Play စမတ်ဖုန်းကို ဒီနေ့မှာ စတင်ရောင်းချလိုက်ပြီဖြစ်ပါတယ်။ ဈေးနှုန်းကတော့ 6+64GB ကိုယွမ် 2399(ဒေါ်လာ 374)နဲ့ ဖြစ်ပြီး 4+64GB ဗားရှင်းကိုတော့ ၁၉၉၉ယွမ်(ဒေါ်လာ 312) ဝန်းကျင်နဲ့ဖြစ်ပါတယ်။

ဖုန်းရဲ့ဂိမ်းဆိုင်ရာ စွမ်းဆောင်ချက်တွေအတွက် GPU Turbo ကိုအသုံးပြုထားပါတယ်။ သူ့မှာမျက်နှာပြင် 6.3” လက်မရှိပြီး 19:9 aspect ratio ဖြစ်တာကြောင့် ခပ်ရှည်ရှည်ပုံစံကို မြင်တွေ့ရမှာပါ။ မျက်နှာပြင်ဖော်ပြနိုင်မှုကတော့ 1,080 x 2,280 px  နဲ့ဖြစ်ပါတယ်။ 3D game အသံထွက်နဲ့ 7.1 channel အသံပတ်လည်ပြေးစနစ်အတွက် Histen audio tech ကိုထောက်ပံ့ပေးထားပါတယ်။ 3,750 mAh ဘက်ထရီကိုသုံးထားပြီး nubia Red Magic ဖုန်းနဲ့ဘက်ထရီနဲ့ အရွယ်အစားတူညီပါတယ်။

Android 8.1 Oreo နဲ့အတူ EMUI 8.2 ကိုတစ်ပါတည်း သုံးနိုင်မှာဖြစ်ပါတယ်။  ကင်မရာပိုင်းမှာတော့ 16 MP + 2 MP dual camera ကိုနောက်ကျောဘက်မှာ တပ်ဆင်ထားပြီး 16 MP selfie camera ဟာ iPhone မှာလိုမျိုး 3D portrait lighting စနစ်ထည့်သွင်းပေးထားပါတယ်။ အွန်လိုင်းစတိုးတွေဖြစ်တဲ့ Huawei mall, Jingdong, Tmall, Suning, Gome, Gome, Vipshop တို့ကနေစတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ အရောင်ရွေးချယ်မှုအပိုင်းမှာတော့Magic Night Black, Aurora Blue နဲ့ Nebula Purple ဆိုပြီးထုတ်လုပ်ထားပါတယ်။

Huawei ရဲ့ဂိမ်းဖုန်းဟာ လက်ရှိထွက်ထားတဲ့ ပြိုင်ဘက်ဖုန်းတွေနဲ့ ဈေးနှုန်းပိုင်းယှဉ်ကြည့်ရင် သက်သာလွန်းပြီး ၊ဂိမ်းအတွက် သင့်တင့်တဲ့လုပ်ဆောင်ချက်တွေကို ထည့်သွင်းပေးထားပါတယ်။ သို့ပေမယ့် Xiaomi Black Shark, Nubia Red Magic နဲ့ Asus Rog game တွေနဲ့ အချို့လုပ်ဆောင်ချက်ပိုင်းတွေမှာ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

Leave a Reply