ေက်ာဘက္ကင္မရာတစ္လံုး နဲ႔ RAM 4GB သုံးလာမယ့္ Google Pixel 3 XL ပုံရိပ္မ်ားေပါက္ၾကား

0
1522

Google အေနနဲ႔ မၾကာခင္လပိုင္းအတြင္းမွာ တတိယမ်ိဳးဆက္ Pixel ဖုန္းမ်ားကို ထုတ္ေဖာ္ေၾကညာလာေတာ့မွာ ျဖစ္ပါတယ္။XDA forum ကေနၿပီးေတာ့  Google Pixel 3XL ရဲ႕ေရွ႕ေျပးပုံစံလို႔ သတ္မွတ္ႏုိင္တဲ့ ပုံရိပ္ေတြထြက္ရွိလာခဲ့ပါတယ္။ ထြက္ေပၚလာတဲ့ ဓာတ္ပုံေတြအရ Pixel 3 XL ရဲ႕ထိပ္ဘက္မွာ  notch နဲ႔ျဖစ္ၿပီး၊ ေနာက္ေက်ာဘက္မွာေတာ့ ယေန႔ေခတ္နာမည္ႀကီးေနတဲ့ ကင္မရာ၂လုံးအစားကင္မရာတစ္ခုသာတပ္ဆင္ထားတာကို ေတြ႕ရပါတယ္။ ေနာက္ေက်ာဘက္မွာ လက္ေဗြဖတ္စနစ္လည္း ထည့္သြင္းထားၿပီး  Google logo ကိုေတာ့ေဖ်ာက္ထားပါတယ္။ ဖုန္းရဲ႕  Fastboot Mode ကိုျမင္ေတြ႕ခဲ့ရၿပီး Google Pixel 3 ဟာ 4GB LPDDR4X RAM နဲ႔အတူ 128GB ROM အခ်က္အလက္သိုေလွာင္ႏိုင္စြမ္း ပါလာမယ့္ ဖုန္းျဖစ္ပါလိမ့္မယ္။

ေက်ာဘက္ႏွင့္ေဘာင္တို႔ကို အလူမီနီယံႏွင့္ တည္ေဆာက္ထားပါတယ္။ တစ္နည္းအားျဖင့္ ေျပာရမယ္ဆိုရင္ဒါဟာ ဖုန္းေတြရဲ႕ေရွ႕ေျပးပုံစံအဆင့္မွာသာ ရွိပါေသးတယ္။ ဒီပုံစံကို ေျပာင္းလဲသြားႏိုင္မလားဆိုတာေတာ့ မသိရေသးပါဘူး။ Google Pixel 3XL နဲ႔ပတ္သတ္ၿပီး ေပါက္ၾကားထားတဲ့ အခ်က္အလက္ေတြအရ သူ႕မွာ မ်က္ႏွာျပင္ 6.2 inch မွာထိပ္ဘက္ Notch တပ္ဆင္ထားမွာျဖစ္ၿပီး  Pixel 3 မွာေတာ့  5.3 inch နဲ႔ျဖစ္ၿပီး Notch မပါဝင္ဘူးလို႔ဆိုပါတယ္။ ဖုန္းေတြဟာ Full-view display ျဖစ္ပါတယ္။

OS ပိုင္းမွာေတာ့ Android P ကိုတစ္ပါတည္းပါဝင္လာဖို႔ ေသခ်ာလ်က္ရွိေနပါတယ္။ Google Pixel 3 နဲ႔  Pixel 3 XL ယခုႏွစ္ေအာက္တိုဘာလ ေလာက္မွာထုတ္ေဖာ္ မိတ္ဆက္ႏိုင္ပါတယ္။ Google အေနနဲ႔ mid-range အမ်ိဳးအစား Pixel စီးရီးစမတ္ဖုန္းကို ထုတ္ဖုိ႔ျပင္ဆင္လ်က္ရွိေနၿပီး အဲ့ဒီဖုန္းမွာ  Snapdragon 710 ပရိုဆက္ဆာကို အသုံးျပဳလာမယ္လို႔ သိရပါတယ္။

Unicode

Google အနေနဲ့ မကြာခင်လပိုင်းအတွင်းမှာ တတိယမျိုးဆက် Pixel ဖုန်းများကို ထုတ်ဖော်ကြေညာလာတော့မှာ ဖြစ်ပါတယ်။XDA forum ကနေပြီးတော့  Google Pixel 3XL ရဲ့ရှေ့ပြေးပုံစံလို့ သတ်မှတ်နိုင်တဲ့ ပုံရိပ်တွေထွက်ရှိလာခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Pixel 3 XL ရဲ့ထိပ်ဘက်မှာ  notch နဲ့ဖြစ်ပြီး၊ နောက်ကျောဘက်မှာတော့ ယနေ့ခေတ်နာမည်ကြီးနေတဲ့ ကင်မရာ၂လုံးအစားကင်မရာတစ်ခုသာတပ်ဆင်ထားတာကို တွေ့ရပါတယ်။ နောက်ကျောဘက်မှာ လက်ဗွေဖတ်စနစ်လည်း ထည့်သွင်းထားပြီး  Google logo ကိုတော့ဖျောက်ထားပါတယ်။ ဖုန်းရဲ့  Fastboot Mode ကိုမြင်တွေ့ခဲ့ရပြီး Google Pixel 3 ဟာ 4GB LPDDR4X RAM နဲ့အတူ 128GB ROM အချက်အလက်သိုလှောင်နိုင်စွမ်း ပါလာမယ့် ဖုန်းဖြစ်ပါလိမ့်မယ်။

ကျောဘက်နှင့်ဘောင်တို့ကို အလူမီနီယံနှင့် တည်ဆောက်ထားပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်ဒါဟာ ဖုန်းတွေရဲ့ရှေ့ပြေးပုံစံအဆင့်မှာသာ ရှိပါသေးတယ်။ ဒီပုံစံကို ပြောင်းလဲသွားနိုင်မလားဆိုတာတော့ မသိရသေးပါဘူး။ Google Pixel 3XL နဲ့ပတ်သတ်ပြီး ပေါက်ကြားထားတဲ့ အချက်အလက်တွေအရ သူ့မှာ မျက်နှာပြင် 6.2 inch မှာထိပ်ဘက် Notch တပ်ဆင်ထားမှာဖြစ်ပြီး  Pixel 3 မှာတော့  5.3 inch နဲ့ဖြစ်ပြီး Notch မပါဝင်ဘူးလို့ဆိုပါတယ်။ ဖုန်းတွေဟာ Full-view display ဖြစ်ပါတယ်။

OS ပိုင်းမှာတော့ Android P ကိုတစ်ပါတည်းပါဝင်လာဖို့ သေချာလျက်ရှိနေပါတယ်။ Google Pixel 3 နဲ့  Pixel 3 XL ယခုနှစ်အောက်တိုဘာလ လောက်မှာထုတ်ဖော် မိတ်ဆက်နိုင်ပါတယ်။ Google အနေနဲ့ mid-range အမျိုးအစား Pixel စီးရီးစမတ်ဖုန်းကို ထုတ်ဖို့ပြင်ဆင်လျက်ရှိနေပြီး အဲ့ဒီဖုန်းမှာ  Snapdragon 710 ပရိုဆက်ဆာကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Leave a Reply