Computex 2018 မွာမိတ္ဆက္ခဲ့တဲ့ ထိပ္တန္း Laptops ၅ မ်ိဳး

0
1739

ထိုင္ဝမ္မွာ က်င္းပခဲ့တဲ့ အီလက္ထေရာနစ္နည္းပညာ ထုတ္ကုန္ျပပြဲႀကီး Computex 2018 မွာနည္းပညာ ထုတ္လုပ္သူေတြဟာ သူတို႔ရဲ႕ေနာက္ဆုံးေပၚနည္းပညာနဲ႔ လက္ေတာ့ေတြကို ထုတ္ေဖာ္မိတ္ဆက္ခဲ့ပါတယ္။ အားလုံးထဲမွာေတာ့ ထုိင္ဝမ္အေျခစိုက္ အီလက္ထေရာနစ္ ထုတ္လုပ္သူ ASUS ဟာနည္းပညာျမင့္ လက္ေတာ့အမ်ားဆုံးကို မိတ္ဆက္ျပသခဲ့ပါတယ္။ ဒါေၾကာင့္  Computex 2018 ထုတ္ေဖာ္ျပသခဲ့တဲ့ ထုတ္ကုန္ေတြထဲက ထိပ္တန္းလက္ေတာ့ ၅မ်ိဳးကို ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။

Best Laptop: Asus ZenBook Pro

Asus ZenBook Pro

Asus အေနနဲ႔ ZenBook သစ္ႏွစ္မ်ဳိးကို ေၾကညာလာပါတယ္။ ZenBook သစ္ႏွစ္မ်ဳိးလံုးက ဒီဇုိင္းပုိင္း၊ ပါ၀င္တဲ့စနစ္ပုိင္းေတြမွာ အေတာ္ေလးေကာင္းမြန္တာကို ေတြ႕ရပါတယ္။ ZenBook Pro 15 UX580 က မ်က္ႏွာျပင္ 15.6 လက္မျဖစ္ၿပီး 4K ႐ုပ္ထြက္ႏွင့္ ေထာက္ပံ့ထားပါတယ္။ Screen Pad ကို Touch Pad ေနရာမွာ အစားထိုး ထည့္သြင္းထားတာ ျဖစ္ပါတယ္။ Screen Pad ရဲ႕ မ်က္ႏွာျပင္ဟာ ၅.၅ လက္မ ျဖစ္ပါတယ္။ စမတ္ဖုန္းတစ္လံုးရဲ႕ မ်က္နွာျပင္အရြယ္အစားေလာက္ ျဖစ္ပါတယ္။ ZenBook Pro 15 UX580 ကုိ Intel Core i9 Processor ႏွင့္ ပါ၀ါေထာက္ပံ့ထားၿပီး GTX Ti GPU ကတ္ သံုးထားပါတယ္။ RAM 16GB ႏွင့္ 1TB SSD အထိ ေရြးခ်ယ္ႏုိင္ပါမယ္။ ဒုတိယမ်က္ႏွာျပင္ကုိ မ်က္ႏွာျပင္အႀကီးမွ ေထာက္ထားတဲ့အရာရဲ႕ အေသးစိတ္အခ်က္မ်ားကုိ ျပသတဲ့စနစ္အျဖစ္လည္း အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။

