ကင္မရာ၃လုံးနည္းပညာဟာ ၂၀၁၉ရဲ႕အဓိကေျပာင္းလဲမႈျဖစ္လာမယ္လို႔ DxOMark အႀကီးအကဲေျပာၾကား

0
1484

DxOMark Image Labs  နဲ႔ျပဳလုပ္လုိက္တဲ့ အင္တာဗ်ဳးတစ္ခုမွာ Labs ရဲ႕ေစ်းကြက္ပိုင္းဆိုင္ရာ အုပ္ခ်ဳပ္သူျဖစ္တဲ့ နီးကိုးလပ္စ္က ၂၀၁၉ခုႏွစ္မွာ စမတ္ဖုန္းထုတ္လုပ္သူ ကုမၸဏီအမ်ားစုဟာ သူတို႔ဖုန္းေတြမွာ ကင္မရာ၃လုံးကို တပ္ဆင္လာၾကမွာျဖစ္တယ္လို႔ ေျပာၾကားလုိက္ပါတယ္။ နီးကိုးလပ္စ္ရဲ႕ ေျပာၾကားခ်က္မွာေတာ့ ဖုန္းေတြဟာ ပါးလႊာေပါ့ပါးမႈ တစ္ခုကိုလည္းဦးစားေပးလာေတာ့မဟုတ္ေတာ့ပဲ၊ ပိုႀကီးတဲ့ ကင္မရာဆင္ဆာေတြ တပ္ဆင္ဖို႔ပါ ျပဳလုပ္လာၾကေတာ့မွာပါ။

ကင္မရာတစ္လုံးသာ တပ္ဆင္ထားတယ္ဆိုတဲ့ ဖုန္းေတြရဲ႕ေခတ္ဟာ တျဖည္းျဖည္းကုန္ဆုံးလာၿပီး အခုဆိုရင္ စမတ္ဖုန္းထုတ္လုပ္သူေတြဟာ dual-Camera တပ္ဆင္ထားတယ္ဆိုတဲ့ အခ်ိန္ကိုေရာက္လာပါၿပီ။ ဒါအျပင္ကင္မရာပိုင္းအတြက္ AI လိုလုပ္ေဆာင္ခ်က္ေတြပါ ေပါင္းထည္လိုက္တဲ့ ေနာက္ပိုင္းမွာေတာ့  သုံးစြဲသူေတြဟာ AI ကင္မရာေတြကို ပိုသံုးလာၾကပါတယ္။ ေနာက္ဆိုရင္ အခုထက္ပိုၿပီးေတာ့ ကင္မရာ၃လုံးအထိ တပ္ဆင္လာၾကေတာ့မွာပါ။ ဒါကိုကၽြန္ေတာ္တို႔အေနနဲ႔ ဒီႏွစ္ပိုင္းအတြင္းမွာ ထြက္ထားတဲ့ Huawei P20 Pro ကိုၾကည့္တာနဲ႔ သိႏိုင္မွာပါ လို႔ဆိုပါတယ္။

Huawei P20 Pro ဖုန္းဟာ DxOMark ရဲ႕စမ္းသပ္ခ်က္မွာ စုစုေပါင္းရမွတ္ 109 ရရွိခဲ့ပါတယ္။ ကင္မရာလုပ္ေဆာင္ခ်က္ပိုင္းအတြက္ 114 နဲ႔ထိပ္တန္း အဆင့္ေရာက္ရွိခဲ့ၿပီး၊ video ပိုင္းမွာေတာ့ 98 မွတ္ ရရွိခဲ့ပါတယ္။ ဘာေၾကာင့္ဒီလိုရရွိခဲ့လဲဆိုရင္ Huawei P20 Pro ဟာ ေကာင္းမြန္တဲ့ zoom လုပ္ေဆာင္ခ်က္နဲ႔ ပုံရိပ္အရည္အေသြးကို အစစ္မွန္ဆုံး ထုတ္လုပ္ေပးတာေၾကာင့္လို႔ နီကိုးလပ္စ္ကေထာက္ျပခဲ့ပါတယ္။

ဒါေၾကာင့္ ၂၀၁၉ခုႏွစ္ေရာက္တဲ့အခ်ိန္ၾကရင္ အခုဖုန္းေတြမွာ Notch ေတြပါလာသလိုမ်ိဳး ေနာက္ေက်ာဘက္မွာ ကင္မရာ၃လုံးတပ္ဆင္ထားတဲ့ ဖုန္းေတြကသာ ေစ်းကြက္ကိုထပ္မံဦးေဆာင္ သိမ္းပိုက္ထားအုံးမွာလို႔ ေျပာၾကားလုိက္ပါတယ္။ ၂၀၁၉ခုႏွစ္မွာထိပ္တန္းစမတ္ဖုန္း ထုတ္လုပ္သူ ေတြဟာ Huawei P20 Pro လိုကင္မရာမ်ိဳးကို သူတို႔ဖုန္းေတြမွာ တပ္ဆင္ဖို႔ ႀကိဳးစားလာၾကပါလိမ့္မယ္။

