full-screen နဲ႔ Notch ပါတဲ့ Xiaomi RedMi 6 ရဲ႕ ပုံရိပ္မ်ား ထြက္ရွိလာ

0
1623

ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း တရုတ္စမတ္ဖုန္းထုတ္လုပ္သူ Xiaomi အေနနဲ႔ စမတ္ဖုန္းသစ္တစ္လုံးကို ယခုလ၁၂ရက္ေန႔မွာ မိတ္ဆက္ေပးေတာ့မယ္လို႔ တရားဝင္ထုတ္ျပန္ေၾကာ္ျငာခဲ့ပါတယ္။ မိတ္ဆက္မယ့္ စမတ္ဖုန္းဟာ RedMi 6 ဖုန္းျဖစ္ၿပီး full-screen နဲ႔စမတ္ဖုန္းျဖစ္လာမယ္လို႔ဆုိပါတယ္။ ဒီေန႔မွာေတာ့ Xiaomi RedMi 6 ရဲ႕ အရည္အေသြးျပည့္ပုံရိပ္မ်ား ထြက္ရွိလာပါတယ္။ Redmi model ျဖစ္တဲ့ M1805D1SE အေနနဲ႔ ကြန္ရက္လိုင္စင္ရရွိၿပီးထားၿပီး ျဖစ္ပါတယ္။

Redmi 6 ရဲ႕ထြက္လာတဲ့ ပုံရိပ္ေတြမွာေတာ့ ယေန႔ေခတ္ဖုန္းေတြမွာ ပါဝင္ေနတဲ့ full-screen ၊ Notch နဲ႔အတူ ေနာက္ေက်ာဘက္မွာ ေဒါင္လိုက္ dual camera တပ္ဆင္ေပးထားပါတယ္။ လက္ေဗြဖတ္စနစ္လည္း ပါဝင္လာပါတယ္။
Redmi 6 မွာပါဝင္မႈေတြအေနနဲ႔ 5.84 လက္မ Full HD + မွာ (2280 x 1080 pixels) ျဖစ္ၿပီး 19:9 အခ်ိဳး 2.5D Arc Glass display ကိုသုံးထားပါတယ္။ 2.0GHz အျမန္ႏႈန္းနဲ႔eight-core ပရိုဆက္ဆာကိုသုံးထားမွာျဖစ္ၿပီး၊လက္ရွိထြက္ထားတဲ့ သတင္းေတြအရေတာ့ Snapdragon 625 ျဖစ္ႏုိင္ပါတယ္။ 2GB / 3GB / 4GB RAM ဗားရွင္း၃မ်ိဳးနဲ႔ ထြက္ႏုိင္ၿပီး အခ်က္လက္သိုေလွာင္မႈအတြက္လည္း 16GB / 32GB / 64GB ျဖစ္ပါလိမ့္မယ္။ OS ပိုင္းအတြက္ Android 8.1 (Oreo) အေျချပဳ MIUI 10 ကိုတစ္ပါတည္း အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

ကင္မရာပိုင္းမွာေတာ့ ေနာက္ေက်ာဘက္ ကင္မရာ၂ခုမွာ တစ္ခုကေတာ့ 12MP ျဖစ္ႏုိင္ၿပီး၊ ေနာက္ကင္မရာတစ္ခုအတြက္ကေတာ့ အရည္အေသြးကိုမသိရေသးပါဘူး။ အေရွ႕ကင္မရာကိုေတာ့ 5MP ကိုသုံးထားပါတယ္။ အရြယ္အစားကေတာ့ 149.33×71.68×8.75mm ျဖစ္ၿပီး အေလးခ်ိန္ကေတာ့ 178g ရွိမွာျဖစ္ပါတယ္။ ကြန္ရက္ခ်ိတ္ဆက္မႈပိုင္းမွာေတာ့ 4G VoLTE, Wi-Fi 802.11 a / b / g / n, Bluetooth 5, GPS + GLONASS တို႔ရရွိႏုိင္ပါလိမ့္မယ္။ Hybrid dual SIM သုံးႏုိင္မွာပါ။ ဘက္ထရီ3900mAh စြမ္းအားနဲ႔ အားသြင္းျမန္ဆန္တဲ့ စနစ္ပါဝင္လာႏိုင္ပါတယ္။

