AnTuTu ကထုတ္ျပန္ခဲ့တဲ့ ထိပ္တန္းစမတ္ဖုန္း၁၀လံုးစာရင္းမွာ နံပါတ္ ၁ ခ်ိတ္ခဲ့တဲ့ OnePlus 6

0
1787

စမတ္ဖုန္းေတြ စြမ္းေဆာင္ခ်က္ေတြနဲ႔ ပတ္သတ္ၿပီး အၿမဲထုတ္ျပန္ေပးေလ့ရွိတဲ့ AnTuTu အေနနဲ႔ေမလအတြက္ အေကာင္းဆုံး android စမတ္ဖုန္း၁၀လံုးစာရင္းကို ထုတ္ျပန္ေပးလိုက္ပါတယ္။ ထုတ္ျပန္ေပးလိုက္တဲ့စမတ္ဖုန္း ၁၀လုံးမွာ OnePlus 6 ကထိပ္ဆုံးမွာ ရပ္တည္ခဲ့ၿပီး၊ တတိယေနရာမွာေတာ့ Xiaomi ရဲ႕ဂိမ္းဖုန္းျဖစ္တဲ့ Black Shark Gaming ကရပ္တည္လ်က္ရွိေနပါတယ္။ ထိပ္တန္း၁၀လံုးစာရင္းမွာ ထူးျခားစြာပဲQualcomm ရဲ႕ Snapdragon 845 SoC ကိုသုံးထားတဲ့ ဖုန္းေတြကသာ ရပ္တည္လ်က္ရွိေနပါတယ္။


ဧၿပီလတုန္းက ထုတ္ျပန္ခဲ့တဲ့ စာရင္းမွာေတာ့ Xiaomi Black Shark ကရပ္တည္ႏုိင္ခဲ့ပါတယ္။ Snapdragon 845 ပရိုဆက္ဆာသုံးထားတာျခင္းတူၾကေပမယ့္ ဖုန္းရဲ႕စြမ္းေဆာင္ရည္၊အပူစြန္႔ထုတ္ႏုိင္စြမ္းေတြေပၚမူတည္ၿပီးေတာ့
6GBRAM ရွိတဲ့ဖုန္းေတြက ပိုသာသြားတာျဖစ္ပါတယ္။ ေမလအတြက္ ထုတ္ျပန္ခ်ိန္မွာေတာ့ Xiaomi Black Shark ဖုန္းဟာ OnePlus 6 ေနာက္ေရာက္ရွိသြားပါၿပီ။ ေမလ၁၆ရက္ေန႔က မိတ္ဆက္ခဲ့တဲ့ OnePlus 6 ဖုန္းဟာ သြက္လက္ျမန္ဆန္တဲ့ စြမ္းေဆာင္ရည္အရွိဆုံး ဖုန္းအျဖစ္ အမွတ္ေကာင္းေတြရရွိခဲ့တာပါ။ AnTuTu ရဲ႕ benchmarks တုိင္းတာခ်က္မွာေတာ့ စြမ္းအားျပည့္ Apple စမတ္ဖုန္းျဖစ္တဲ့ iPhone X ထက္ 30% ရာခိုင္ႏႈန္း ပိုမိုသြက္လက္ျမန္ဆန္ေနပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ကထြက္ခဲ့တဲ့ စမတ္ဖုန္းေတြျဖစ္တဲ့ OnePlus 5 နဲ႔ OnePlus 5T တို႔တုန္းကလည္း ၂၀၁၇ခုႏွစ္ရဲ႕ စြမ္းေဆာင္ရည္အသြက္လက္ဆုံး ဖုန္းေတြအျဖစ္ရပ္တည္ႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့လအနည္းငယ္ေလာက္ထိSnapdragon 835 သုံးထားတဲ့ အဲ့ဒီစမတ္ဖုန္း ၂လုံးဟာ AnTuTu ရဲ႕ထိပ္တန္းစမတ္ဖုန္း စာရင္းမွာရွိေနတုံးပါ။ OnePlus 6 ရဲ႕ေအာက္မွာေတာ့ Snapdragon SoC နဲ႔အတူ 6GB / 8GB of RAM ပါဝင္ၿပီး အခ်က္ အလက္သိုေလွာင္မႈ 1TB နဲ႔ Smartisan R1 ကရပ္တည္ေနပါတယ္။ Huawei ရဲ႕စမတ္ဖုန္းေတြျဖစ္တဲ့ Huawei Mate 10 Pro, the Mate 10 နဲ႔ Honor V10 ကေတာ့ နံပါတ္၈ကေန အစဥ္လုိက္ရပ္တည္လ်က္ရွိေနပါတယ္။ Kirin 970 သုံးထားတဲ့ Huawei P20 နဲ႔ Xiaomi ရ႕ဖုန္းအသစ္ Mi 8 တို႔ရဲ႕ AnTuTu ေနာက္လမွာ ထုတ္ျပန္ေပးမယ့္ စာရင္းထဲမွာပါလာမွာ ျဖစ္ပါတယ္။
AnTuTu ရဲ႕ေမလအတြက္ထိပ္တန္းစမတ္ဖုန္းစာရင္းကေတာေအာက္ပါအတိုင္း အစဥ္လုိက္ရပ္တည္ေနပါတယ္။
OnePlus 6 (Snapdragon 845)
Smartisan R1 (Snapdragon 845)
Xiaomi Black Shark Gaming (Snapdragon 845)
Samsung Galaxy S9 + (Snapdragon 845)
Samsung Galaxy S9 (Snapdragon 845)
Xiaomi Mi Mix 2S (Snapdragon 845)
Nubia Red Magic (Snapdragon 835)
Huawei Mate 10 Pro (Kirin 970)
Huawei Mate 10 (Kirin 970)
Honor View 10 (Kirin 970)