Unicode

ကင်မရာ၃လုံးနည်းပညာဟာ ၂၀၁၉ရဲ့အဓိကပြောင်းလဲမှုဖြစ်လာမယ်လို့ DxOMark အကြီးအကဲပြောကြား

 

DxOMark Image Labs  နဲ့ပြုလုပ်လိုက်တဲ့ အင်တာဗျုးတစ်ခုမှာ Labs ရဲ့ဈေးကွက်ပိုင်းဆိုင်ရာ အုပ်ချုပ်သူဖြစ်တဲ့ နီးကိုးလပ်စ်က ၂၀၁၉ခုနှစ်မှာ စမတ်ဖုန်းထုတ်လုပ်သူ ကုမ္ပဏီအများစုဟာ သူတို့ဖုန်းတွေမှာ ကင်မရာ၃လုံးကို တပ်ဆင်လာကြမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ နီးကိုးလပ်စ်ရဲ့ ပြောကြားချက်မှာတော့ ဖုန်းတွေဟာ ပါးလွှာပေါ့ပါးမှု တစ်ခုကိုလည်းဦးစားပေးလာတော့မဟုတ်တော့ပဲ၊ ပိုကြီးတဲ့ ကင်မရာဆင်ဆာတွေ တပ်ဆင်ဖို့ပါ ပြုလုပ်လာကြတော့မှာပါ။

ကင်မရာတစ်လုံးသာ တပ်ဆင်ထားတယ်ဆိုတဲ့ ဖုန်းတွေရဲ့ခေတ်ဟာ တဖြည်းဖြည်းကုန်ဆုံးလာပြီး အခုဆိုရင် စမတ်ဖုန်းထုတ်လုပ်သူတွေဟာ dual-Camera တပ်ဆင်ထားတယ်ဆိုတဲ့ အချိန်ကိုရောက်လာပါပြီ။ ဒါအပြင်ကင်မရာပိုင်းအတွက် AI လိုလုပ်ဆောင်ချက်တွေပါ ပေါင်းထည်လိုက်တဲ့ နောက်ပိုင်းမှာတော့  သုံးစွဲသူတွေဟာ AI ကင်မရာတွေကို ပိုသုံးလာကြပါတယ်။ နောက်ဆိုရင် အခုထက်ပိုပြီးတော့ ကင်မရာ၃လုံးအထိ တပ်ဆင်လာကြတော့မှာပါ။ ဒါကိုကျွန်တော်တို့အနေနဲ့ ဒီနှစ်ပိုင်းအတွင်းမှာ ထွက်ထားတဲ့ Huawei P20 Pro ကိုကြည့်တာနဲ့ သိနိုင်မှာပါ လို့ဆိုပါတယ်။

Huawei P20 Pro ဖုန်းဟာ DxOMark ရဲ့စမ်းသပ်ချက်မှာ စုစုပေါင်းရမှတ် 109 ရရှိခဲ့ပါတယ်။ ကင်မရာလုပ်ဆောင်ချက်ပိုင်းအတွက် 114 နဲ့ထိပ်တန်း အဆင့်ရောက်ရှိခဲ့ပြီး၊ video ပိုင်းမှာတော့ 98 မှတ် ရရှိခဲ့ပါတယ်။ ဘာကြောင့်ဒီလိုရရှိခဲ့လဲဆိုရင် Huawei P20 Pro ဟာ ကောင်းမွန်တဲ့ zoom လုပ်ဆောင်ချက်နဲ့ ပုံရိပ်အရည်အသွေးကို အစစ်မှန်ဆုံး ထုတ်လုပ်ပေးတာကြောင့်လို့ နီကိုးလပ်စ်ကထောက်ပြခဲ့ပါတယ်။

ဒါကြောင့် ၂၀၁၉ခုနှစ်ရောက်တဲ့အချိန်ကြရင် အခုဖုန်းတွေမှာ Notch တွေပါလာသလိုမျိုး နောက်ကျောဘက်မှာ ကင်မရာ၃လုံးတပ်ဆင်ထားတဲ့ ဖုန်းတွေကသာ ဈေးကွက်ကိုထပ်မံဦးဆောင် သိမ်းပိုက်ထားအုံးမှာလို့ ပြောကြားလိုက်ပါတယ်။ ၂၀၁၉ခုနှစ်မှာထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်သူ တွေဟာ Huawei P20 Pro လိုကင်မရာမျိုးကို သူတို့ဖုန်းတွေမှာ တပ်ဆင်ဖို့ ကြိုးစားလာကြပါလိမ့်မယ်။

Leave a Reply