Image result for Huawei MateBook D 14 computex 2018

Huawei MateBook D 14

Huawei ဟာ MateBook D ကုိလည္း မ်က္ႏွာျပင္ 14 လက္မ၊ AMD Ryzen 5 2500 Pro ပရိုဆက္ဆာနဲ႔အတူ Radeon Vega 8 GPU ပါ၀င္တဲ့ ဗားရွင္းသစ္ကုိ ေၾကညာလာပါတယ္။ Huawei MateBook D သစ္ကုိ သတၱဳကုိယ္ထည္ႏွင့္ တည္ေဆာက္ထားၿပီး ေထာင့္မ်ားကို ေကြးထားပါတယ္။ မ်က္ႏွာျပင္ 14 လက္မရွိၿပီး Full HD 1920 x 1080 ႐ုပ္ထြက္ႏွင့္ ေထာက္ပံ့ထားပါတယ္။ RAM 8GB ႏွင့္ 256GB SSD Storage ပါ၀င္ပါတယ္။ အားသြင္းဖို႔အတြက္ USB Type C သံုးထားၿပီး ေကာင္းမြန္တဲ့အသံကို ခံစားႏုိင္ဖို႔ Dolby Quad စပီကာမ်ားကုိ ကြဲျပားတဲ့ေနရာမ်ားမွာ ထည့္သြင္းထားပါတယ္။ လက္ေတာ့ပ္အေလးခ်ိန္က 1.45 ကီလိုခန္႔ရွိၿပီး 15.8 မီလီမီတာ ထူပါတယ္။ ဘက္ထရီ 57.4Wh ပါ၀င္တာေၾကာင့္ တစ္ႀကိမ္အားအျပည့္သြင္းထားရင္ 12 နာရီခန္႔ သံုးႏုိင္ပါမယ္။ ယခုႏွစ္အေစာပုိင္းတုန္းက ေၾကညာခဲ့တဲ့ Huawei MateBook D 2018  ပထမမ်ဳိးဆက္ဗားရွင္းကုိ i5 Processor သံုးထားၿပီး 256GB ဗားရွင္းႏွင့္ 128GB + 1TB HDD ဗားရွင္းဆိုၿပီး ခြဲထားပါေသးတယ္။ အျမင့္ဆံုးဗားရွင္းက Inel Core i7 ႏွင့္ ပါ၀ါေထာက္ပံ့ထားကာ RAM 8GB ပါ၀င္ၿပီး 128GB + 1TB HDD Storage ပါ၀င္ပါတယ္။

Best Gaming Laptop: MSI GF63

MSI GF63

MSI အေနနဲ႔ တန္ဘိုးသက္သာတဲ့ gaming laptop ျဖစ္တဲ့ MSI GF63 ကိုမိတ္ဆက္လုိက္ပါတယ္။  $999 နဲ႔ျဖစ္ၿပီး အျခားတန္ဖိုးနည္း ဂိမ္းမင္းလက္ေတာ့ေတြရဲ႕ ေစ်းကြက္ကို ယွဥ္ၿပိဳင္ေတာ့မွာ ျဖစ္ပါတယ္။ သူ႕မွာ  8th Gen Intel Core i7 ပရိုဆက္ဆာနဲ႔အတူ ဂရပ္ဖစ္ပိုင္းအတြက္  Nvidia GeForce GTX 1050 GPU ကိုေထာက္ပံ့ေပးထားပါတယ္။ လုံးဝပါးလႊာတဲ့ ဒီဇုိင္းျဖစ္ၿပီး 0.89 လက္မသာရွိမွာ ျဖစ္ပါတယ္။ အလူမီနီယမ္ကိုယ္ထည္နဲ႔ ျဖစ္ၿပီး SteelSeries ကီးဘုတ္တပ္ဆင္ ေပးထားပါတယ္။ Nahimic’s audio software ကိုလည္း ထည့္သြင္းေပးထားပါတယ္။ လက္ကိုင္ခလုတ္ေလးေတြကုိ ၾကည့္ရတာ အသုံးျပဳဖုိ႔အေတာ္ေလး အဆင္ေျပ ေစပါလိမ့္မယ္။ အေလးခ်ိန္  3.9 ေပါင္ရွိၿပီး 15-inch လက္မ Display နဲ႔ျဖစ္ပါတယ္။ 1920 x 1080 panel မွာရွင္းလင္းျပတ္သားတဲ့ ရုပ္ထြက္ကိုခံစားေစရမွာပါ။ ေဘးေဘာင္ေလးေတြကလည္း 0.19 လက္မထိက်ဥ္ေျမာင္းပါတယ္။ ဘက္ထရီသက္တမ္းကေတာ့ ၇နာရီထိ ၾကာရွည္ခံမွာျဖစ္ၿပီး  8GB RAM နဲ႔အတူ  256GB SSD တပ္ဆင္ေပးထားပါတယ္။