Unicode

စမတ်ဖုန်းတွေ စွမ်းဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး အမြဲထုတ်ပြန်ပေးလေ့ရှိတဲ့ AnTuTu အနေနဲ့မေလအတွက် အကောင်းဆုံး android စမတ်ဖုန်း၁၀လုံးစာရင်းကို ထုတ်ပြန်ပေးလိုက်ပါတယ်။ ထုတ်ပြန်ပေးလိုက်တဲ့စမတ်ဖုန်း ၁၀လုံးမှာ OnePlus 6 ကထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး၊ တတိယနေရာမှာတော့ Xiaomi ရဲ့ဂိမ်းဖုန်းဖြစ်တဲ့ Black Shark Gaming ကရပ်တည်လျက်ရှိနေပါတယ်။ ထိပ်တန်း၁၀လုံးစာရင်းမှာ ထူးခြားစွာပဲQualcomm ရဲ့ Snapdragon 845 SoC ကိုသုံးထားတဲ့ ဖုန်းတွေကသာ ရပ်တည်လျက်ရှိနေပါတယ်။
ဧပြီလတုန်းက ထုတ်ပြန်ခဲ့တဲ့ စာရင်းမှာတော့ Xiaomi Black Shark ကရပ်တည်နိုင်ခဲ့ပါတယ်။ Snapdragon 845 ပရိုဆက်ဆာသုံးထားတာခြင်းတူကြပေမယ့် ဖုန်းရဲ့စွမ်းဆောင်ရည်၊အပူစွန့်ထုတ်နိုင်စွမ်းတွေပေါ်မူတည်ပြီးတော့
6GBRAM ရှိတဲ့ဖုန်းတွေက ပိုသာသွားတာဖြစ်ပါတယ်။ မေလအတွက် ထုတ်ပြန်ချိန်မှာတော့ Xiaomi Black Shark ဖုန်းဟာ OnePlus 6 နောက်ရောက်ရှိသွားပါပြီ။ မေလ၁၆ရက်နေ့က မိတ်ဆက်ခဲ့တဲ့ OnePlus 6 ဖုန်းဟာ သွက်လက်မြန်ဆန်တဲ့ စွမ်းဆောင်ရည်အရှိဆုံး ဖုန်းအဖြစ် အမှတ်ကောင်းတွေရရှိခဲ့တာပါ။ AnTuTu ရဲ့ benchmarks တိုင်းတာချက်မှာတော့ စွမ်းအားပြည့် Apple စမတ်ဖုန်းဖြစ်တဲ့ iPhone X ထက် 30% ရာခိုင်နှုန်း ပိုမိုသွက်လက်မြန်ဆန်နေပါတယ်။
ပြီးခဲ့တဲ့နှစ်ကထွက်ခဲ့တဲ့ စမတ်ဖုန်းတွေဖြစ်တဲ့ OnePlus 5 နဲ့ OnePlus 5T တို့တုန်းကလည်း ၂၀၁၇ခုနှစ်ရဲ့ စွမ်းဆောင်ရည်အသွက်လက်ဆုံး ဖုန်းတွေအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်လောက်ထိSnapdragon 835 သုံးထားတဲ့ အဲ့ဒီစမတ်ဖုန်း ၂လုံးဟာ AnTuTu ရဲ့ထိပ်တန်းစမတ်ဖုန်း စာရင်းမှာရှိနေတုံးပါ။ OnePlus 6 ရဲ့အောက်မှာတော့ Snapdragon SoC နဲ့အတူ 6GB / 8GB of RAM ပါဝင်ပြီး အချက် အလက်သိုလှောင်မှု 1TB နဲ့ Smartisan R1 ကရပ်တည်နေပါတယ်။ Huawei ရဲ့စမတ်ဖုန်းတွေဖြစ်တဲ့ Huawei Mate 10 Pro, the Mate 10 နဲ့ Honor V10 ကတော့ နံပါတ်၈ကနေ အစဉ်လိုက်ရပ်တည်လျက်ရှိနေပါတယ်။ Kirin 970 သုံးထားတဲ့ Huawei P20 နဲ့ Xiaomi ရ့ဖုန်းအသစ် Mi 8 တို့ရဲ့ AnTuTu နောက်လမှာ ထုတ်ပြန်ပေးမယ့် စာရင်းထဲမှာပါလာမှာ ဖြစ်ပါတယ်။
AnTuTu ရဲ့မေလအတွက်ထိပ်တန်းစမတ်ဖုန်းစာရင်းကတောအောက်ပါအတိုင်း အစဉ်လိုက်ရပ်တည်နေပါတယ်။
OnePlus 6 (Snapdragon 845)
Smartisan R1 (Snapdragon 845)
Xiaomi Black Shark Gaming (Snapdragon 845)
Samsung Galaxy S9 + (Snapdragon 845)
Samsung Galaxy S9 (Snapdragon 845)
Xiaomi Mi Mix 2S (Snapdragon 845)
Nubia Red Magic (Snapdragon 835)
Huawei Mate 10 Pro (Kirin 970)
Huawei Mate 10 (Kirin 970)
Honor View 10 (Kirin 970)

Leave a Reply