5G စြမ္းေဆာင္ခ်က္နဲ႔ Helio M70 Modem ရဲ႕အခ်က္အလက္မ်ားထြက္ရွိလာ

0
1578

စမတ္ဖုန္းေတြအတြက္ Qualcomm, Intel, Huawei နဲ႔ Samsung  တို႔လိုပရိုဆက္ဆာထုတ္လုပ္သူ အမ်ားစုရွိေနၿပီး ၎ကုမၸဏီေတြဟာ အျခားသူတစ္ဦးနဲ႔ျဖစ္ေစ သူတို႔ကိုယ္တိုင္ထုတ္တဲ့ ထုတ္ေတြမွာျဖစ္ေစပရိုဆက္ဆာေတြကို တပ္ဆင္ေပးလာၾကပါတယ္။ ဒီလိုပရိုဆက္ဆာ ထုတ္လုပ္သူေတြထဲမွာ ေစ်းသက္တဲ့ဖုန္းေတြနဲ႔ အလယ္အလတ္ဆင့္ စမတ္ဖုန္းေတြအတြက္ ရည္ရြယ္ၿပီး chipset ထုတ္လုပ္သူတစ္ဦး ရွိပါတယ္။

သူကေတာ့ Mediatek ျဖစ္ၿပီး၊ သူ႕ဆီကထုတ္တဲ့ chipset ေတြဟာေစ်းသက္သာၿပီး စြမ္းေဆာင္ရည္ပိုင္းမွာလည္း စိတ္ခ်ရပါတယ္။ ဒီေန႔မွာေတာ့ Mediatek ရဲ႕ 5G chipset လို႔ဆိုႏုိင္မယ့္ MTK Helio M70 ရဲ႕အခ်က္အလက္အခ်ိဳ႕ ေပါက္ၾကားထြက္ရွိလာပါတယ္။ Mediatek ရဲ႕ Helio M70 ရဲ႕စြမ္းေဆာင္ခ်က္ေတြအေနနဲ႔ 5G NR ေထာက္ပံ့မႈ၊ downloading speed ကလည္း 5Gbps အထိရရွိုႏိုင္မွာ ျဖစ္ပါတယ္။ အျခာစမ္းသပ္ေနတဲ့ကုမၸဏီေတြကေတာ့ Qualcomm Snadragon X50, Huawei Balong 5G01, NXP QorIQ LA1575, MIPS I7200 Ericsson ရဲ႕ 5G indoor small cells တို႔ျဖစ္ပါတယ္။

Mediatek ရဲ႕ Helio M70 ကို2019 ခုႏွစ္မွသာ ရရွိႏုိင္မွာျဖစ္ၿပီး အခုကေတာ့ စမ္းသပ္ေနတုံးပဲ ရွိပါေသးတယ္။ ထြက္ရွိလာခ်ိန္မွာေတာ့ Nokia, NTT Docomo, China Mobile, Huawei တို႔အျပင္ အျခားထုတ္လုပ္သူ အမ်ားစုနဲ႔ ပူးေပါင္းပါလိမ့္မယ္ ။  ပထမဆုံး 5G chipset ကိုျပသခဲ့တာကေတာ့ Qualcomm ျဖစ္ပါတယ္။ MWC 2018 မွာျပသခဲ့တဲ့ Snapdragon X50 ဟာ downloading speed rate  ကို5Gbps အထက္မွာ ရွိပါတယ္။ ဒါေၾကာင့္သိပ္မၾကာခင္မွာ ေစ်းသက္သာတဲ့ 5G စမတ္ဖုန္းေတြကိုင္ေဆာင္ရႏိုင္ေျခရွိပါတယ္။ ဘာေၾကာင့္လဲဆိုရင္ Mediatek အေနနဲ႔ ေစ်းသက္သာၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့mid-range  ဖုန္းေတြရႏိုင္ဖို႔အတြက္ကို chips ေတြကိုဦးစားေပးထုတ္လုပ္လာ လို႔ပါ။

Unicode

5G စွမ်းဆောင်ချက်နဲ့ Helio M70 Modem ရဲ့အချက်အလက်များထွက်ရှိလာ
—————-
စမတ်ဖုန်းတွေအတွက် Qualcomm, Intel, Huawei နဲ့ Samsung  တို့လိုပရိုဆက်ဆာထုတ်လုပ်သူ အများစုရှိနေပြီး ၎င်းကုမ္ပဏီတွေဟာ အခြားသူတစ်ဦးနဲ့ဖြစ်စေ သူတို့ကိုယ်တိုင်ထုတ်တဲ့ ထုတ်တွေမှာဖြစ်စေပရိုဆက်ဆာတွေကို တပ်ဆင်ပေးလာကြပါတယ်။ ဒီလိုပရိုဆက်ဆာ ထုတ်လုပ်သူတွေထဲမှာ ဈေးသက်တဲ့ဖုန်းတွေနဲ့ အလယ်အလတ်ဆင့် စမတ်ဖုန်းတွေအတွက် ရည်ရွယ်ပြီး chipset ထုတ်လုပ်သူတစ်ဦး ရှိပါတယ်။
သူကတော့ Mediatek ဖြစ်ပြီး၊ သူ့ဆီကထုတ်တဲ့ chipset တွေဟာဈေးသက်သာပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း စိတ်ချရပါတယ်။ ဒီနေ့မှာတော့ Mediatek ရဲ့ 5G chipset လို့ဆိုနိုင်မယ့် MTK Helio M70 ရဲ့အချက်အလက်အချို့ ပေါက်ကြားထွက်ရှိလာပါတယ်။ Mediatek ရဲ့ Helio M70 ရဲ့စွမ်းဆောင်ချက်တွေအနေနဲ့ 5G NR ထောက်ပံ့မှု၊ downloading speed ကလည်း 5Gbps အထိရရှိုနိုင်မှာ ဖြစ်ပါတယ်။ အခြာစမ်းသပ်နေတဲ့ကုမ္ပဏီတွေကတော့ Qualcomm Snadragon X50, Huawei Balong 5G01, NXP QorIQ LA1575, MIPS I7200 Ericsson ရဲ့ 5G indoor small cells တို့ဖြစ်ပါတယ်။

Mediatek ရဲ့ Helio M70 ကို2019 ခုနှစ်မှသာ ရရှိနိုင်မှာဖြစ်ပြီး အခုကတော့ စမ်းသပ်နေတုံးပဲ ရှိပါသေးတယ်။ ထွက်ရှိလာချိန်မှာတော့ Nokia, NTT Docomo, China Mobile, Huawei တို့အပြင် အခြားထုတ်လုပ်သူ အများစုနဲ့ ပူးပေါင်းပါလိမ့်မယ် ။  ပထမဆုံး 5G chipset ကိုပြသခဲ့တာကတော့ Qualcomm ဖြစ်ပါတယ်။ MWC 2018 မှာပြသခဲ့တဲ့ Snapdragon X50 ဟာ downloading speed rate  ကို5Gbps အထက်မှာ ရှိပါတယ်။ ဒါကြောင့်သိပ်မကြာခင်မှာ ဈေးသက်သာတဲ့ 5G စမတ်ဖုန်းတွေကိုင်ဆောင်ရနိုင်ခြေရှိပါတယ်။ ဘာကြောင့်လဲဆိုရင် Mediatek အနေနဲ့ ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းတဲ့mid-range  ဖုန်းတွေရနိုင်ဖို့အတွက်ကို chips တွေကိုဦးစားပေးထုတ်လုပ်လာ လို့ပါ။

Leave a Reply