Lenovo ကဘာလို့ ထိပ်ဆုံးကနေ အောက်ခြေကို မြန်မြန်ရောက်သွားရတာလဲ
0
1893
Zawgyi version
Unicode version
Lenovo က laptop game တွေနဲ့ ပတ်သတ်ပြီး မိုဘိုင်းဈေးကွက်ထဲမှာ ထိပ်ဆုံးနေရာလောက်ထိ ရောက်ရှိလိုက်ပါသေးတယ်။ 2014 နဲ့ 2015 လောက်တုန်းက Lenovo က ကမ္ဘာ့ဈေးကွက်ရဲ့ 5% လောက်ကို ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက Samsung နဲ့ Apple ကထိပ်ဆုံးကဦးဆောင်နေပြီးတော့ Huawei က 7 % ချုပ်ကိုင်ထားနိုင်တာဆိုတော့ Huawei က ဒုတိယနေရာလောက်မှာ ဖြစ်ပြီး 5% တူတူဖြစ်ကြတဲ့ Xiaomi နဲ့ LG တို့နဲ့ တတိယနေရာကို အပြိုင်အဆိုင်လုနေကြပါတယ်။
Lenovo က သူရဲ့ တရုတ်နိုင်ငံမှာ 10 နေရာမြောက်လာက်မှာ ရှိပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ ဖုန်းအလုံးပေါင်း 1.8 million ထိရောင်းထွက်ခဲ့ပါတယ်။
Lenovo ရဲ့ သတင်းကောင်းကတော့ Motorola က 2016 မှာထက်စာရင် 2017 မှာ U.S ကိုဖုန်းအလုံးရေ 2 ဆထိမြင့်တက်ပြီး း ဖြန့်ချီနိုင်ခဲ့တာဖြစ်ပါတယ်။ သူက တစ်ခြား နာမည်ကြီး brand တွေဖြစ်တဲ့ ZTE နဲ့ LG ထက်ကို ရောင်းအားမြင့်တက်ခဲ့တာပဲဖြစ်ပါတယ်။
Lenovo ရဲ့ ခုလက်ရှိဖုန်းဈေးကွက်ထဲမှာ သူ့ရဲ့ အခြေအနေကတော့ ကျရှုံးမှုကြီး 2 ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ပထမ တစ်ခုကတော့ တရုတ်ဈေးကွက်မှာ ဆိုးဆိုးရွားရွားကိုဖြစ်နေတာ ဖြစ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ အနောက်နိုင်ငံတွေက သုံးစွဲသူတွေက Motorola brand ကိုသုံးလို့ကောင်းတဲ့ brand အဖြစ် မသတ်မှတ်တော့တာဖြစ်ပါတယ်။
Hardware ပိုင်းဆိုင်ရာ အသစ်အဆန်းလေးတွေဖြစ်တဲ့ ကင်မရာ 2 လုံး၊ 3 လုံး လိုမျိုး OLED မျက်နှာပြင်လိုမျိုး performance မြင့်တဲ့ chip လိုမျိုး ထုတ်မဲ့အစား Project Tango phone ဖြစ်တဲ့ Phab 2 Pro ကိုထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။ Folio foldable concept ကသိပ်မဆိုးဘူးဆိုပေမဲ့ company က user တွေအတွက် တကယ်အသုံးလိုတဲ့ product လေးတွေကို ထုတ်ပေးတာက ပိုအဆင်ပြေပါတယ်။ Lenovo ရဲ့ ရောင်းအားက သိသိသာသာကို ကျဆင်းလာတာကိုတွေ့ရပါတယ်။
Company ကဖုန်းဈေးကွက်မှာ budget အနေနဲ့ကတေ့ာ ကျရှုံးတာတော့ မရှိပါဘူး။ Moto G နဲ့ E series တွေကိုတော့ ဈေးအသင့်တင့်နဲ့ သုံးလို့အဆင်ပြေအောင်လုပ်ပေးထားတဲ့အတွက် ကျေးဇူးတော့တင်ရမှာပါ။ ဒါပေမဲ့ X နဲ့ Z မှာတော့ မျှော်မှန်ထားသလောက် မအောင်မြင်ခဲ့ပါဘူး။
