Android Mobile ဖုန္းေတြမွာ ဂ်ိဳ(Notch)နဲ႕အတူ ေအာက္ေဘာင္ေတြဘာလို႕ပါေနတာလဲ

0
1116

Zawgyi Version

Apple က iPhone X ေလးကို ဆယ္ႏွစ္ျပည့္အေနနဲ႕ launch လုပ္တဲ့အခ်ိန္တုန္းကေတာ့ လူေတြက notch ေလးကိုဖုန္းရဲ႕အေပၚပိုင္းမွာထားလို႕ဆိုျပီး ေ၀ဖန္ခဲ့ၾကပါတယ္။ Apple က notch ေလးကိုအသံုးျပဳျပီးေတာ့ full view display (infinity display) ကို ရေအာင္ဖန္တီးေပးခဲ့တာပါ။ Samsung Galaxy S8 မွာပါတဲ့ 18:9 aspect ratio လိုပါပဲ။

Apple_iPhone_X_With_Notch.png

Samsung ကေတာ့ အေပၚနဲ႕ေအာက္မွာေဘာင္ေလးေတြထားျပီး ကင္မရာ၊ sensor ေတြကို ထည့္သြင္းပါတယ္။ ဒါေပမယ့္လည္း Apple ကေတာ့ အေပၚနဲ႕ေအာက္ေဘာင္ေတြကို ဖယ္ထုတ္လုိက္ပါတယ္။ ဒါေပမယ့္လည္း အေရွ႕ကင္မရာနဲ႕ sensor ေတြထားဖို႕ေနရာအတြက္ notch ေလးကို ထည့္သြင္းလိုက္တာျဖစ္ပါတယ္။

ဒါေပမယ့္ လူအမ်ားစုကေတာ့ Apple လုပ္သမွ်က မိုဘိုင္းလ္ေလာကမွာ ေရစီးေၾကာင္းျဖစ္လာတယ္လို႕ ေျပာၾကတယ္။ ဒါေၾကာင့္လည္း notch ျဖစ္ေပၚလာခဲ့တာပါ။ Android ဖုန္းထုတ္လုပ္သူမ်ားအစုကလည္း အခုဆိုရင္ Apple ရဲ႕ဒီဇိုင္းကို အတုခိုးျပီးေတာ့ notch ေလးေတြကို သူတို႕ဖုန္းရဲ႕ထိပ္ပိုင္းမွာ တပ္ဆင္ေနၾကပါျပီ။

Android mobile ဖုန္းအေတာ္မ်ားမ်ားကို full view display ၊ notch နဲ႕ ေတြ႕ျမင္ရျပီးပါျပီ။ Essential Phone, Vivo V9, Oppo F7, Asus Zenfone 5, Huawei P20 နဲ႕ OnePlus 6 တို႕အျပင္ LG, Nokia နဲ႕ Sony တို႕ကလည္း ေနာက္ပိုင္း flagship ဖုန္းေတြကို notch နဲ႕ထုတ္လုပ္ေတာ့မယ္လို႕ သတင္းေတြထြက္ေနပါတယ္။

အခုဆိုရင္ေတာ့ notch ဟာ မိုဘိုင္းလ္ဖုန္းေရစီးေၾကာင္းတစ္ခုျဖစ္ေနတဲ့အတြက္ေၾကာင့္ ေဘာင္နည္း display နဲ႕ notch ေတြကို ထြက္ရွိေတာ့မယ့္ဖုန္းေမာ္ဒယ္လ္ေတြအတြက္ ၾကိဳးစားျပင္ဆင္ေနၾကပါျပီ။

ဒါေပမယ့္လည္း လူေတြအမ်ားၾကီးက အျပစ္တင္္ေနတဲ့ကိစၥေလးတစ္ခု ရွိပါတယ္။ Apple က iPhone X ကို notch နဲ႕ launch လုပ္ခ်ိန္တုန္းက ဖုန္းရဲ႕ေအာက္ေျခမွာ ေဘာင္မပါ၀င္ပါဘူး။ iPhone X ဟာ ေဘာင္ေပ်ာက္ဖုန္းတစ္လံုးပါ။ Android ဖုန္းေတြထုတ္လုပ္တဲ့အခ်ိန္မွာေတာ့ notch ကို iPhone X ထက္ေတာ့ ေသးငယ္သြားပါတယ္။ ဒါေပမယ့္လည္း ေအာက္ဘက္မွာေတာ့ ေဘာင္ေလးေတြ ပါ၀င္ေနတာကို ေတြ႕ျမင္ရမွာပါ။

