19MP RGB ဆင္ဆာတပ္ဆင္ထားမယ့္ XPERIA XZ3 ရဲ႕အခ်က္အလက္မ်ား ေပါက္ၾကား

0
1616

Sony အေနနဲ႔ကုမၸဏီရဲ႕ စမတ္ဖုန္းလိုင္းထုတ္ေဖာ္မိတ္ဆက္မႈကို ၆လတစ္ႀကိမ္ေလာက္ ျပဳလုပ္ေလ့ရွိပါတယ္။ ကုမၸဏီရဲ႕အသစ္မိတ္ဆက္လာႏိုင္တဲ့ စမတ္ဖုန္းဟာ Xperia XZ3 လို႔သိရၿပီးဒီေန႔မွာေတာ့ စမတ္ဖုန္းသစ္နဲ႔ ပတ္သတ္တဲ့ အခ်က္အလက္ေတြ ထြက္ေပၚလာခဲ့ပါတယ္။ အခုဆိုရင္ သူတို႔ဆီက ထုတ္ထားတဲ့ဖုန္းျဖစ္တဲ့ Xperia XZ2 ထြက္ရွိထားတာလည္း ၃လေက်ာ္၄လနီးပါးရွိေနပါၿပီ။

xperia xz3

Xperia XZ3 နဲ႔ပတ္သတ္တဲ့ အခ်က္အလက္ေတြဟာ အကုန္နီးပါးေလာက္ထြက္လာၿပီး သူ႕မွာ Dual ကင္မရာနဲ႔အတူ Full-View ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ယခင္မ်ိဳးဆက္ Xperia XZ2 ထက္ အခ်က္အလက္အနည္းငယ္ေျပာင္းလဲသြားၿပီး သူ႕ရဲ႕ေနာက္ေက်ာဘက္မွာ dual camera တပ္ဆင္ေပးထားမွာျဖစ္ၿပီး 19MP RGB sensor မွာ f/1.8 အလင္းဝင္ေပါက္နဲ႔ျဖစ္ၿပီး၊ ေနာက္ထပ္ကင္မရာမွာေတာ့ 13MP monochrome နဲ႔ျဖစ္ပါတယ္။ RAM ပိုင္းမွာေတာ့ 4GB ကေန 6GB ကိုအဆင့္တိုးျမင့္လာမွာ ျဖစ္ၿပီးပရိုဆက္ဆာမွာေတာ ့ယခင္မ်ိဳးဆက္ Xperia XZ2 နဲ႔တူညီတဲ့ Snapdragon 845 ကိုပဲ ျပန္သုံးလာႏုိင္ပါတယ္။

ဘက္ထရီစြမ္းအားပိုင္းမွာေတာ့ XZ2 ရဲ႕ 3,180mAh ထက္ပိုႀကီးတဲ့ 3,240mAh ကိုထည့္သြင္းလာမွာျဖစ္ၿပီး Quick Charge 3.0 ကိုေထာက္ပ့ံလာႏုိင္ေျခရွိပါတယ္။ display ကိုေတာ့ 5.7 လက္မသုံးလာမွာျဖစ္ၿပီး 1080 x 2160 Full HD+ resolution နဲ႔အတူ 18:9 aspect ratio နဲ႔လာမွာပါ။ ဖုန္းတြင္းသုိေလွာင္ႏိုင္မႈကိုေတာ့ အမ်ိဳးအစား၂ခုနဲ႔ထြက္လာႏုိင္ၿပီး 64GB နဲ႔ 128GB ျဖစ္ပါလိမ့္မယ္။dual SIM သုံးႏုိင္မွာျဖစ္ၿပီး 4G VoLTE ေထာက္ပံ့မႈ ပါဝင္လာမွာပါ။ အရြယ္အစားကေတာ့ 153 x 72 x 10.1mm နဲ႔အတူ အေလးခ်ိန္183 ဂရမ္ရွိမွာ ျဖစ္ၿပီး Sony ရဲ႕ဖုန္းေတြရဲ႕အတိုင္း ေရစိုဒဏ္ခံႏုိင္စြမ္း ထည့္သြင္းလာပါလိမ့္မယ္။