Lenovo ရဲ့ hardware ပုံစံတွေနဲ့ ပါဝင်ပစ္စည်းတွေက တစ်ခြားဖုန်းပုံစံတွေနဲ့ သိပ်မထူးခြားဘူးဖြစ်နေပါတယ်။ ဥပမာဆိုရင် Huawei ကဈေးကွက်မှာ မြန်မြန်နဲ့ ထိုးဖောက်နိုင်ပြီး ပထမနေရာလောက်မှာ ရပ်တည်ပြီးတော့ Oppo ကလဲ ဈေးအသင့်အတင့်နဲ့ ပစ္စည်းအရည်အသွေးကလဲ မဆိုးတော့ ဈေးကွက်ထဲမှာ အလယ်အလတ်နေရာလောက်မှာ ရပ်တည်ထားပါတယ်။ Vivo ကလဲ ဒီဇိုင်းအဆန်းတွေနဲ့ user တွေကို ဖမ်းစားထားပါသေးတယ်။ Lenovo ကတော့ user တွေကို အသဲအသန်လိုက်ဖမ်းပြီး ဈေးကွက်ပြန်ရအောင် လုပ်နေရပါတယ်။
ဥပမာ Xiaomi ရဲ့ Redmi series နဲ့ Huawei ရဲ့ Honor brand တွေဟာဆိုရင် ဒီဇိုင်းပိုင်းမှာရော hardware ပိုင်းမှာရော ကောင်းမွန်ပြီးတော့ ပေးရတာနဲ့ တန်အောင်ပြုလုပ်ထားကြတာဖြစ်ပါတယ်။
Moto မှာလဲ fan တော်တော်များများရှိပေမဲ့ Redmi နဲ့ Honor တွေမှာလဲ fan တွေက နည်းနည်းနောနောမဟုတ်ကြပါဘူး။
Lenovo ရဲ့ နောက်ဆုံးထုတ်ဖြစ်တဲ့ Lenovo Z5 ရဲ့ ရိုးရှင်းပြီးတော့ အိုင်ဒီယာပိုင်းမှာ မသွက်ဘူး ဖြစ်သွားပါတယ်။ Notch ၊ ကင်မရာ အနေအထား နဲ့ ဒီဇိုင်းအနေအထားက user တွေအကြိုက် သိပ်မဟုတ်ကြပါဘူး။ သူက ဒေါ်လာ 200 နီးပါးဆိုတော့ user တွေကဈေးကြောင့်လဲ သိပ်အရောင်းမသွက်တာ ဖြစ်နိုင်ပါတယ်။
Lenovo က 2014 မှာ Motorola ကိုဝယ်လိုက်တုန်းက တော်တော်များများက brand 2 ခုကိုဘယ်လိုအလုပ်လုပ်မလဲဆိုတာ အံ့အားသင့်ခဲ့ကြပါတယ်။ တရုတ်မှာရောင်းတဲ့ Moto ဖုန်းတွေနဲ့ U.S မှာရောင်းတဲ့ Lenovo ဖုန်းတွေကို ယှဉ်ကြည့်ရင် အမြတ်အစွန်းက ထင်သလောက်မရခဲ့ပါဘူး။ တစ်နည်းအားဖြင့် Lenovo ကလဲ ဈေးကွက်မှာ တစ်ဖြည်းဖြည်းကျဆင်းလာပါတယ်။
တစ်ခြား brand တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် Huawei နဲ့ Honor ဆိုရင် ဈေးကတော်တော်လေးကို ကွားထားပါတယ်။ Lenovo ကတော့ 4 နှစ်ကွာပြီးမှာ နောက် model တစ်မျိုးထွက်တာကို အရင်ပုံစံနဲ့သိပ်မကွာသလိုဖြစ်နေပါတယ်။
ပြန်လည်ခေါင်းမော့လာမလား အသစ်ပြန်လည်မွေးဖွားဦးမှာလား
Lenovo Z5 ကို စမတ်ဖုန်းဈေးကွက်မှာတော့ အသစ်သစ်တွေနဲ့ ပြန်လည်ရှင်သန်လာဦးမယ်ဆို ပြီးတော့ သတ်မှတ်ထားကြပါတယ်။ သူ့အတွက်ကတော့ စိန်ခေါ်မှုတွေများနေပါပြီ။ သူက ဈေးသက်သက်သာသာနဲ့ ဈေးကွက်ထဲကို ပြန်လည်ထိုးဖောက်လာဦးမလားဆိုတာတော့ မျှော်လင့်စရာပါပဲ။ သူ့ product ကိုတော့ မြန်မြန်နဲ့ ကောင်းကောင်းထွက်လာဖို့တော့ လိုနေပါပြီ။
Leave a Reply