Unicode

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်စမတ်ဖုန်းထုတ်လုပ်သူ Xiaomi အနေနဲ့ စမတ်ဖုန်းသစ်တစ်လုံးကို ယခုလ၁၂ရက်နေ့မှာ မိတ်ဆက်ပေးတော့မယ်လို့ တရားဝင်ထုတ်ပြန်ကြော်ငြာခဲ့ပါတယ်။ မိတ်ဆက်မယ့် စမတ်ဖုန်းဟာ RedMi 6 ဖုန်းဖြစ်ပြီး full-screen နဲ့စမတ်ဖုန်းဖြစ်လာမယ်လို့ဆိုပါတယ်။ ဒီနေ့မှာတော့ Xiaomi RedMi 6 ရဲ့ အရည်အသွေးပြည့်ပုံရိပ်များ ထွက်ရှိလာပါတယ်။ Redmi model ဖြစ်တဲ့ M1805D1SE အနေနဲ့ ကွန်ရက်လိုင်စင်ရရှိပြီးထားပြီး ဖြစ်ပါတယ်။

Redmi 6 ရဲ့ထွက်လာတဲ့ ပုံရိပ်တွေမှာတော့ ယနေ့ခေတ်ဖုန်းတွေမှာ ပါဝင်နေတဲ့ full-screen ၊ Notch နဲ့အတူ နောက်ကျောဘက်မှာ ဒေါင်လိုက် dual camera တပ်ဆင်ပေးထားပါတယ်။ လက်ဗွေဖတ်စနစ်လည်း ပါဝင်လာပါတယ်။
Redmi 6 မှာပါဝင်မှုတွေအနေနဲ့ 5.84 လက်မ Full HD + မှာ (2280 x 1080 pixels) ဖြစ်ပြီး 19:9 အချိုး 2.5D Arc Glass display ကိုသုံးထားပါတယ်။ 2.0GHz အမြန်နှုန်းနဲ့eight-core ပရိုဆက်ဆာကိုသုံးထားမှာဖြစ်ပြီး၊လက်ရှိထွက်ထားတဲ့ သတင်းတွေအရတော့ Snapdragon 625 ဖြစ်နိုင်ပါတယ်။ 2GB / 3GB / 4GB RAM ဗားရှင်း၃မျိုးနဲ့ ထွက်နိုင်ပြီး အချက်လက်သိုလှောင်မှုအတွက်လည်း 16GB / 32GB / 64GB ဖြစ်ပါလိမ့်မယ်။ OS ပိုင်းအတွက် Android 8.1 (Oreo) အခြေပြု MIUI 10 ကိုတစ်ပါတည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ကင်မရာပိုင်းမှာတော့ နောက်ကျောဘက် ကင်မရာ၂ခုမှာ တစ်ခုကတော့ 12MP ဖြစ်နိုင်ပြီး၊ နောက်ကင်မရာတစ်ခုအတွက်ကတော့ အရည်အသွေးကိုမသိရသေးပါဘူး။ အရှေ့ကင်မရာကိုတော့ 5MP ကိုသုံးထားပါတယ်။ အရွယ်အစားကတော့ 149.33×71.68×8.75mm ဖြစ်ပြီး အလေးချိန်ကတော့ 178g ရှိမှာဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုပိုင်းမှာတော့ 4G VoLTE, Wi-Fi 802.11 a / b / g / n, Bluetooth 5, GPS + GLONASS တို့ရရှိနိုင်ပါလိမ့်မယ်။ Hybrid dual SIM သုံးနိုင်မှာပါ။ ဘက်ထရီ3900mAh စွမ်းအားနဲ့ အားသွင်းမြန်ဆန်တဲ့ စနစ်ပါဝင်လာနိုင်ပါတယ်။

Leave a Reply