Best Innovation: Asus Project Precog

Asus Project Precog

Asus အေနနဲ႔ Dual-Screen တပ္ဆင္ထားၿပီး A.I ထည့္သြင္းေပးထားတဲ့ Project Precog ကိုပါအျခား လက္ေတာ့ေတြနဲ႔အတူ ပြဲထုတ္ျပသခဲ့ပါတယ္။ Dual-screen နဲ႔လက္ေတာ့ေတြ ေစ်းကြက္ထဲမွာ ထြက္လာတာ ေကာင္းမြန္ေပမယ့္ သုံးစြဲသူေတြဘက္ကေရာ ႀကိဳက္ႏွစ္သက္ႏုိင္ပါ့မလားဆိုတာ စဥ္းစားစရာပါ။ Project Precog ဟာ အေစာပိုင္းကထြက္ထားတဲ့ Lenovo ရဲဲ႕ ThinkPad W701ds ၊ Acer Iconia 6120 နဲ႔ကြဲျပားပါလိမ့္မယ္။ prototype အဆင့္မွာသာရွိေသးၿပီး ထြက္လာဖို႔ အခ်ိန္ကေတာ့ ၾကာအုံးမွာပါ။

Best Value: Gigabyte Sabre 15/17

Gigabyte Sabre 15/17

Gigabyte ရဲ႕လက္ေတာ့အသစ္ေတြကေတာ့ ေစ်းႏႈန္းႀကီးျမင့္ၿပီး ေဒၚလာ1000ေက်ာ္ အထက္မွာရွိေနပါတယ္။ ကုမၸဏီအေနနဲ႔ Sabre 15 နဲ႔ Sabre 17 တို႕ကိုမိတ္ဆက္လိုက္ၿပီးေစ်းႏႈန္းကေတာ့ 1,299 ေဒၚလာကေန စတင္ေရာင္းခ်မွာ ျဖစ္ပါတယ္။ ဒီဇိုင္းဟာ Gaming လက္ေတာ့ပုံစံနဲ႔ျဖစ္ၿပီး ကီးဘုတ္ရဲ႕ ကီးေလးေတြဟာ ကိုင္တြယ္ရအဆင္ေျပေစတဲ့ 2 မီလီမီတာေလာက္ရွိပါတယ္။ 8th-Gen Intel Core i7-8750H  ပရိုဆက္ဆာမွာ 32GB RAM နဲ႔ျဖစ္ၿပီး၊ 4GB VRAM နဲ႔ Nvidia GeForce GTX 1050 GPUs ေထာက္ပံ့ေပးထားပါတယ္။ အခ်က္အလက္သုိေလွာင္မႈအတြက္ကေတာ့ dual storage စနစ္နဲ႔ျဖစ္ၿပီး 3TB PCIe SSDs တပ္ဆင္ေပးထားပါတယ္။ HTC Vive, Vive Pro နဲ႔ Oculus Rift တို႔လို႔  VR headset ေတြနဲ႔ ခ်ိတ္ဆက္ႏုိင္ဖုိ႔အတြက္ mini DisplayPort ပါဝင္ပါတယ္။

Unicode

ထိုင်ဝမ်မှာ ကျင်းပခဲ့တဲ့ အီလက်ထရောနစ်နည်းပညာ ထုတ်ကုန်ပြပွဲကြီး Computex 2018 မှာနည်းပညာ ထုတ်လုပ်သူတွေဟာ သူတို့ရဲ့နောက်ဆုံးပေါ်နည်းပညာနဲ့ လက်တော့တွေကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အားလုံးထဲမှာတော့ ထိုင်ဝမ်အခြေစိုက် အီလက်ထရောနစ် ထုတ်လုပ်သူ ASUS ဟာနည်းပညာမြင့် လက်တော့အများဆုံးကို မိတ်ဆက်ပြသခဲ့ပါတယ်။ ဒါကြောင့်  Computex 2018 ထုတ်ဖော်ပြသခဲ့တဲ့ ထုတ်ကုန်တွေထဲက ထိပ်တန်းလက်တော့ ၅မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