Notch ပါ၀င္မယ္ဆိုရင္ ေအာက္ဘက္မွာ ေဘာင္မထည့္သင့္ေတာ့ဘူးလို႕ လူေတြကအျပစ္တင္ေနၾကပါတယ္။ ေအာက္ဘက္မွာေဘာင္ထည့္ထားျခင္းဟာ notch ရဲ႕ရည္ရြယ္ခ်က္ကို ပ်က္ျပားေအာင္ လုပ္ေနသလိုျဖစ္ေနပါတယ္။ notch ထည့္ျခင္းက screen ပိုက်ယ္လာေအာင္ လုပ္ေဆာင္ထားတာမဟုတ္လား။

ဘာေၾကာင့္မ်ား ေအာက္ေျခမွာေဘာင္ေတြပါေနသလဲဆိုတာ လူေတြက နားမလည္ႏုိင္ၾကဘူး။

ဒီေဆာင္းပါးမွာေတာ့ ဒီလိုအေမးမ်ားတဲ့ေမးခြန္းကို ကၽြန္ေတာ္က ေျဖၾကားေပးသြားမွာပါ။ ဒီေနာက္ကြယ္က ျဖစ္ရပ္ေတြကိုလည္း ေဖာ္ထုတ္ေပးသြားမွာပါ။

charging port (USB cable port), speakers, headphone jack စသျဖင့္ ထားရွိဖို႕အတြက္လို႕ လူေတြက မမွန္မကန္ေျပာေနၾကတယ္။ မဟုတ္ပါဘူး။ ဒါကတကယ့္အေၾကာင္းရင္း မဟုတ္ပါဘူး။

လူအမ်ားထင္ေၾကးေနာက္တစ္ခုကေတာ့ မိုဘုိင္းလ္ဖုန္းကိုကိုင္တဲ့အခ်ိန္မ်ာ screen ကို မေတာ္တဆထိမိျခင္းမွ ကာကြယ္ဖို႕အတြက္ ဒီဇုိင္းပိုင္းအရ လုပ္ေဆာင္ထားတာပါ။ ဒါလည္း အက်ိဳးအေၾကာင္း မသင့္ပါဘူး။

Android စမတ္ဖုန္းေတြမွာ ေအာက္ေဘာင္ပါေနရတဲ့ တကယ့္အေၾကာင္းရင္းကေတာ့ Android ဖုန္းေတြရဲ႕ hardware ကန္႕သတ္ခ်က္ေတြေၾကာင့္ပါပဲ။

ေအာက္ေျခေနရာမွာထားရွိတဲ့ ေဘာင္ေလးကေတာ့ display (touch-screen) controller ကေန အသံုးျပဳပါတယ္။ Android စမတ္ဖုန္းအားလံုးမွာ mobile display နဲ႕ main board တို႕ကိုခ်ိတ္ဆက္ဖို႕အတြက္ ၾကိဳးေလးပါရွိပါတယ္။ ဒါေၾကာင့္ ေအာက္ေျခမွာ ေဘာင္ေလးကို မျဖစ္မေနထည့္သြင္းေပးၾကရတာပါ။

iPhone X မွာေတာ့ ေဘာင္မပါဘူးေနာ္လို႕ ေမးႏုိင္ပါတယ္။ အေျဖကေတာ့ iPhone X ဟာ flexible/bendable display screen ကို အသံုးျပဳထားတဲ့အတြက္ေၾကာင့္ အေနာက္ဘက္ကို ေကြးညြတ္ထားျပီး ၾကိဳးနဲ႕ခ်ိတ္ဆက္ထားတာမို႕ ေအာက္ေဘာင္မလိုအပ္ေတာ့တာျဖစ္ပါတယ္။

iPhone X က ေအာက္ေဘာင္ကို flexible display သံုးျပီးဖယ္ရွားတယ္ဆိုရင္ Android စမတ္ဖုန္းေတြကေရာ ဒီလိုနည္းလမ္းသံုးလို႕မရဘူးလားလို႕ ေမးစရာရွိတယ္။ အေျဖကေတာ့ ေစ်းႏႈန္းပါပဲ။ flexible display ကိုသာသံုးလုိက္မယ္ဆုိရင္ ဖုန္းတစ္လံုးရဲ႕ကုန္က်စရိတ္က တိုးတက္လာမွာပါ။ ဒါေၾကာင့္ သူတို႕ရဲ႕တန္ဖိုးနည္းမိုဘိုင္းလ္ဖုန္းေတြမွာ flexible display ကို အသံုးမျပဳႏုိင္ၾကတာျဖစ္ပါတယ္။ iPhone X က ဘာေၾကာင့္ ေစ်းၾကီးရသလဲဆိုတာ အခုေတာ့ သိျပီမလား။

