Dual Camera, Physical Keyboard မ်ားပါတဲ့ BlackBerry Key2 ကို မိတ္ဆက္ၿပီ

0
1582

ကာလရွည္ၾကာ သတင္းထြက္ေနတဲ့ BlackBerry Key2 ကို ကုမၸဏီက ေၾကညာလိုက္ပါၿပီ။ သူ႕ရဲ႕ ေလးေထာင့္ က်တဲ့ ေထာင့္စြန္းမ်ားနဲ႔ Physical Keyboard ဒီဇိုင္းက ယခင္မ်ိဳးဆက္နဲ႔ တူညီပါတယ္။ သူ႔မွာ ၄.၅ လက္မ 1080x1620p IPS LCD Display တပ္ဆင္ထားပါတယ္။ မ်က္ႏွာျပင္မွာ 3:2 အခ်ိဳး ျဖစ္ပါတယ္။


BlackBerry က ပထမဆံုး အေနနဲ႔ အဲဒီ ဖုန္းမွာ အေနာက္ ကင္မရာ ႏွစ္လံုး ထည့္သြင္းေပးထားပါတယ္။ 12MP+12MP Camera မ်ား ျဖစ္ၿပီး Optical Zooming နဲ႔ Portrait Photos မ်ားကို ဖန္တီးေပးႏုိင္ပါတယ္။ Snapdragon 660 Chipset ေမာင္းႏွင္ထားပါတယ္။ RAM ကေတာ့ 6GB ပါ။ ေငြနဲ႔ အနက္ေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ အေနာက္ဘက္ကို Series 7 Aluminium ျဖင့္ ဖံုးအုပ္ထားၿပီး စိန္ပံုသ႑ာန္ အကြက္မ်ားကို အေနာက္ဘက္မွာ ေရးထြင္းထားပါတယ္။

ကီးဘုတ္အျမင့္ကေတာ့ ယခင္မ်ိဳးဆက္ထက္ ၂၀ ရာခုိင္ႏႈန္း ပိုမို ႀကီးမားလာတဲ့အတြက္ စာရိုက္ရာမွာ ပိုမို တိက်လာသလို ပိုမို သက္ေတာင့္ သက္သာ ရွိလာပါတယ္။ ထူးျခားတာက Speed Key အသစ္ပါလာၿပီး သူ႔ကို ႏွိပ္ရင္ သင္ႏွစ္သက္တဲ့ App ကို လွ်င္ျမန္စြာ ဖြင့္ႏုိင္ပါတယ္။ Space Key မွာ လက္ေဗြရာ ကိရိယာကို ျမွပ္ႏွံထားပါတယ္။

ေဆာ့ဖ္၀ဲ စြမ္းရည္အေနျဖင့္ သင္ စာေရးတဲ့ အမူအက်င့္မ်ားကို ေလ့လာမွတ္သားထားၿပီး ေနာက္ပိုင္္းမွာ သင္ အဆင္ေျပေစဖို႔အတြက္ စကားလံုးမ်ားကို အၾကံျပဳေပးႏုိင္ပါတယ္။ UI မွာ Scroll ျပဳလုပ္ဖို႔အတြက္ ကီးဘုတ္ကို Trackpad လို သံုးႏုိင္ပါတယ္။ Android P ကို အဆင့္ျမွင့္ႏိုင္မယ္လို႔ သိရပါတယ္။ ၆၄၉ ေဒၚလာျဖင့္ ဒီလထဲမွာ ေရာင္းေပးမွာပါ။

unicode

Dual Camera, Physical Keyboard များပါတဲ့ BlackBerry Key2 ကို မိတ်ဆက်ပြီ

ကာလရှည်ကြာ သတင်းထွက်နေတဲ့ BlackBerry Key2 ကို ကုမ္ပဏီက ကြေညာလိုက်ပါပြီ။ သူ့ရဲ့ လေးထောင့် ကျတဲ့ ထောင့်စွန်းများနဲ့ Physical Keyboard ဒီဇိုင်းက ယခင်မျိုးဆက်နဲ့ တူညီပါတယ်။ သူ့မှာ ၄.၅ လက်မ 1080x1620p IPS LCD Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်မှာ 3:2 အချိုး ဖြစ်ပါတယ်။

BlackBerry က ပထမဆုံး အနေနဲ့ အဲဒီ ဖုန်းမှာ အနောက် ကင်မရာ နှစ်လုံး ထည့်သွင်းပေးထားပါတယ်။ 12MP+12MP Camera များ ဖြစ်ပြီး Optical Zooming နဲ့ Portrait Photos များကို ဖန်တီးပေးနိုင်ပါတယ်။ Snapdragon 660 Chipset မောင်းနှင်ထားပါတယ်။ RAM ကတော့ 6GB ပါ။ ငွေနဲ့ အနက်ရောင်များ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်ကို Series 7 Aluminium ဖြင့် ဖုံးအုပ်ထားပြီး စိန်ပုံသဏ္ဍာန် အကွက်များကို အနောက်ဘက်မှာ ရေးထွင်းထားပါတယ်။

ကီးဘုတ်အမြင့်ကတော့ ယခင်မျိုးဆက်ထက် ၂၀ ရာခိုင်နှုန်း ပိုမို ကြီးမားလာတဲ့အတွက် စာရိုက်ရာမှာ ပိုမို တိကျလာသလို ပိုမို သက်တောင့် သက်သာ ရှိလာပါတယ်။ ထူးခြားတာက Speed Key အသစ်ပါလာပြီး သူ့ကို နှိပ်ရင် သင်နှစ်သက်တဲ့ App ကို လျှင်မြန်စွာ ဖွင့်နိုင်ပါတယ်။ Space Key မှာ လက်ဗွေရာ ကိရိယာကို မြှပ်နှံထားပါတယ်။

ဆော့ဖ်ဝဲ စွမ်းရည်အနေဖြင့် သင် စာရေးတဲ့ အမူအကျင့်များကို လေ့လာမှတ်သားထားပြီး နောက်ပိုင်းမှာ သင် အဆင်ပြေစေဖို့အတွက် စကားလုံးများကို အကြံပြုပေးနိုင်ပါတယ်။ UI မှာ Scroll ပြုလုပ်ဖို့အတွက် ကီးဘုတ်ကို Trackpad လို သုံးနိုင်ပါတယ်။ Android P ကို အဆင့်မြှင့်နိုင်မယ်လို့ သိရပါတယ်။ ၆၄၉ ဒေါ်လာဖြင့် ဒီလထဲမှာ ရောင်းပေးမှာပါ။

Leave a Reply