Asus ZenBook Pro

Asus အနေနဲ့ ZenBook သစ်နှစ်မျိုးကို ကြေညာလာပါတယ်။ ZenBook သစ်နှစ်မျိုးလုံးက ဒီဇိုင်းပိုင်း၊ ပါဝင်တဲ့စနစ်ပိုင်းတွေမှာ အတော်လေးကောင်းမွန်တာကို တွေ့ရပါတယ်။ ZenBook Pro 15 UX580 က မျက်နှာပြင် 15.6 လက်မဖြစ်ပြီး 4K ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ Screen Pad ကို Touch Pad နေရာမှာ အစားထိုး ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Screen Pad ရဲ့ မျက်နှာပြင်ဟာ ၅.၅ လက်မ ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးရဲ့ မျက်နှာပြင်အရွယ်အစားလောက် ဖြစ်ပါတယ်။ ZenBook Pro 15 UX580 ကို Intel Core i9 Processor နှင့် ပါဝါထောက်ပံ့ထားပြီး GTX Ti GPU ကတ် သုံးထားပါတယ်။ RAM 16GB နှင့် 1TB SSD အထိ ရွေးချယ်နိုင်ပါမယ်။ ဒုတိယမျက်နှာပြင်ကို မျက်နှာပြင်အကြီးမှ ထောက်ထားတဲ့အရာရဲ့ အသေးစိတ်အချက်များကို ပြသတဲ့စနစ်အဖြစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Huawei MateBook D 14

Huawei ဟာ MateBook D ကိုလည်း မျက်နှာပြင် 14 လက်မ၊ AMD Ryzen 5 2500 Pro ပရိုဆက်ဆာနဲ့အတူ Radeon Vega 8 GPU ပါဝင်တဲ့ ဗားရှင်းသစ်ကို ကြေညာလာပါတယ်။ Huawei MateBook D သစ်ကို သတ္တုကိုယ်ထည်နှင့် တည်ဆောက်ထားပြီး ထောင့်များကို ကွေးထားပါတယ်။ မျက်နှာပြင် 14 လက်မရှိပြီး Full HD 1920 x 1080 ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ RAM 8GB နှင့် 256GB SSD Storage ပါဝင်ပါတယ်။ အားသွင်းဖို့အတွက် USB Type C သုံးထားပြီး ကောင်းမွန်တဲ့အသံကို ခံစားနိုင်ဖို့ Dolby Quad စပီကာများကို ကွဲပြားတဲ့နေရာများမှာ ထည့်သွင်းထားပါတယ်။ လက်တော့ပ်အလေးချိန်က 1.45 ကီလိုခန့်ရှိပြီး 15.8 မီလီမီတာ ထူပါတယ်။ ဘက်ထရီ 57.4Wh ပါဝင်တာကြောင့် တစ်ကြိမ်အားအပြည့်သွင်းထားရင် 12 နာရီခန့် သုံးနိုင်ပါမယ်။ ယခုနှစ်အစောပိုင်းတုန်းက ကြေညာခဲ့တဲ့ Huawei MateBook D 2018  ပထမမျိုးဆက်ဗားရှင်းကို i5 Processor သုံးထားပြီး 256GB ဗားရှင်းနှင့် 128GB + 1TB HDD ဗားရှင်းဆိုပြီး ခွဲထားပါသေးတယ်။ အမြင့်ဆုံးဗားရှင်းက Inel Core i7 နှင့် ပါဝါထောက်ပံ့ထားကာ RAM 8GB ပါဝင်ပြီး 128GB + 1TB HDD Storage ပါဝင်ပါတယ်။