ဒီေတာ့ Android စမတ္ဖုန္းေတြကလည္း ေအာက္ေဘာင္ကိုျဖဳတ္ခ်ႏုိင္မယ့္ ေစ်းသက္သာတဲ့နည္းလမ္းကို မေတြ႕မခ်င္းေတာ့ ေတြ႕ေနရဦးမွာပါ။

ဒီေတာ့ Android စမတ္ဖုန္းေတြမွာ ေအာက္ေဘာင္ေတြပါ၀င္ေနရျခင္းရဲ႕ အေၾကာင္းရင္းကို နားလည္သြားျပီမလား။ ေဘာင္ေပ်ာက္ဖုန္းေတြကို အသံုးျပဳျပီး ေပ်ာ္ရႊင္လုိက္ပါ။

Unicode Version

Apple က iPhone X လေးကို ဆယ်နှစ်ပြည့်အနေနဲ့ launch လုပ်တဲ့အချိန်တုန်းကတော့ လူတွေက notch လေးကိုဖုန်းရဲ့အပေါ်ပိုင်းမှာထားလို့ဆိုပြီး ဝေဖန်ခဲ့ကြပါတယ်။ Apple က notch လေးကိုအသုံးပြုပြီးတော့ full view display (infinity display) ကို ရအောင်ဖန်တီးပေးခဲ့တာပါ။ Samsung Galaxy S8 မှာပါတဲ့ 18:9 aspect ratio လိုပါပဲ။
Samsung ကတော့ အပေါ်နဲ့အောက်မှာဘောင်လေးတွေထားပြီး ကင်မရာ၊ sensor တွေကို ထည့်သွင်းပါတယ်။ ဒါပေမယ့်လည်း Apple ကတော့ အပေါ်နဲ့အောက်ဘောင်တွေကို ဖယ်ထုတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း အရှေ့ကင်မရာနဲ့ sensor တွေထားဖို့နေရာအတွက် notch လေးကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် လူအများစုကတော့ Apple လုပ်သမျှက မိုဘိုင်းလ်လောကမှာ ရေစီးကြောင်းဖြစ်လာတယ်လို့ ပြောကြတယ်။ ဒါကြောင့်လည်း notch ဖြစ်ပေါ်လာခဲ့တာပါ။ Android ဖုန်းထုတ်လုပ်သူများအစုကလည်း အခုဆိုရင် Apple ရဲ့ဒီဇိုင်းကို အတုခိုးပြီးတော့ notch လေးတွေကို သူတို့ဖုန်းရဲ့ထိပ်ပိုင်းမှာ တပ်ဆင်နေကြပါပြီ။
Android mobile ဖုန်းအတော်များများကို full view display ၊ notch နဲ့ တွေ့မြင်ရပြီးပါပြီ။ Essential Phone, Vivo V9, Oppo F7, Asus Zenfone 5, Huawei P20 နဲ့ OnePlus 6 တို့အပြင် LG, Nokia နဲ့ Sony တို့ကလည်း နောက်ပိုင်း flagship ဖုန်းတွေကို notch နဲ့ထုတ်လုပ်တော့မယ်လို့ သတင်းတွေထွက်နေပါတယ်။
အခုဆိုရင်တော့ notch ဟာ မိုဘိုင်းလ်ဖုန်းရေစီးကြောင်းတစ်ခုဖြစ်နေတဲ့အတွက်ကြောင့် ဘောင်နည်း display နဲ့ notch တွေကို ထွက်ရှိတော့မယ့်ဖုန်းမော်ဒယ်လ်တွေအတွက် ကြိုးစားပြင်ဆင်နေကြပါပြီ။
ဒါပေမယ့်လည်း လူတွေအများကြီးက အပြစ်တင်နေတဲ့ကိစ္စလေးတစ်ခု ရှိပါတယ်။ Apple က iPhone X ကို notch နဲ့ launch လုပ်ချိန်တုန်းက ဖုန်းရဲ့အောက်ခြေမှာ ဘောင်မပါဝင်ပါဘူး။ iPhone X ဟာ ဘောင်ပျောက်ဖုန်းတစ်လုံးပါ။ Android ဖုန်းတွေထုတ်လုပ်တဲ့အချိန်မှာတော့ notch ကို iPhone X ထက်တော့ သေးငယ်သွားပါတယ်။ ဒါပေမယ့်လည်း အောက်ဘက်မှာတော့ ဘောင်လေးတွေ ပါဝင်နေတာကို တွေ့မြင်ရမှာပါ။
