Smartphone Trending

ေရေအာက္ထဲမွာ သံုးနိုင္တဲ့ အၾကမ္းခံ 4G Smartphone

ရိုးရွင္းစြာ အသံုးျပဳႏုိင္တဲ့ အရြယ္ေသး စမတ္ဖုန္းမ်ားကို ႏွစ္သက္သူမ်ားအတြက္ Unihertz Atom က စိတ္၀င္စားစရာပါ။ သူဟာ အရြယ္ေသးေပမယ့္ အၾကမ္းခံေအာင္ ျပဳလုပ္ထားပါတယ္။ 4G ဆက္သြယ္မႈလည္း ပါပါတယ္။ ၿပီးခဲ့တဲ့ ေမလက KICKSTARTER မွာ ရန္ပံုေငြ ေကာက္ခံခဲ့တဲ့ ၂.၄၅ လက္မ မ်က္နွာျပင္နဲ႔ ANDROID NOUGAT ပါတဲ့ အရြယ္ေသး JELLY PHONE ကို ဖန္တီးသူမ်ားကပဲ ATOM ကို ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

ATOM ကို ေဒၚလာ ၃၀၀ သတ္မွတ္ထားပါတယ္။ သူ႔မွာ ၂.၄၅ လက္မ 240X432 RESOLUTION DISPLAY တပ္ဆင္ထားပါတယ္။ 4GB RAM , ANDROID 8.1 OREO မ်ား ပါပါတယ္။ အေနာက္ဘက္မွာ 16MP CAMERA နဲ႔ အေရွ႕ဘက္မွာ 8MP CAMERA မ်ား ပါပါတယ္။ FM RADIO , NFC , USB TYPE-C မ်ား ထည့္သြင္းထားပါတယ္။ အေရွ႕ဘက္မွာ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။

သူ႔မွာ 3.5MM HEADPHONE JACK ထည့္သြင္းထားပါတယ္။ သင္ ႏွစ္သက္တဲ့ APP ကို လွ်င္ျမန္စြာ ဖြင့္ႏိုင္တဲ့ ခလုတ္တစ္ခုကို ဖုန္းေဘးဘက္မွာ ထည့္သြင္းထားပါတယ္။ သူ႔မွာ IP68 စံႏႈန္း ေရစိုခံ စြမ္းရည္ပါပါတယ္။ ဖုန္ မ၀င္ေအာင္လည္း သူက ကာကြယ္ေပးပါတယ္။ UNIHERTZ က ေရေအာက္ထဲမွာ သူနဲ႔ ဗီဒီယုိမ်ား ရိုက္ကူးႏုိင္တယ္လို႔ ေျပာပါတယ္။

ZDNET က အဲဒီ ဖုန္းကို စမ္းသပ္ခြင့္ရခဲ့ၿပီး သူ႔ရဲ႕ ဒီဇိုင္းနဲ႔ တည္ေဆာက္မႈ အရည္အေသြးကို ခ်ီးက်ဴးခဲ့ပါတယ္။ သူတို႔က ေျပးျခင္း၊ ငါးမွ်ားျခင္း၊ စက္ဘီးစီးျခင္း၊ ေတာင္တက္ျခင္းနဲ႔ အလုပ္ၾကမ္းလုပ္ျခင္းမ်ား ျပဳလုပ္တဲ့အခါမွာ ယူသြားသင့္တဲ့ အပိုဖုန္းေလး ျဖစ္တယ္လို႔ ေျပာပါတယ္။

unicode

ရေအောက်ထဲမှာ သုံးနိုင်တဲ့ အကြမ်းခံ 4G Smartphone

ရိုးရှင်းစွာ အသုံးပြုနိုင်တဲ့ အရွယ်သေး စမတ်ဖုန်းများကို နှစ်သက်သူများအတွက် Unihertz Atom က စိတ်ဝင်စားစရာပါ။ သူဟာ အရွယ်သေးပေမယ့် အကြမ်းခံအောင် ပြုလုပ်ထားပါတယ်။ 4G ဆက်သွယ်မှုလည်း ပါပါတယ်။ ပြီးခဲ့တဲ့ မေလက KICKSTARTER မှာ ရန်ပုံငွေ ကောက်ခံခဲ့တဲ့ ၂.၄၅ လက်မ မျက်နှာပြင်နဲ့ ANDROID NOUGAT ပါတဲ့ အရွယ်သေး JELLY PHONE ကို ဖန်တီးသူများကပဲ ATOM ကို ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ATOM ကို ဒေါ်လာ ၃၀၀ သတ်မှတ်ထားပါတယ်။ သူ့မှာ ၂.၄၅ လက်မ 240X432 RESOLUTION DISPLAY တပ်ဆင်ထားပါတယ်။ 4GB RAM , ANDROID 8.1 OREO များ ပါပါတယ်။ အနောက်ဘက်မှာ 16MP CAMERA နဲ့ အရှေ့ဘက်မှာ 8MP CAMERA များ ပါပါတယ်။ FM RADIO , NFC , USB TYPE-C များ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။

သူ့မှာ 3.5MM HEADPHONE JACK ထည့်သွင်းထားပါတယ်။ သင် နှစ်သက်တဲ့ APP ကို လျှင်မြန်စွာ ဖွင့်နိုင်တဲ့ ခလုတ်တစ်ခုကို ဖုန်းဘေးဘက်မှာ ထည့်သွင်းထားပါတယ်။ သူ့မှာ IP68 စံနှုန်း ရေစိုခံ စွမ်းရည်ပါပါတယ်။ ဖုန် မဝင်အောင်လည်း သူက ကာကွယ်ပေးပါတယ်။ UNIHERTZ က ရေအောက်ထဲမှာ သူနဲ့ ဗီဒီယိုများ ရိုက်ကူးနိုင်တယ်လို့ ပြောပါတယ်။

ZDNET က အဲဒီ ဖုန်းကို စမ်းသပ်ခွင့်ရခဲ့ပြီး သူ့ရဲ့ ဒီဇိုင်းနဲ့ တည်ဆောက်မှု အရည်အသွေးကို ချီးကျူးခဲ့ပါတယ်။ သူတို့က ပြေးခြင်း၊ ငါးမျှားခြင်း၊ စက်ဘီးစီးခြင်း၊ တောင်တက်ခြင်းနဲ့ အလုပ်ကြမ်းလုပ်ခြင်းများ ပြုလုပ်တဲ့အခါမှာ ယူသွားသင့်တဲ့ အပိုဖုန်းလေး ဖြစ်တယ်လို့ ပြောပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.