Unicode

Sony အနေနဲ့ကုမ္ပဏီရဲ့ စမတ်ဖုန်းလိုင်းထုတ်ဖော်မိတ်ဆက်မှုကို ၆လတစ်ကြိမ်လောက် ပြုလုပ်လေ့ရှိပါတယ်။ ကုမ္ပဏီရဲ့အသစ်မိတ်ဆက်လာနိုင်တဲ့ စမတ်ဖုန်းဟာ Xperia XZ3 လို့သိရပြီးဒီနေ့မှာတော့ စမတ်ဖုန်းသစ်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုဆိုရင် သူတို့ဆီက ထုတ်ထားတဲ့ဖုန်းဖြစ်တဲ့ Xperia XZ2 ထွက်ရှိထားတာလည်း ၃လကျော်၄လနီးပါးရှိနေပါပြီ။

Xperia XZ3 နဲ့ပတ်သတ်တဲ့ အချက်အလက်တွေဟာ အကုန်နီးပါးလောက်ထွက်လာပြီး သူ့မှာ Dual ကင်မရာနဲ့အတူ Full-View မြင်တွေ့ရမှာ ဖြစ်ပါတယ်။ယခင်မျိုးဆက် Xperia XZ2 ထက် အချက်အလက်အနည်းငယ်ပြောင်းလဲသွားပြီး သူ့ရဲ့နောက်ကျောဘက်မှာ dual camera တပ်ဆင်ပေးထားမှာဖြစ်ပြီး 19MP RGB sensor မှာ f/1.8 အလင်းဝင်ပေါက်နဲ့ဖြစ်ပြီး၊ နောက်ထပ်ကင်မရာမှာတော့ 13MP monochrome နဲ့ဖြစ်ပါတယ်။ RAM ပိုင်းမှာတော့ 4GB ကနေ 6GB ကိုအဆင့်တိုးမြင့်လာမှာ ဖြစ်ပြီးပရိုဆက်ဆာမှာတော့ယခင်မျိုးဆက် Xperia XZ2 နဲ့တူညီတဲ့ Snapdragon 845 ကိုပဲ ပြန်သုံးလာနိုင်ပါတယ်။

ဘက်ထရီစွမ်းအားပိုင်းမှာတော့ XZ2 ရဲ့ 3,180mAh ထက်ပိုကြီးတဲ့ 3,240mAh ကိုထည့်သွင်းလာမှာဖြစ်ပြီး Quick Charge 3.0 ကိုထောက်ပံ့လာနိုင်ခြေရှိပါတယ်။ display ကိုတော့ 5.7 လက်မသုံးလာမှာဖြစ်ပြီး 1080 x 2160 Full HD+ resolution နဲ့အတူ 18:9 aspect ratio နဲ့လာမှာပါ။ ဖုန်းတွင်းသိုလှောင်နိုင်မှုကိုတော့ အမျိုးအစား၂ခုနဲ့ထွက်လာနိုင်ပြီး 64GB နဲ့ 128GB ဖြစ်ပါလိမ့်မယ်။dual SIM သုံးနိုင်မှာဖြစ်ပြီး 4G VoLTE ထောက်ပံ့မှု ပါဝင်လာမှာပါ။ အရွယ်အစားကတော့ 153 x 72 x 10.1mm နဲ့အတူ အလေးချိန်183 ဂရမ်ရှိမှာ ဖြစ်ပြီး Sony ရဲ့ဖုန်းတွေရဲ့အတိုင်း ရေစိုဒဏ်ခံနိုင်စွမ်း ထည့်သွင်းလာပါလိမ့်မယ်။

Leave a Reply