Notch ပါဝင်မယ်ဆိုရင် အောက်ဘက်မှာ ဘောင်မထည့်သင့်တော့ဘူးလို့ လူတွေကအပြစ်တင်နေကြပါတယ်။ အောက်ဘက်မှာဘောင်ထည့်ထားခြင်းဟာ notch ရဲ့ရည်ရွယ်ချက်ကို ပျက်ပြားအောင် လုပ်နေသလိုဖြစ်နေပါတယ်။ notch ထည့်ခြင်းက screen ပိုကျယ်လာအောင် လုပ်ဆောင်ထားတာမဟုတ်လား။
ဘာကြောင့်များ အောက်ခြေမှာဘောင်တွေပါနေသလဲဆိုတာ လူတွေက နားမလည်နိုင်ကြဘူး။
ဒီဆောင်းပါးမှာတော့ ဒီလိုအမေးများတဲ့မေးခွန်းကို ကျွန်တော်က ဖြေကြားပေးသွားမှာပါ။ ဒီနောက်ကွယ်က ဖြစ်ရပ်တွေကိုလည်း ဖော်ထုတ်ပေးသွားမှာပါ။
charging port (USB cable port), speakers, headphone jack စသဖြင့် ထားရှိဖို့အတွက်လို့ လူတွေက မမှန်မကန်ပြောနေကြတယ်။ မဟုတ်ပါဘူး။ ဒါကတကယ့်အကြောင်းရင်း မဟုတ်ပါဘူး။
လူအများထင်ကြေးနောက်တစ်ခုကတော့ မိုဘိုင်းလ်ဖုန်းကိုကိုင်တဲ့အချိန်မျာ screen ကို မတော်တဆထိမိခြင်းမှ ကာကွယ်ဖို့အတွက် ဒီဇိုင်းပိုင်းအရ လုပ်ဆောင်ထားတာပါ။ ဒါလည်း အကျိုးအကြောင်း မသင့်ပါဘူး။
Android စမတ်ဖုန်းတွေမှာ အောက်ဘောင်ပါနေရတဲ့ တကယ့်အကြောင်းရင်းကတော့ Android ဖုန်းတွေရဲ့ hardware ကန့်သတ်ချက်တွေကြောင့်ပါပဲ။
အောက်ခြေနေရာမှာထားရှိတဲ့ ဘောင်လေးကတော့ display (touch-screen) controller ကနေ အသုံးပြုပါတယ်။ Android စမတ်ဖုန်းအားလုံးမှာ mobile display နဲ့ main board တို့ကိုချိတ်ဆက်ဖို့အတွက် ကြိုးလေးပါရှိပါတယ်။ ဒါကြောင့် အောက်ခြေမှာ ဘောင်လေးကို မဖြစ်မနေထည့်သွင်းပေးကြရတာပါ။
iPhone X မှာတော့ ဘောင်မပါဘူးနော်လို့ မေးနိုင်ပါတယ်။ အဖြေကတော့ iPhone X ဟာ flexible/bendable display screen ကို အသုံးပြုထားတဲ့အတွက်ကြောင့် အနောက်ဘက်ကို ကွေးညွတ်ထားပြီး ကြိုးနဲ့ချိတ်ဆက်ထားတာမို့ အောက်ဘောင်မလိုအပ်တော့တာဖြစ်ပါတယ်။
iPhone X က အောက်ဘောင်ကို flexible display သုံးပြီးဖယ်ရှားတယ်ဆိုရင် Android စမတ်ဖုန်းတွေကရော ဒီလိုနည်းလမ်းသုံးလို့မရဘူးလားလို့ မေးစရာရှိတယ်။ အဖြေကတော့ ဈေးနှုန်းပါပဲ။ flexible display ကိုသာသုံးလိုက်မယ်ဆိုရင် ဖုန်းတစ်လုံးရဲ့ကုန်ကျစရိတ်က တိုးတက်လာမှာပါ။ ဒါကြောင့် သူတို့ရဲ့တန်ဖိုးနည်းမိုဘိုင်းလ်ဖုန်းတွေမှာ flexible display ကို အသုံးမပြုနိုင်ကြတာဖြစ်ပါတယ်။ iPhone X က ဘာကြောင့် ဈေးကြီးရသလဲဆိုတာ အခုတော့ သိပြီမလား။
ဒီတော့ Android စမတ်ဖုန်းတွေကလည်း အောက်ဘောင်ကိုဖြုတ်ချနိုင်မယ့် ဈေးသက်သာတဲ့နည်းလမ်းကို မတွေ့မချင်းတော့ တွေ့နေရဦးမှာပါ။
ဒီတော့ Android စမတ်ဖုန်းတွေမှာ အောက်ဘောင်တွေပါဝင်နေရခြင်းရဲ့ အကြောင်းရင်းကို နားလည်သွားပြီမလား။ ဘောင်ပျောက်ဖုန်းတွေကို အသုံးပြုပြီး ပျော်ရွှင်လိုက်ပါ။

Leave a Reply