MSI GF63

MSI အနေနဲ့ တန်ဘိုးသက်သာတဲ့ gaming laptop ဖြစ်တဲ့ MSI GF63 ကိုမိတ်ဆက်လိုက်ပါတယ်။  $999 နဲ့ဖြစ်ပြီး အခြားတန်ဖိုးနည်း ဂိမ်းမင်းလက်တော့တွေရဲ့ ဈေးကွက်ကို ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ သူ့မှာ  8th Gen Intel Core i7 ပရိုဆက်ဆာနဲ့အတူ ဂရပ်ဖစ်ပိုင်းအတွက်  Nvidia GeForce GTX 1050 GPU ကိုထောက်ပံ့ပေးထားပါတယ်။ လုံးဝပါးလွှာတဲ့ ဒီဇိုင်းဖြစ်ပြီး 0.89 လက်မသာရှိမှာ ဖြစ်ပါတယ်။ အလူမီနီယမ်ကိုယ်ထည်နဲ့ ဖြစ်ပြီး SteelSeries ကီးဘုတ်တပ်ဆင် ပေးထားပါတယ်။ Nahimic’s audio software ကိုလည်း ထည့်သွင်းပေးထားပါတယ်။ လက်ကိုင်ခလုတ်လေးတွေကို ကြည့်ရတာ အသုံးပြုဖို့အတော်လေး အဆင်ပြေ စေပါလိမ့်မယ်။ အလေးချိန်  3.9 ပေါင်ရှိပြီး 15-inch လက်မ Display နဲ့ဖြစ်ပါတယ်။ 1920 x 1080 panel မှာရှင်းလင်းပြတ်သားတဲ့ ရုပ်ထွက်ကိုခံစားစေရမှာပါ။ ဘေးဘောင်လေးတွေကလည်း 0.19 လက်မထိကျဉ်မြောင်းပါတယ်။ ဘက်ထရီသက်တမ်းကတော့ ၇နာရီထိ ကြာရှည်ခံမှာဖြစ်ပြီး  8GB RAM နဲ့အတူ  256GB SSD တပ်ဆင်ပေးထားပါတယ်။

Asus Project Precog

Asus အနေနဲ့ Dual-Screen တပ်ဆင်ထားပြီး A.I ထည့်သွင်းပေးထားတဲ့ Project Precog ကိုပါအခြား လက်တော့တွေနဲ့အတူ ပွဲထုတ်ပြသခဲ့ပါတယ်။ Dual-screen နဲ့လက်တော့တွေ ဈေးကွက်ထဲမှာ ထွက်လာတာ ကောင်းမွန်ပေမယ့် သုံးစွဲသူတွေဘက်ကရော ကြိုက်နှစ်သက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ Project Precog ဟာ အစောပိုင်းကထွက်ထားတဲ့ Lenovo ရဲ့ ThinkPad W701ds ၊ Acer Iconia 6120 နဲ့ကွဲပြားပါလိမ့်မယ်။ prototype အဆင့်မှာသာရှိသေးပြီး ထွက်လာဖို့ အချိန်ကတော့ ကြာအုံးမှာပါ။

Gigabyte Sabre 15/17

Gigabyte ရဲ့လက်တော့အသစ်တွေကတော့ ဈေးနှုန်းကြီးမြင့်ပြီး ဒေါ်လာ1000ကျော် အထက်မှာရှိနေပါတယ်။ ကုမ္ပဏီအနေနဲ့ Sabre 15 နဲ့ Sabre 17 တို့ကိုမိတ်ဆက်လိုက်ပြီးဈေးနှုန်းကတော့ 1,299 ဒေါ်လာကနေ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ ဒီဇိုင်းဟာ Gaming လက်တော့ပုံစံနဲ့ဖြစ်ပြီး ကီးဘုတ်ရဲ့ ကီးလေးတွေဟာ ကိုင်တွယ်ရအဆင်ပြေစေတဲ့ 2 မီလီမီတာလောက်ရှိပါတယ်။ 8th-Gen Intel Core i7-8750H  ပရိုဆက်ဆာမှာ 32GB RAM နဲ့ဖြစ်ပြီး၊ 4GB VRAM နဲ့ Nvidia GeForce GTX 1050 GPUs ထောက်ပံ့ပေးထားပါတယ်။ အချက်အလက်သိုလှောင်မှုအတွက်ကတော့ dual storage စနစ်နဲ့ဖြစ်ပြီး 3TB PCIe SSDs တပ်ဆင်ပေးထားပါတယ်။ HTC Vive, Vive Pro နဲ့ Oculus Rift တို့လို့  VR headset တွေနဲ့ ချိတ်ဆက်နိုင်ဖို့အတွက် mini DisplayPort ပါဝင်ပါတယ်။

Leave a Reply