Full Screen Phone အသစ္ကို မိတ္ဆက္လိုက္တဲ့ Sharp

0
1679

လြန္ခဲ့တဲ့ နွစ္အနည္းငယ္က မိတ္ဆက္ခဲ့တဲ့ Sharp ရဲ႕ Aquos S2 ဟာ ပထမဆံုး Full Screen Smartphone လို႔ ေျပာရမွာပါ။ အခုက်မွသာ အျခား ဖုန္းကုမၸဏီမ်ားက Full Screen Smartphone မ်ားကို အၿပိဳင္အဆုိင္ ထုတ္လုပ္ေနၾကတာ ျဖစ္ပါတယ္။ အခုေတာ့ Sharp က ေဘာင္ေပ်ာက္ စမတ္ဖုန္း အသစ္တစ္လံုးကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Aquos S3 High Edition ျဖစ္ပါတယ္။

Sharp Aquos S3 High Edition ဟာ စြမ္းေဆာင္ရည္သင့္ စမတ္ဖုန္းမ်ားထက္ ပိုမို ေကာင္းမြန္တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။ ဒီေန႔ေခတ္ Trend အတိုင္းပဲ အေရွ႕နဲ႔ အေနာက္ကင္မရာမ်ား အားလံုးမွာ မ်က္ႏွာကို ခြဲျခမ္းစိတ္ျဖာႏုိင္တဲ့ ဥာဏ္ရည္တု နည္းပညာ ထည့္သြင္းထားပါတယ္။ အေနာက္ ကင္မရာ ႏွစ္လံုးကေတာ့ 12MP+13MP မ်ား ျဖစ္ပါတယ္။ Selfie Camera ကေတာ့ 16MP ျဖစ္ၿပီး Face Unlock ပါပါတယ္။

သူ႔မွာ ၆ လက္မ IPS LCD Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အရည္အေသြးမွာ FullHD+ ျဖစ္ပါတယ္။ Scren to Body Ratio ဟာ ၉၁ ရာခိုင္ႏႈန္းေတာင္ ရွိပါတယ္။ စြမ္းေဆာင္ရည္သင့္ Snapdragon 660 Chipset ေမာင္းႏွင္တာ ျဖစ္ပါတယ္။ 8GB RAM , 3200mAh Battery ထည့္သြင္းထားပါတယ္။ Qi စံႏႈန္း ႀကိဳးမဲ့အားသြင္း စနစ္ ထည့္သြင္းထားပါတယ္။ ႀကိဳးမဲ့အားသြင္းစနစ္ဟာ အနည္းငယ္ေႏွးေကြးပါတယ္။ အဲဒီအတြက္ လွ်င္ျမန္စြာ ႀကိဳးျဖင့္ အားသြင္းႏုိင္တဲ့ Qualcomm ရဲ႕ Quick Charge 3.0 ထည့္သြင္းေပးထားပါတယ္။ USB-C Port လည္း ပါပါတယ္။

အေနာက္ဘက္မွာ လက္ေဗြရာ ကိရိယာ တပ္ဆင္ထားပါတယ္။ 128GB Storage ပါၿပီး 128GB microSD Card စိုက္နိုင္ပါတယ္။ အေရာင္မ်ား အေနနဲ႔ ေရႊနဲ႔ အနက္ေရာင္မ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။ ေစ်းႏႈန္းကတာ့ ၄၇၀ ေဒၚလာ ျဖစ္ပါတယ္။

unicode

Full Screen Phone အသစ်ကို မိတ်ဆက်လိုက်တဲ့ Sharp

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မိတ်ဆက်ခဲ့တဲ့ Sharp ရဲ့ Aquos S2 ဟာ ပထမဆုံး Full Screen Smartphone လို့ ပြောရမှာပါ။ အခုကျမှသာ အခြား ဖုန်းကုမ္ပဏီများက Full Screen Smartphone များကို အပြိုင်အဆိုင် ထုတ်လုပ်နေကြတာ ဖြစ်ပါတယ်။ အခုတော့ Sharp က ဘောင်ပျောက် စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Aquos S3 High Edition ဖြစ်ပါတယ်။

Sharp Aquos S3 High Edition ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများထက် ပိုမို ကောင်းမွန်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဒီနေ့ခေတ် Trend အတိုင်းပဲ အရှေ့နဲ့ အနောက်ကင်မရာများ အားလုံးမှာ မျက်နှာကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပါတယ်။ အနောက် ကင်မရာ နှစ်လုံးကတော့ 12MP+13MP များ ဖြစ်ပါတယ်။ Selfie Camera ကတော့ 16MP ဖြစ်ပြီး Face Unlock ပါပါတယ်။

သူ့မှာ ၆ လက်မ IPS LCD Display တပ်ဆင်ထားပြီး မျက်နှာပြင် အရည်အသွေးမှာ FullHD+ ဖြစ်ပါတယ်။ Scren to Body Ratio ဟာ ၉၁ ရာခိုင်နှုန်းတောင် ရှိပါတယ်။ စွမ်းဆောင်ရည်သင့် Snapdragon 660 Chipset မောင်းနှင်တာ ဖြစ်ပါတယ်။ 8GB RAM , 3200mAh Battery ထည့်သွင်းထားပါတယ်။ Qi စံနှုန်း ကြိုးမဲ့အားသွင်း စနစ် ထည့်သွင်းထားပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ဟာ အနည်းငယ်နှေးကွေးပါတယ်။ အဲဒီအတွက် လျှင်မြန်စွာ ကြိုးဖြင့် အားသွင်းနိုင်တဲ့ Qualcomm ရဲ့ Quick Charge 3.0 ထည့်သွင်းပေးထားပါတယ်။ USB-C Port လည်း ပါပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ 128GB Storage ပါပြီး 128GB microSD Card စိုက်နိုင်ပါတယ်။ အရောင်များ အနေနဲ့ ရွှေနဲ့ အနက်ရောင်များကို ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကတာ့ ၄၇၀ ဒေါ်လာ ဖြစ်ပါတယ်။

Leave a Reply