
0
1500





unicode

၆.၂ လက်မ မျက်နှာပြင် ပါလာမယ့် LG Stylo 4

Samsung အပြင် LG ကလည်း ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ စမတ်ဖုန်းများကို ထုတ်လုပ်ရောင်းချနေပါတယ်။ ဒါပေမယ့် ကွာခြားတာက LG ရဲ့ အဲဒီ ဖုန်းများဟာ ဈေးနှုန်းချိုသာပါတယ်။ အခုတော့ LG Stylo 4 ရဲ့ ဘူးခွံ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။ ဘူးခွံမှ သတင်းအချက်အလက်များအရ Stylo 4 မှာ အရွယ်ကြီး ၆.၂ လက်မ FullHD+ Display ပါလာမှာဖြစ်ပါတယ်။ 19:8 မျက်နှာပြင်အချိုးပါလာမှာ ဖြစ်ပါတယ်။

သူ့မှာ 13MP Rear Camera, 5MP Selfie Camera များ ပါလာမှာပါ။ အရှေ့ကင်မရာဟာ မြင်ကွင်းကျယ် ဖြစ်ပါတယ်။ Portrait Mode ကိုလည်း ထောက်ပံ့ပါတယ်။ စွမ်းဆောင်ရည်မြင့် ဖုန်းများမှာသာ ထည့်ပေးထားတဲ့ LG Q Lens AI လလည်း ထည့်သွင်းပေးထားပါတယ်။

သူ့မှာ 1.8GHz Octa-Core Snapdragon Chipset ထည့်သွင်းထားမှာ ဖြစ်ပေမယ့် မော်ဒယ်ကို မသိရသေးပါဘူး။ Snapdragon 450 Chipset ပါလာနိုင်ပါတယ်။ 2GB RAM , 32GB Storage , microSD Slot များ ပါလာမှာပါ။ Android 8.1 Oreo ထည့်သွင်းထားနိုင်ပါတယ်။ 3300mAh Battery ပါလာမှာ ဖြစ်ပါတယ်။

Headphone များဖြင့် နားဆင်လျှင် အသံအရည်အသွေး အလွန်ကောင်းတဲ့ DTS-X 3D Surround Audio ပါလာမှာပါ။ LG Stylo 4 ဟာ မကြာခင်က မိတ်ဆက်ခဲ့တဲ့ LG Q Stylusa ရဲ့ ဗားရှင်း တစ်ခု ဖြစ်ပါတယ်။

Leave a Reply